ပြည်တွင်းလေကြောင်း ခရီးစဉ်များ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားမည်
လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ တရားဝင်ထုတ်ပြန်ကြေညာချက်များအရ လက်ရှိပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေကြောင်း ခရီးစဉ်များ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ၃၀ ရက်နေ့အထိ ပျံသန်းပြေးဆွဲခြင်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#TheMandalayNewsJournal