ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှုနှင့် လူမျိုးရေးခွဲခြားမှုအပေါ် စုံစမ်းစစ်ဆေးရန် Justice For Myanmar မှ တောင်းဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှုနှင့် လူမျိုးရေးခွဲခြားမှုအပေါ် စုံစမ်းစစ်ဆေးရန် Justice For Myanmar မှ တောင်းဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှုနှင့် လူမျိုးရေးခွဲခြားမှုအပေါ် စုံစမ်းစစ်ဆေးရန် Justice For Myanmar မှ တောင်းဆိုထုတ်ပြန်လိုက်ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ရက် ၎င်းတို့၏ထုတ်ပြန်ကြေညာချက်အား Justice For Myanmar ဖေ့စ်ဘုတ်ကဖော်ပြခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စနစ်တကျ အကျင့်ပျက်ခြစားမှုနှင့် ဆက်နွယ်နေကာ နိုင်ငံပိုင်ပစ္စည်းများကို ရယူ၍ ဝင်ငွေများ ရရှိနေပြီး လူမျိုးရေးခွဲခြားမှုကို သွေးထိုးလှုံ့ဆော်နေသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်နိုင်စရာ ရှိနေကြောင်း၊ Justice For Myanmar အနေဖြင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများနှင့် ခွဲခြားသည့် အသုံးအနှုံးများအပေါ် အသေးစိပ် စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် တောင်းဆိုလိုက်သည်ဟုဖော်ပြထားပြီး ချိုးဖောက်ကျုးလွန်မှုများ တစုံတရာတွေ့ရှိပါက အစိုးရအနေဖြင့် ပါတီအား ဖျက်သိမ်းပစ်ရမည် ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ယခင်ထိန်းချုပ်ထားသည့် လူထုအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး မြန်ဂုဏ်မြင့် ကုမ္ပဏီအုပ်စု၏ ပိုင်ဆိုင်မှု အပါအဝင် ကျယ်ပြန့်သော စီးပွားရေး လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ ဆိပ်ကမ်းများတွင် အသုံးပြုရန် အကောက်ခွန်ဌာနသို့ ပါတီမှ ငှားရမ်းခဲ့သည့် ကွန်တိန်နာ X-ray စက်များ အပါအဝင် မြန်ဂုဏ်မြင့်အောက်တွင် ယခင် ပိုင်ဆိုင်ခဲ့မှုများကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်ရှိတွင် ဆက်လက် အသုံးပြုနေကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အကောက်ခွန်ဌာနမှ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြားကုမ္ပဏီ တော်တော်များများအား ကွန်တိန်နာ X-ray စက်ငှားရမ်းခ ကျပ်ငွေ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ မီလီယံ) ပေးခဲ့ရကြောင်း သတင်းမီဒီယာ အစီရင်ခံမှုများအရ သိရှိရကြောင်းJustice For Myanmarကဆို သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၅) အောက်တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိရပါက” ထိုပါတီကို ဖျက်သိမ်းရမည်ဟု ပါရှိထားသည်။
ဓာတ်ပုံ-သုတေသီဝင်းမော်
MH

Spread the love
  •  
  •  
  •  
  •  
  •  
  •