ပြည်မြို့အဝင် နဝဒေးတံတားထိပ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ စတင်ဆောင်ရွက်  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ပြည်မြို့အဝင် နဝဒေးတံတားထိပ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ စတင်ဆောင်ရွက်

ပြည်  သြဂုတ်  ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယနေ့နံနက်ပိုင်းကစတင်ကာ မြို့အဝင် နဝဒေးတံတားထိပ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍  စစ်ဆေးမှု များ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

 

ယင်းပူးပေါင်းဆောက်ရွက်ခြင်းတွင် မြို့နယ်ကိုဗစ်ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့ပေါ်ရှိအရပ်ဘက် ပရဟိတ လူမှုကူညီရေးအဖွဲ့အစည်းများ ပါဝင်ပါတယ်။

 

ယင်းပူးပေါင်းအဖွဲ့ဝင်များက နေ့စဉ် နံနက် ၄ နာရီမှ ၈ နာရီအထိတစ်ဆိုင်း၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိတစ်ဆိုင်းနှင့် ညနေ ၄ နာရီမှ ည ၁၂ နာရီအထိတစ်ဆိုင်းတို့ဖြင့် အဆိုင်းသုံးဆိုင်းခွဲကာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စစ်ဆေးမှု တာဝန် များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရပါတယ်။

မျိုးကျော်ကြီး(ပြန်/ဆက်)

 


Spread the love
  •  
  •  
  •  
  •  
  •  
  •