ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတသာလျှင် ဖွဲ့စည်းခန့်အပ်တာဝန်ပေးခွင့်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးပါတီများသို့ –

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၄၁၈)(ခ) ၏ဖွင့်ဆိုချက်ပြဌာန်းချက်တွင် မည်သို့ပင်ပြဌာန်းထားပါစေ၊ ပြည် ထောင် စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး၊ အသစ်ပြန်လည်ဖွဲ့စည်းရမည်ဟု သတ်မှတ်ဖွင့်ဆိုပြဌာန်းထားခြင်းမရှိပါ၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား
ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးနှင့်အညီရွေးကောက်တင် ​ေမြှာက်ထားခြင်းဖြစ်ပါတယ်၊
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်အစိုးရတစ်ရပ်နှင့် အစိုးရအဖွဲ့၏ခေါင်းဆောင်သည်
သမ္မတကြီးဦးဝင်းမြင့်သာဖြစ်ပါတယ်၊

ယခုတပ်မတော်၏ နိုင်ငံတော်အချုပ်အခြာအာဏာကိုလုယူမူကို သမ္မတမှ သဘောတူလက်မှတ်ထိုးထုတ်ပြန်မူလုံးဝ(လုံးဝ) မရှိပါပေ၊သို့ကြောင့် စစ်အုပ်စုမှရယူသုံးစွဲကြေညာသောဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၄၁၇) မမြောက်ပါပေ၊

သို့ပါသောအကြောင်းအချက်ကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်ပ(၄၁၈)(က)(ခ)၊ပုဒ်မ(၄၁၉)(၄၂၀) ကိုလည်းရယူသုံးစွဲနေမူများသည် တရားမဲ့စွာ ပြုမူဆောင်ရွက်နေသည်ဟု မှတ်ယူရပေမည်၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးခွင့်ရှိသူသည်
နိုင်ငံတော်သမ္မတသာလျှင်ဖြစ်ပါတယ်၊
ပုဒ်မ(၃၉၈)(က) နိုင်ငံတော်သမ္မတသည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကိုဖွဲ့စည်းရမည်၊

ဤအချက်အလက်များကို နားလည်မည်ဆိုပါက ၊
(၁) စစ်အုပ်စုမှ ယခုလုပ်ဆောင်နေမူစတင်ရသည့် ပုဒ်မ(၄၁၇) အား –
ဒီမိုကရေစီနည်းကျရွေးကောက်ထားသည့်
နိုင်ငံတော်သမ္မတမှ သဘောတူ လက်မှတ်ထိုးထုတ်ပြန်မူမရှိခြင်း၊
(၂) သို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်မူကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားဝင်မူမရှိခြင်း၊
(၃) မတရားအဖွဲ့အစည်းသာလျှင်ဖြစ်နေပါသည်၊
(၄) ၎င်းအဖွဲ့၏ ထုတ်ပြန်ကြေညာမူမှန်သမျှသည် ဖွဲ့စည်းပုံအခြေခံဥပဒေအားမတရားစီးထား၍ တရားမဝင်သော ထုတ်ပြန်ကြေညာမူများသာဖြစ်သည်ဟု မှတ်ယူကြရပါမည်၊

အထက်ပါတွင်ရေးသားတင်ပြထားမူအား ထပ်မံရှင်းပြရလျှင် –
ယခုအသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ၊တည်ဆဲဥပဒေထုံးများနှင့်ညီညွတ်မူများမရှိပါ၍ ဥပဒေအရ တရားဝင်မူရှိသော အဖွဲ့အစည်းဟုသတ်မှတ်လို့မရပါပေ၊
ထိုကဲ့သို့သောအခြေအနေရှိနေသော အဖွဲ့အစည်း၏ အစည်းအဝေးဖိတ်ကြားမူကို
သွားကြမည်ဟုဆိုသော နိုင်ငံရေးပါတီများသည် အဖက်ဖက်ကနေ စဉ်းစား သုံးသပ် ဆင်ချင်နိုင်ကြစေရန်လိုအပ်ပါတယ်၊

ပြည်သူပြည်သားအများစုမှ လုံးဝလက်ခံမူမရှိ၊အသိအမှတ်ပြုမူမရှိပါသော အဖွဲ့အစည်းနှင့် ပတ်သက်နှီးနွယ်မူလုပ်ကြမည့် နိုင်ငံရေးပါတီများသည်လည်း ပြည်သူကိုမျက်နှမမူသော၊
ပြည်သူကို သစ္စာဖေါက်သည့် ပါတီများအဖြစ်
ပြည်သူအများမှ တစ်ထစ်ချ ဆုံးဖြတ်သတ်မှတ်လိုက်မှာ ဧကန်မုချပင်ဖြစ်ပေသည်၊

စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရမည်၊
ပြည်သူ့အာဏာ ပြည်သူ့ထံသို့ ပြန်ရောက်ရမည်၊

အရေးတော်ပုံ အောင်ရမည်၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၂၄.၂.၂၀၂၁)………..


Spread the love
  •  
  •  
  •  
  •  
  •  
  •