ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် မကျင်းပနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် မကျင်းပနိုင်

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို ယခုနှစ်တွင် ကျင်းပမည် မဟုတ်ကြောင်း သိရသည်။

နှစ်စဉ်ပြုလုပ်နေကျ မီးပုံးပျံကြီးများဖြစ်သော ညမီးကျည်နှင့် စိန်နားပန်မီးပုံးပျံကြီးများမှာ အလတ်စား၊ အငယ်စားတစ်လုံးလျှင် ကျပ် ဆယ်သိန်းမှ ကျပ်သိန်း နှစ်ဆယ်အထိ လည်းကောင်း၊ အကြီးစား မီးပုံးပျံကြီးများမှာ ကျပ်သိန်း နှစ်ဆယ်မှ ကျပ်သိန်းသုံးဆယ်ကျော်အထိ လည်းကောင်း ကုန်ကျစရိတ်ရှိသည်။

ဓာတ်ပုံ-စစ်သွေးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •