ပြည်တွင်းလေကြောင်း ခရီးစဉ် စီးနင်းမည့် ခရီးသည်များအား Test Kit ဖြင့် စစ်ဆေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်တွင်းလေကြောင်း ခရီးစဉ် စီးနင်းမည့် ခရီးသည်များအား Test Kit ဖြင့် စစ်ဆေးမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ပြည်တွင်း လေကြောင်းခရီးစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြန်လည် ပြေးဆွဲခွင့် ပြုမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လိုက်ပါစီးနင်းမည့် ခရီးသည်များအား Test Kit ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရှိရသည်။

“ခရီးသည်တွေကိုတော့ လေဆိပ်မှာပဲ လေယာဉ်ပေါ် မတက်ခင် Test kit နဲ့စစ်နိုင်အောင်လို့ လုပ်နေပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဉီးမျိုးမင်းဉီးက ပြောကြားသည်။

ရောဂါကာကွယ်ရေး အတွက် ခရီးသည်များ၊ လေယာဉ်ဝန်ထမ်းနှင့် လေဆိပ်ဝန်ထမ်းများ လိုက်နာရမည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သွားမည် ဖြစ်ပြီး အဆိုပါအချက်များ အားလုံးကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဉီးမျိုးမင်းဉီးက ဆက်လက် ပြောဆိုသည်။

လက်မှတ် ဝယ်ယူပြီးမှ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လျှင်လည်း လက်မှတ်ဖိုး ပြန်အမ်းပေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်များအား ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင် ခွင့်ပြုသွားမည် ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များအား ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရပ်နားထားဆဲဖြစ်သည်။

Photo – Myanmar National Airlines

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •