ပြင်ဦးလွင် ၌ သိန်း ၁၈၀၀ ကျော်ဖိုးရှိ အက်စီတုန်း နှင့် တော်လူအင်းအက်စစ်များ သိမ်းဆည်းရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြင်ဦးလွင် ၌ သိန်း ၁၈၀၀ ကျော်ဖိုးရှိ အက်စီတုန်း နှင့်
တော်လူအင်းအက်စစ်များ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၁ ရက် နံနက် ၃ နာရီက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာ ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ မန္တလေး-လားရှိုး သွားကားလမ်း မိုင်တိုင်အမှတ် ၃၂/၆ တွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် ၂၂ ဘီးတွဲယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိရဘဲ ယာဉ်ပေါ်မှ ငွေကျပ် ၁၈၄၅ သိန်းတန်ဖိုးရှိ အက်စီတုန်းအက်စစ် ၁၃၅၀၀ လီတာနှင့် တော်လူအင်းအက်စစ် ၁၄၄၀၀ လီတာတို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်မောင်းဖြစ်သူမှာ ကျောက်ဆည်မြို့နယ် ကုလားကျောင်းကျေးရွာအုပ်စု ရွာနန်းကျေးရွာနေ ပြုံးချို(ဖမ်းမမိ)ဖြစ်ကြောင်း သိရသည်။

အလားတူ မေ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် သီပေါ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု တုံစင့်ကျေးရွာနေ ဆန်းကျော်(ခ) အုန်းကျော်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့် အတူ ဇနီးဖြစ်သူ မအေးမှုံအား တွေ့ရှိရပြီး ၎င်းတို့နှစ်ဦး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇၀ နှင့် ငွေကျပ် ၄၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


Spread the love
  •  
  •  
  •  
  •  
  •  
  •