ပြင်ဦးလွင်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ၁၅၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်းတွင် မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ စာကလေးကျေးရွာနေသူများဖြစ်သည့်  ဇော်မင်းဦး ၃၅ နှစ်မောင်းနှင်ပြီး ရဲနိုင် ၁၇ နှစ် လိုက်ပါလာသည့် တွဲကားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ

ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ကော်ပုံးများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဆာလဖျုရစ်အက်ဆစ်အလေးချိန် ၁၁၉၈၈ လီတာ (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈၃.၉၁၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
CCDAC


Spread the love
  •  
  •  
  •  
  •  
  •  
  •