ပြင်ဦးလွင်မြို့ ကို ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့သူ ၄ ဦးကိုထောင်ဒါဏ် ၃၅ နှစ်စီ ချမှတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင်မြို့ ကို ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့သူ ၄ ဦးကိုထောင်ဒါဏ် ၃၅ နှစ်စီ ချမှတ်

၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ပြင်ဦးလွင်မြို့အရှေ့ဘက် MobileX-Ray စက်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအား TNLA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၊ AA အကြမ်းဖက်အဖွဲ့၊ MNDAA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့မှ Mobile X-Ray စက်အား RPG ရှော့တိုက်ဒုံးများဖြင့် ပစ်ခက်တိုက်ခိုက်မှု့ကြောင့် Mobile XRay စက်တွင် အဆောက်အဦး ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူ လုံခြုံရေးနှင့် နိုင်ငံပိုင်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့သည်။

ထို့အတူ ရကက(၁၁) ရေငယ်ရွာ ယူကလစ်တောတန်းတောင်ကုန်း ပြောင်းစိုက်ခင်းမှ နံနက်၅နာရီ၃၂မိနစ်အချိန်ခန့်တွင် အဆိုပါအကြမ်းဖက်လက်နက်ကိုင်များမှတပ်မတော်နည်းပညာတက္ကသိုလ်ဝင်းအတွင်းသို့ 107MM ရှော့တိုက်ဒုံးများဖြင့် ပစ်ခက်မှု့ကြောင့် ကျောင်းဝင်းအတွင်းရှိ အဆောက်အဦး ထိခိုက်ပျက်စီးပြီး တပ်မတော်သားတစ်ဦး၊ တပ်ဖွဲ့ဝင်မိသားစုတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးခဲခြင်း ဖြစ်အောင်တိုက်ခိုက်သည့် တရားခံနှင်ဆက်စပ်သူကြည်တင့်၊ထွန်းနိုင်၊ကျော်စိုးမောင်(ခ)အာနိုး(ခ)အနူး၊မိုးဆန်း(ခ)အိုက်ဆန်း၊ထွန်းရင်(ခ)အိုက်အင်နှင့်ထွန်းဖေ
၆ ဦအား သက်ဆိုင်ရာမှ အချိန်နှင့်တပြေညီ ဖမ်းဆီးရရှိခဲ့သဖြင့် အကြမ်းဖက်တရားခံများနှင့်ဆက်စပ်သူများကို သက်ဆ်ုင်ရာမှ တရားလိုပြု၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ရာ အပစ်ရှိကြောင်း စစ်ဆေးပေါပေါက်ခဲ့သောတရာခံ၆ဦးအနက် တရာခံ၄ဦးဖြစ်သော ကျော်စိုးမောင်(ခ)အာနိုး(ခ)အနူး ၊ မိုးဆန်း(ခ)အိုက်ဆန်း၊ထွန်းရင်(ခ)အိုက်အင်းနှင့်ထွန်းဖေတို့အားပြစ်မှု့ထင်ရှားသဖြင့် ယနေ့(၆-၈-၂၀၂၀)တွင် ရာကြီးအမှတ်၂၀၉/၁၉ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရထောင်ဒဏ်(၁၅)နှစ်နှင့်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) ၅၄အရ ထောင်ဒဏ် နှစ်(၂၀) စုစုပေါင်းထောင်ဒဏ်(၃၅)နှစ်စီချမှတ်လိုက်ပြီး တရားခံ ၆ ဦးအနက် ၄ ဦးအား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ပူးတွဲပါကြည်တင့်နှင့်ထွန်းနိုင်တို့အား ရာကျင့် ၂၅၈(၁)အရ အပြီးအပြတ်လွတ်ပေးရန် ပြင်ဦးလွင်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။


ZMH
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •