ပြည်နယ် ၁၀ခုကျော် ကူးစက်လောင်ကျွမ်းနေတဲ့ အမေရိကန်တောမီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အကြီးအကျယ်ပျက်စီး ဆုံးရှုံခဲ့ရတဲ့ ဝါရှင်တန်
ပြည်နယ်တောမီးလောင်ကျွမ်းမှု”

(10 September 2020,ဝါရှင်တန်ပြည်နယ်)

                မိသားစုဟာ မီးဘေးကလွတ်မြောက်
အောင်ကားကိုထားခဲ့ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ အရာရှိတွေကပြောပါတယ်။
ပစ္စဖိတ်အနောက်မြောက်ပိုင်းတလျှောက်တောမီး၃၅နေရာလောင်ကျွမ်း ခဲ့ပြီး မကြုံစဖူးသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။
ဝါရှင်တန်ပြည်နယ်မှာလောင်ကျွမ်းနေတဲ့ တောမီးကနေ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးပမ်းရင်း အသက်၁နှစ်အရွယ် ကလေးတယောက်သေဆုံးသွားခဲ့ရပြီး သူ့ရဲ့မိဘတွေကတော့တတိယဒီဂရီအဆင့်မီးလောင်ကျွမ်းမှုတွေခံစားခဲ့ရတယ်လို့အာဏာပိုင်တွေကပြောပါတယ်။
ဝါရှင်တန်ပြည်နယ်၊ရင်တန်မြို့မှာနေထိုင်တဲ့ အသက်၃၆နှစ်အရွယ်ဂျက်ကော့(ဗ်) ဟိုင်လန်(ဒ်) နဲ့အသက်၂၆နစ်အရွယ် ဂျမ်မီ ဟိုင်လန်(ဒ်)တို့ဇနီးမောင်နှံကို အိုကာနိုဂန်စီရင်စု ကိုလမ်ဘီယာမြစ်ကမ်းပါးပေါ်မှာသက်ဆိုင်ရာ
အာဏာပိုင်တွေကတွေ့ရှိခဲ့ပါတယ်။သူတို့ဟာသူတို့ရဲ့ကားကိုစွန့်ခွါထားရစ်ခဲ့ပြီးခရီးဆက်ခဲ့ကြရတာဖြစ်ပါတယ်။သူတို့သုံးယောက်လုံးဟာအပြင်းအထန်မီးလောင်ကျွမ်းတာခံထားရပါတယ်။
ရှာဖွေရေးအဖွဲ့တွေသူတို့ကို
တွေ့ရှိခဲ့ချိန်မှာ သူတို့ရဲ့ကလေးဟာသေဆုံးနေပြီလို့အရာရှိတွေကပြောပါတယ်။
“ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအလွန်များပြီး
တကယ့်ကိုစိတ်ထိခိုက်စရာကောင်းပါတယ်”
လို့အိုကာနိုဂန်စီရင်စု ရဲအရာရှိ တိုနီ ဟော်လေ က ‘အေဘီစီ’သတင်းဌာနကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းအနှံ့
အကြိမ်နှစ်ရာနီးပါးလောင်ကျွမ်းခဲ့တဲ့တောမီး
မှာ အနောက်ပိုင်းဒေသကလူ ၇ယောက်သေဆုံးခဲ့ပါတယ်။
ဟော်လေရဲ့ပြောဆိုမှုအရအလုပ်သမားနေ့ရက်ဿတပတ်အဆုံးသတ်မှာဝါရှင်တန်ပြည်နယ်အတွင်း လောင်ကျွမ်းနေတဲ့တောမီးတွေထဲကတခုအပါအဝင်ဖြစ်တဲ့
ကိုးလ်(ဒ်) စပရင်း(စ်)တောမီးမှာ ဒီမိသားစုဟာသူတို့ပိုင်ဆိုင်သမျှအားလုံးကိုစွန့်ပစ်ထားရစ်ပြီး၊ခြေလွတ်လက်လွတ်ထွက်ပြေးလာခဲ့ရတယ်လို့သိရပါတယ်။

                 အင်္ဂါနေ့မွန်းလွဲပိုင်းကလူမပါပဲမီးလောင်ကျွမ်းနေတဲ့ကားတစီးကိုစွန့်ပစ်ထားခဲ့တာတွေ့ရပြီးကားပိုင်ရှင်မိသားစုတော့ပျောက်ဆုံးနေတယ်လို့ရဲဌာနကိုဆက်သွယ်အကြောင်းကြားခဲ့ကြပါတယ်။ကားပိုင်ရှင်မိသားစုဟာရဲအရာရှိတွေနဲ့တနင်္ဂနွေနေ့တုန်းကနောက်ဆုံးတွေ့ဆုံစကားပြောခဲ့ရသေးတယ်လို့ဟော်လေ​ကပြောပါတယ်။
မီးလောင်ခံထားရတဲ့မိသားစု၃ယောက်ကို
“ဘရစ်(ဂ်ျ) ပို့(တ်)စတိတ်ပါ့(ခ်)ကိုမော်တော်နဲ့ပို့ဆောင်ပေးခဲ့ပြီး၊အဲ့ဒီနေရာကနေ ဝါရှင်တန်ပြည်နယ်၊ဘရူးစတားမြို့က “မြစ်သုံးစင်း”ဆေးရုံကိုလူနာတင်ကားနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ ဟော်လေကပြောပါတယ်။
ဂျက်ကော့(ဗ်)ဟိုင်လန်(ဒ်)နဲ့ ဂျေမီဟိုင်လန်(ဒ်) တို့ရဲ့တတိယဒီဂရီအဆင့်မီးလောင်ဒါဏ်ရာတွေကိုပြုစုကုသပေးဖို့ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ဆီယက်တယ်(လ်)မြို့မှာရှိတဲ့’ဟာဘောဗျူး’ ဆေးကုသရေးစင်တာ
ကိုလေယျာဉ်နဲ့တသီးတခြားစီခွဲပြီးပို့ဆောင်ပေးခဲ့ရတယ်လို့ရဲအရာရှိတွေကပြောပါတယ်။
ဇနီးမောင်နှံနှစ်ယောက်လုံးဟာစိုးရိမ်ရတဲ့အခြေအနေရှိတဲ့အတွက် ဂရုတစိုက်ကုသပေးနေရတယ်လို့’ဟာဘောဗျူး’ဆေးကုသရေးစင်တာက မီးလောင်ဒါဏ်ရာနဲ့နောက်ဆက်တွဲဝေဒနာအထူးကုဆရာဝန်တွေက အေဘီစီ သတင်းဌာနကိုပြောပြကြပါတယ်။
ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီး စုံထောက်တွေကစစ်ဆေးမေးမြန်းနေပါတယ်။စုံစမ်းစစ်ဆေးရေးသမားတွေက တနင်္လာနေ့က စတင်လောင်ကျွမ်းခဲ့တဲ့တောမီးဟာ
ဘာ့ကြောင့်လောင်ကျွမ်းရတယ်ဆိုတာသိရဖို့ကြိုးစား စုံစမ်းနေကြပါတယ်။ဧကပေါင်း၁၆၄၀၀၀ကျော်လောင်ကျွမ်းခဲ့တယ်လို့အာဏာပိုင်တွေကပြောဆိုကြပါတယ်။
တနင်္ဂနွေနေ့က ဝါရှင်တန်ပြည်နယ်အရှေ့ပိုင်းမှာလောင်ကျွမ်းခဲ့တဲ့တောမီးဟာမြို့တမြို့လုံးပြောင်သလင်းခါသွားအောင်လောင်ကျွမ်းခဲ့တာကို ဆီယက်တယ်(လ်)မြို့ကအေဘီစီသတင်းဌာနရဲ့တွဲဘက် ကိုမို တီဗွီ ကတင်ပြခဲ့ပါတယ်။
ဝါရှင်တန်ပြည်နယ်သဘာဝအရင်းအမြစ်ဌာနအတွက်အလုပ်လုပ်နေတဲ့ ပြည်သူ့မြေ ကော်မရှင်အဖွဲ့ဝင် ဟီလာရီဖရန့်(ဇ်)က ဒီကလေးဟာ မီးလောင်ရာမှာသေဆုံးတဲ့ပဌမဆုံးသတင်းပို့မှုလို့ပြောပြပါတယ်။
တောမီးလောင်ကျွမ်းမှုကနေ အသက်ဘေးအန္တရယ်မဖြစ်အောင်ကာကွယ်ဖို့ဝါရှင်တန်ပြည်နယ်မှာနေထိုင်တဲ့မိသားစုတိုင်းကိုဂရုစိုက်ကာကွယ်ပေးဖို့လိုအပ်တယ်လို့ ဖရန့်(ဇ်) ကပြောပါတယ်။
“ကိုးလ်(ဒ်) စပရင်းတောမီးမှာ
လောင်ကျွမ်းသေဆုံးရတဲ့ကလေးငယ်ရဲ့မိဘတွေအတွက်ကျွန်မခံစားရပါတယ်။တကယ့်ကိုကျွန်မယူကျုံးမရ ဖြစ်မိပါတယ်” လို့ဖရန့်(ဇ်)ကပြောပါတယ်။
” ဒီနေ့သာမဟုတ်ပဲ၊မနက်ဖြန်၊ပြီးတော့နောက်နေ့တိုင်းပဲ ကျွန်မတို့ရဲ့သဘာဝအရင်းအမြစ်တွေနဲ့ကျွန်မ
တို့ရဲ့လူ့အဖွဲ့အစည်းကိုကာကွယ်ရမယ်။
ကျွန်မတို့ရဲ့မီးသတ်သမားတွေကိုကာကွယ်ရမယ်”လို့သူမကထပ်ပြောပါတယ်။
ပြည်နယ်၉ခုအနှံ့အပြားမှာ အကြိမ်၂၀၀နီးပါးလောင်ကျွမ်းခဲ့တဲ့တောမီးကြောင့်ဒီကလေးငယ်လေးအပါအဝင်လူ၇ယောက်အနောက်ပိုင်းဒေသမှာ
သေဆုံးခဲ့ပါတယ်။
တနင်္လာနေ့ကမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီးနောက်
အော်ရီဂွန်ပြည်နယ် မာရီယွန်စီရင်စုမှာ  မီးလောင်ကျွမ်းထားတဲ့ကားတစီးထဲမှာလူ၂ယောက်သေဆုံးနေတာကို ဗုဒ္ဓဟူးနေ့ကတွေ့ရှိခဲ့ပါတယ်။
အော်ရီဂွန်မြို့မှာလည်း တတိယမြောက်သေဆုံးသူကို မက်ဖို့(ဒ်)မှာရှိတဲ့နေအိမ်တွေအနားမှာ အင်္ဂါနေ့ကလောင်ကျွမ်းခဲ့တဲ့ အယ်(လ်)မီဒါ တောမီးစတင်လောင်ကျွမ်းရာ နေရာအနီးမှာတွေ့ရှိခဲ့တယ်လို့ရဲအရာရှိတွေကပြောပါတယ်။
“အခြား၃ယောက်ကိုတော့ကယ်လီဖိုးနီးယား
ပြည်နယ်၊ဘတ်တီကောင်တီစီရင်စုမှာဗုဒ္ဓဟူးနေ့
ညနေခင်းမှာလောင်ကျွမ်းခဲ့တဲ့” ဘဲယား”တောမီးကြောင့် သေဆုံးနေတာတွေ့ရပါတယ်။
သေဆုံးသူ၃ယောက်အနက်၂ယောက်ဟာတနေရာထည်းမှာအတူသေဆုံးနေတာတွေ့ရတယ်”လို့ ဘတ်တီကောင်တီ စီရင်စုရဲအရာရှိ ကိုရီ ဟိုနီယာ ကပြောပါတယ်။

(Ref:ဒီသတင်းကိုABCသတင်းဌာနမှသတင်းထောက်နှစ်ဦး Jenna Harrisonနဲ့Lisa Sivertsen တို့ကရေးသားပေးပို့ထားပါတယ်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •