ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးဖွင့်ပွဲမှ -တိုင်းပြည်နှင့် ပြည်သူ့အတွက်အသံများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးဖွင့်ပွဲမှ -တိုင်းပြည်နှင့် ပြည်သူ့ အတွက် အသံများ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများ၏
တိုင်းပြည်သို့ ပြောကြားခြင်းများအား
နိုင်ငံသားများမှ မည်ကဲ့သို့သော သုံးသပ် သဘောထားကြစေခြင်းအလို့ငှာ ဤစာစုကို
ရေးသားတင်ပြခြင်းဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ကာလ မြန်မာပြည်၏ အဓိက တာဝန်အရှိဆုံး
ခေါင်းဆောင် တစ်ဦး၏ တာဝန်ခံမူနဲ့ တာဝန်ရှိမူများစွာဖြင့် တိုင်းပြည်ကို ချပြ ဆွဲခေါ်
ဖျောင်းဖြ ပြောဆိုပြီး –
မိမိတို့၏ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဘယ်၍ ဘယ်ပုံ ထူထောင်ကြမယ်၊
လိုအပ်နေသော ငြိမ်းချမ်းရေးအတွက်
အဖွဲ့အစည်းများနဲ့ နိုင်ငံသားများက ဘယ်လိုစိတ်ထားမျိုးဖြင့် ဆောင်ရွက်ကြစေလိုမူများအား တိုင်းရင်းသား နိုင်ငံသား ပြည်သူများနှင့်အတူ စည်းလုံးညီညွတ် ကြရန် စိတ်ရင်း စိတ်ခံ ကောင်းများနဲ့ ပြောဆို မှာ ကြားမူများကိုသာ အများဆုံးတွေ့ရ ကြားသိ၊
ကြရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ့ဝန်ထမ်း(ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၉၁ ၏ ဖွင့်ဆိုချက်အရ) –

ဖြစ်သော်လည်း တိုင်းပြည်အပေါ်မှာ သူ၏ သဘောထားများကို သူ့ကိုယ်ပိုင်ဟန်နှင့်
ပြောဆိုမူများ, (လို့ ကျွန်တော်ပြောဆိုခဲ့ဖူးပါတယ်၊ဟူသောအသုံးအနူံးစကားရပ်များ၊ကျွန်တော်အကြိမ်ကြိမ်ရှင်းလင်းပြပြီးဖြစ်ပါတယ်)၊
စသည့် စသည့် အပြောအဆို အသုံးနူံးများဖြင့် ပြောကြားသွားတာကိုတွေ့ရမှာဖြစ်ပါတယ်၊
တပ်မတော်ခေါင်းဆောင်တစ်ယောက်အဖြစ် မိမိတို့တိုင်းပြည်မှာ သူသည် ဘယ်လောက်အထိ အခရာကျပြီး အရေးပါနေပါတယ်ဆိုတာမျိုးတွေကို တွေ့ ရပါတယ်။
လက်နက်အရိပ်၊လက်နက်- အင်အားအရိပ် အရောင်ကို ထင်ထင်ရှားရှားဖြင့် ပြသလိုက်
ခြင်းကို တွေ့ရသလို စိုးမိုးလိုမူ အချို့ကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
ဥက္ကဌ စဝ်ယွက်စစ် သည် ငြိမ်းချမ်းရေး
ဖော်ဆောင်လိုမူနဲ့အတူ အဆင်ပြေစေရန် ဆွေနွေးမူများ အထမြောက် အောင်မြင်
နိုင်စေမည့် အခင်းအကျင်း အခြေအနေ နှင့်
အားလုံးက ထားကြရမည့် စိတ်နေ သဘောထားများကို ပြောကြားသွားသော်လည်း –
တစ်ဖက်က အာဏာရှင်အုပ်စုကို မျက်စပစ်
နေသလိုမျိုး သဘောထားများကိုလည်းတွေ့ ကြရမှာဖြစ်ပါတယ်။

ဦးစိုင်းညွန့်လွင် ၏ တိုင်းပြည်သို့ ပြောကြား အသိပေးသွားသည်ကတော့ ရှင်းရှင်းလင်းလင်းရှိနေပါတယ်၊
ပြည်ထောင်စုကြီးတည်ဆောက်ကြရာတွင်
နိုင်ငံတော် တာဝန်ရှိသူများနှင့်အတူ
မျိုးနွယ်စု တစ်စုခြင်းနှင့်
နိုင်ငံသားတစ်ဦးခြင်းဆီက နေထိုင်ကျင့် ကြံ ကြရမည့် သဘောထားရပ်တည်မူများအား ယခင်အတိတ်ရာဇဝင်ကာလများမှသည် မိမိတို့ ပြည်ထောင်စုကြီး ၏ ယနေ့လိုအပ်နေပါသော မြေပြင် အခြေအနေ အခင်းအကျင်းများကို မီးမောင်းထိုးပြသွား တာကို တွေ့ ကြ
ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားများကို အရင်ဆုံးရေးသားတင်ပြပါမယ်။

အခုကျင်းမယ့် ညီလာခံကြီးမှာ ပြည်ထောင်စုသဘောတူစာချညပ်အစိတ်အပိုင်း(၃)ပိုင်းကို
အပိုင်း(၃)ပိုင်းနဲ့ချုပ်ဆိုနိုင်တော့မှာ ဖြစ်တဲ့အတွက် ကြိုးပမ်းပေးခဲ့ ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်၊
အဲဒီနေ့၊အဲဒီအချိန်၊အဲဒီအခန်းအနားမှာပဲ
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမယ်၊
ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမူ၊သယံဇာတခွဲဝေမူ၊အခွန်အကောက်ခွဲဝေမူရှိရမယ်၊
ဖက်ဒရယ် ယူနစ်တွေအားလုံးဟာ တန်းတူရည်တူ ရှိရမယ်၊
ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို
အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေတွေရှိရမယ်၊ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကိုအခြေခံရမယ် ဆိုတဲ့ အခြေခံမူတွေကို ကျွန်မပြောကြားခဲ့ပါတယ်။

“ပြည်နယ်အခြေခံဥပဒေ “နဲ့ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ” စကားရပ်၊အခေါ်အဝေါ် ညှိယူလို့မရတဲ့အတွက်လို့ဆိုနိုင်ပေမယ့်လည်း ဝေါဟာရတွေအပေါ်မှာ
အနက် အဓိပ္ပါယ် ကောက်ယူဖွင့်ဆိုမူတွေရဲ့ အကျိုးဆက်လို့ဆိုနိုင်ပါတယ်၊
ဒါဟာ တကယ်တော့နှစ်ဖက်စလုံးမှာ ရှိနေတဲ့ ရှိနေတဲ့ စိုးရိမ်မူတွေပါ၊
ဒီစိုးရိမ်မူတွေကို ထပ်ပြီး စီစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့၊ အပြန်အလှန် ယုံကြည်မူ အားနည်းလို့
ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်။

ပင်လုံစာချုပ်ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့
(၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မှာဆိုရင် –
” ဤအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့မဆန့်ကျင်စေဘဲ ပြည်နယ်တွေရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စအားလုံးကို တရားဥပဒေနဲ့သတ်မှတ်ဖို့ ”
ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ (၂၁)ရာစုပင်လုံရဲ့ ဆွေးနွေးချက်တွေကို ကြည့်ရင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကိုအားလုံးကသဘောတူကြပါတယ်။

အဓိက ကျော်လွားနိုင်ခဲ့တဲ့ ကိစ္စက ရှေ့မတိုး၊
နောက်မဆုတ် အနေအထားနဲ့ လိပ်ခဲတည်းလည်းဖြစ်ခဲ့ရတဲ့ “ခွဲမထွက်ရေး ” နဲ့
” ကိုယ်ပိုင်ပြဌာန်းခွင့်” တစ်ဆို့မူတွေကို
ကျွန်မတို့အားလုံ ကျော်လွှားနိုင်ခဲ့ပါပြီ။

ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ မြင့်မြတ်တဲ့ကောင်းမူကို ထမ်းဆောင်ခြင်းပဲဖြစ်ပါတယ်၊
ငြိမ်းချမ်းရေးတည်ဆောက်ကြရမှာ သေနတ်သံတွေ၊ ဗုံးသံတွေ၊တိုက်ပွဲသံတွေ တိုးတိတ်
ငြိမ်သက်သွားရုံသက်သက်မဟုတ်ပါဘူး၊
လက်နက်ကို အားကိုးမှ၊ အင်အားကို အသုံးချမှ ထိရောက်မူရှိမယ်၊အရာဝင်မယ်၊ အလေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့
“နိုင်ငံရေး ဓလေ့ဆိုး”
ကိုဖြစ်ပေါ်စေခဲ့တဲ့ အဇ္စျတ္တစိတ်၊ သန္တာန်ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့အထိ အဓိက ရည်ရွယ်တာပါ၊
ဒါဟာ ငြိမ်းချမ်းရေးတည်ဆောက်သူတွေရဲ့
အန္တိမ မျှော်မှန်းချက်ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ တွေ့ဆုံဆွေးနွေးတယ်ဆိုပြီး အချိန်ဆွဲဆန့်ကြတာမျိုး ရှိတတ်ကြသလို
အင်အား အဓိက ဝါဒီတွေအတွက်လည်း အင်အားပိုစုဖို့ အချိန်ယူတာမျိုးတွေရှိတတ် ကြပါတယ်။

ကျွန်မတို့ကြားမှာရှိနေတဲ့ပြသနာတွေကို
ကျွန်မတို့အချင်းချင်း တွေ့ဆုံ ဆွေးနွေးအဖြေရှာကြတဲ့အခါ အမှန်တကယ် အပေး – အယူ၊
အလျှော့- အတင်း ညှိနိူင်း ယူတတ်တဲ့
နိုင်ငံရေးယဉ်ကျေးမူမျိုးကို ထူထောင် တည်ဆောက်ကျင့်သုံးယူပြီး “ဓလေ့ဆိုး” ကို
ယဉ်ကျေးမူအသစ်နဲ့ အစားထိုးပစ်ရမှာပါ။

အပေး – အယူ လုပ်ခြင်းဟာ အရူံးပေးရခြင်းလို့ ယူဆနေကြပြီးတော့ အပေး – အယူ
လုပ်လိုစိတ်တွေလည်း လျော့နည်းနေခဲ့တာ သမိုင်းတစ်လျှောက်လုံး တွေ့ မြင်နိုင်ပါလိမ့်မယ်၊
အပေး အယူ လာပ်လို့ ဖြေရှင်းနိုင်စွမ်း၊ အဖြေရှာနိုင်စွမ်းမရှိဘူးလို့ သိမြင်လာကြတဲ့အခါမှာ ကိုယ့်ဘက်ကို ချေမူန်းမခံရအောင် အင်အားတည်ဆောက်ရင်းနဲ့ “အင်အားသာ အဓိက”
ဆိုတဲ့ စိတ်ဓာတ်တွေ ပိုမိုရင့်သန်လာခဲ့ပြီး
ပဋိပက္ခတွေ သက်ဆိုးရှည်ကြာခဲ့ရတာကို အားလုံးက သတိချပ်စေချင်ပါတယ်၊
အမှန်တကယ်မှာတော့ အပေး – အယူ၊
အလျှော့ – အတင်း လုပ်ဆောင်ခြင်းဟာ အကျိုးတရားတွေသိမြင်လာရလေလေ၊
ယုံကြည်မူတွေဟာလည်းတစ်ဆင့် ချင်းတိုးလာလေလေပဲ ဖြစ်ပါတယ်။

တပ်မတော်ရော၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကနေ ထွက်ပေါ်လာတဲ့ အခွင်ဲ့အလမ်းကောင်းတွေကို မိမိ ရရ ဆုပ်ကိုင်ကြဖို့
ကျွန်မ အနေနဲ့ အလေးအနက်တိုက်တွန်းပြော ကြားလိုပါတယ်၊
ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ကောင်းကျိုးချမ်းသာရရှိရေးနဲ့အတူ တစ်နွယ်ငင် တစ်စင်ပါနေမှာက အဖွဲ့အသည်းအသီးသီး၊အစညအဖွဲ့အသီးသီးရဲ့အကျိုးစီးပွားတွေဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာရှည်ခဲ့ပြီဖြစ်တဲ့ အဆိုး သံသရာလမ်းကိုပဲ
မိုက်မိုက် မဲမဲ နဲ့ထပ်ပြီးလျှောက်လှမ်းကြဦးမှာလား၊
ဒါမှမဟုတ် ပြည်ထောင်စုကြီးရဲ့အနာဂတ်အတွက် လျှောက်ခဲ့တဲ့ လမ်းဟောင်းကနေ –
လမ်းကြောင်းပြောင်းပြီး ငြိမ်းချမ်းရေးလမ်းသစ်ကို ကျွန်မတို့လျှောက်လှမ်းကြမှာလား၊
အခုကျွန်မတို့ရှေ့မှာ လမ်း(၂)သွယ်ရှိနေပါတယ်၊ ဒီလမ်း(၂) သွယ်ထဲကနေ ဘယ်လမ်းကို
လိုက်မလဲ၊ ဘယ်လမ်းပေါ်လျှောက်မလဲ၊
ကျွန်မတို့ရွေးချယ်ရမယ့်လမ်း(၂) သွယ်က
ကျွန်မတို့အားလုံးရဲ့ရှေ့မှာအဆင်သင့် စောင့်ဆိုင်းနေပါပြီ၊
ကျွမတို့ပြည်ထောင်စုရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လမ်းဆုံ လမ်းခွမှာ ကျွန်မတို့အားလုံး အလေးအနက်ထား စဉ်းစားကြဖို့ လိုပါတယ်၊
လမ်းကြောင်းတစ်ခုပေါ်ကို ခြေတစ်လှမ်း လှမ်းမယ်ကြံရင် ကျွန်မတို့ချစ်တဲ့ ပြည်ထောင်စုကြီးနဲ့ ဒီပြည်ထောင်စုကြီးမှာ ဆက်လက်ရှင်သန်ကြမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ်
တိုင်းရင်းသားလူငယ်တွေရဲ့ မျက်နှာတွေကို ပြန်လည်မြင်ယောင်ကြဖို့ ကျွန်မအနေနဲ့ သတိပေးပြောကြားလိုပါတယ်။

ကမ္ဘာကြီးကကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာမဟုတ်ပါဘူး။

အားလုံးကအမြတ်တနိုးတန်ဘိုးထားပြီး
“ငါတို့ရဲ့ ပြည်ထောင်စု” ဆိုတဲ့ခံယူချက်တွေ၊
အတွေးအမြင်တွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားတွေရဲ့ သီးသန့်တည်ရှိနေတဲ့တန်ဖိုးအားလုံးကိုမျှဝေပေးဖို့ လိုပါတယ်။

ကျွန်မတို့ရဲ့တိုင်းရင်းသားပြည်သူ လူထုကြီးကလည်း ငြိမ်းချမ်းရေးရရှိဖို့ ကူပြီးတွန်းပေးမှလည်း ငြိမ်းချမ်ရေးကို နှောင့်နှေးအောင်လုပ် ချင်သူတွေ၊ငြိမ်းချမ်းရေးကိုဖျက်ဆီးချင်သူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်
မလျှောက်လှမ်းလို့ မရဘူးဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိလာမှာပါ။

ကျွန်မတို့အစုအဖွဲ့တွေရဲ့ဆွဲအားနဲ့၊ကျွန်မတို့ ပြည်သူတွေရဲ့ တွန်းအား၊ ဒီနှစ်ခုရဲ့
“စုပေါင်း အင်အား” အကောင်းဆုံးအချိန်မှာ
ကျွန်မတို့ လိုလားတောင်ဲတနေတဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး မုချရမယ်လို့
ကျွန်မအနေနဲ့ အခိုင်အမာ ယုံကြည်ထားပါတယ်၊
ကျွန်မတို့ အားလုံး မျက်စိမမှိတ်ခင် အချိန်
တွှေမှာ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရတာကို
မြင်သွားချင်ပါတယ်၊
မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ခံယူချက်နဲ့
ကျွန်မတို့ ပြည်သူတွေ ငြိမ်းချမ်းရေးအတွက်
ဝန်းရံပေးကြပါ၊
ငြိမ်းချမ်းရေးအတွက် တွန်းအားပေးကြပါလို့
တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

စသည်ဖြင့်တိုင်းသူပြည်သားများနှင့် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ ၊ လူထု လူတန်းစားအဖွဲ့များ၊အားလုံးကို
မိမိတို့တိုင်းပြည်၏ လက်ရှိ ပစ္စုပန် နဲ့ အနာဂတ် အတွက် ပိုမို ကောင်းမွန်သေခြာ ၍
ခိုင်မာ ခိုင်ခန့်သော ဒီမိုကရေစီနှင့်အတူ ငြိမ်းချမ်း ပြီး စည်းလုံးညီညွတ်သည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်တည်ဆောက်ကြစေလိုသော နူးညံ့ နွေးထွေးသော ပြောဆို တိုက်တွန်းခြင်းဖြစ်ပါတယ်၊
အမိန့် အာဏာ အသံမျိုး ဖြင့် ပြောဆိုမူ မရှိတာကိုလည်း မိမိတို့ အားလုံးက မြင်နေ ကြားနေရမှာ ဖြစ်ပါတယ်။
ထို့အပြင် မိမိတို့နိုင်ငံ၏ ဖြစ်စဉ်အဟောင်းများနှင့် ယနေ့ အချိန် ကာလမှာ မည်ကဲ့သို့ သော နိုင်ငံရေးနှင့် ပြည်ထောင်စုကြီး
ဖြစ်သင့်ပါတယ်ဟူသော Design နဲ့ ထူထောင် တည်ဆောက်မူ နိုင်ချေ ကိုမေတ္တတရား၊
ချစ်ခင် မြတ်နိူးမူ မေတ္တာ အသံများစွာဖြင့်
တိုက်တွန်းနိူးဆော်တာကို တွေ့နေရပါတယ်။

ဆောင်းပါးသည် ရှည်သွားပါသောကြောင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ပြောကြားမူများ၊
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
ဥက္ကဌ စဝ်ယွက်စစ်၏ ပြောကြားမူများ၊
ရှမ်းအမျိုးသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဌ(၁) ဦးစိုင်းညွန့်လွင်၊
တို့ ၏ တိုင်းပြည်နှင့် နိုင်ငံသား တိုင်းရင်းသားပြည်သူ ပြည်သားများအား
မဏ္ဏိုင်ထား၍ ပြောကြားမူများကို
တဆက် တစပ် တည်းအသိပေး ရေးသား
တင်ပြလိုသော်လည်း ဆောင်းပါးတွင်
အလုံးစုံ ထည့် သွင်းရေးသားဖော်ပြမူ
နည်းပါးမူအား ခွင့် ပြုပေးကြပါရန်
တောင်းပန်အပ်ပါတယ်။

မိမိတို့အားလုံးမှ ကျေးဇူးတင်ကြရမည်မှာ
ဘယ်လိုပဲ ဖြစ်ဖြစ် မာတောင့်တောင့်နှင့် မာဆတ်ဆတ် ပုံစံမျိုး ဖြစ်နေသည့် အသွင်ရှိနေသော်လည်း တပ်မတော်မှ အားတက်သရော ပူးပေါင်း ပါဝင်မူရှိသော အခင်းအကျင်း ဖြစ်စဉ်များကို လိုလိုလားလားကြိုဆိုကြရမှာဖြစ်ပါတယ်။
ထို့အတူ လွတ်လပ်ရေးရပြီးကာလကထဲက ယနေ့ အချိန်ကာလအထိ နှစ်ပေါင်း(၇၀) မျှ
လက်နက်ကိုင်တိုက်ပွဲဝင် နေကြသော
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အားလုံးကို
လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက် ဝမ်းသာစွာဖြင့် ကြိုဆိုကြရပါမယ်၊
၎င်းအပြင် ကျန်ရှိနေသေးသည့် တိုင်းရင်းသားအဖွဲ့များလည်း ငြိမ်းချမ်းရေးနှင့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်တည်
ဆောက်ရေးအတွက် ပူးပေါင်း ပါဝင်
လာစေဖို့သည်လည်း အရေးပါ လိုအပ်ပါတယ်၊
ဟူသည်ကိုလည်း နီးစပ်သူ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများက စဉ်ဆက်မပြတ် ဖိတ်ခေါ် ကြရမှာသည် မိမိတို့အားလုံး၏ တာဝန်နှင့် ကာယရှင် အဖွဲ့အစည်းများကလည်း ကိုယ့် ပြည်ထောင်စုအရေးဖြစ်သည့် –
ဦးစိုင်းညွန့်လွင် ပြောကြားသလို “ပြည်ထောင်စုအသစ်ထဲမှာ သမိုင်းအသစ်တွေကို အတူတကွ ရေးထိုးနေကြတဲ့ညီအကိုတွေ ”
ဖြစ်နေကြပြီဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်ကြဖို့ ပြောကြားလိုပါတယ်။ဟုဆိုသည်ကို လက်ခံကြိုဆို ၍
ပူးပေါင်းလိုက်ပါ ဆောင်ရွက်ကြရမှာ
မဟုတ်ကြပါလား ?

မိမိတို့အားလုံးသည် တစ်စိတ်တည်း တဝမ်းတည်း ဖြစ်စေကြကာ –

ဦးစိုင်းညွန့်လွင် ပြောကြားသော –
ပြည်ထောင်စုကြီးရဲ့ စည်းလုံးညီညွတ်မူကို
အမြန်ဆုံးတည်ဆောက်နိုင်ပါစေ၊
ငြိမ်းချမ်းရေး ညီလာခံမှာ ငြိမ်းချမ်းရေးစကား
ကိုဆိုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား၊

ဟူသော တိုင်းပြည်နှင့်ပြည်သူ ပြည်သားများ၊
တာဝန်ရ်ှိကြသူများအပေါင်းသို့-
ပြောကြားမူအား ကြိုဆိုလိုက်ကာ
ငြိမ်းချမ်းမူများ နှင့် အတူ
မိမိ၏ ဆောင်းပါးကို အဆုံးသတ်
လိုက်ပါရစေ။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (၂၀.၈.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •