ပြည်သူတွေကို ကူညီကယ်တင်ရင်း ကျဆုံးခဲ့သူရဲ့ စျာပန

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူတွေကို ကူညီကယ်တင်ရင်း ကျဆုံးခဲ့သူရဲ့ စျာပန

၁.၈.၂၀၁၈ ရက်နေ့
ဘဝတစ်လျှောက်မှာ သုံးရက်ဆက်တိုက်
နေ့စဉ်ရက်ဆက် ဈာပနပို့ဆောင်ရတာ
ဒါပထမဆုံးပါပဲ။

ဘီးလင်းရေဘေးမှာကူညီကယ်ဆယ်ရင်း
ရေစီးထဲမျောပါပျောက်ဆုံးအသက်အပ်နှင်းသွားတဲ့ တပ်မတော်သားသုံးယောက်ထဲမှာ
နောက်ဆုံးပြန်တွေ့ရတဲ့ ကျိုက်ထို တပ်မ(၄၄) ခ.မ.ရ(၂)မှ
ကိုယ်ပိုင်အမှတ် တ/၄၁၄၆၄၆ တပ်သားကျော်ကျော် ရဲ့ဈာပနကို ဒီညနေလိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ဘီးလင်းသုသာန်မှာ တပ်မ(၄၄)G1
ကိုယ်တိုင်ဦးဆောင်ပြီး ဘီးလင်းမြို့နယ် ခ.လ.ရ(၈)တပ်ရင်းမှူးနဲ့အရာရှိ၊အရာခံ၊အကြပ်၊စစ်သည်များအားလုံးတက်ရောက်ကာ စစ်အခမ်းအနားနဲ့ ကောင်းမွန်စွာသဂြိုလ်ခဲ့ပါတယ်။

သုံးရက်အတွင်းဆက်တိုက်ပို့ဆောင်ခဲ့တဲ့
စျာပနသုံးခုထဲမွာ စိတ်အထိခိုက်ခဲ့ရဆုံးနေ့ပါပဲ။
ကိုယ်ဝန်ငါးလနဲ့ကျန်ရစ်ခဲ့တဲ့ ဇနီးသည်လေးရဲ့
ဆို့နင့်တုန်ရီနေမှုဟာသူ့ကိုဖက်ထားတဲ့
ကျမဆီကူးစက်လို့

သူမအရှေ့မှာ
မျက်ရည်မကျအောင်အနိုင်နိုင်ထိမ်းရင်း ဗိုက်ထဲက ကလေးလေးအတွက်မိခင်စိတ်နဲ့အားတင်းထားဖို့၊သမီးရဲ့ခင်ပွန်းဟာ ပြည်သူ့အတွက်အသက်စွန့်ခဲ့တဲ့အပေါ်တစ်နိုင်ငံလုံးက
လေးစားဂုဏ်ယူခဲ့ရတဲ့ တပ်သားလေးရဲ့ဇနီးအဖြစ်တည်ငြိမ်စွာရင်ဆိုင်ဖို့၊ခင်ပွန်းဖြစ်သူ စိတ်ဖြောင့်နိုင်ဖို့ စိတ်ကိုထိမ်းရင်း
ဒီအချိန်ကိုအကောင်းဆုံးဖြတ်သန်းပေးဖို့၊
သမီးဗိုက်ထဲကသမီးတို့ရဲ့ကလေးလေး
ကြီးလာရင် သူ့ဖေဖေအကြောင်းနဲ့ ဈာပနဟာ
ဂုဏ်ယူစရာအတိနဲ့ ခမ်းနားခဲ့တာပြန်ပြောပြနိုင်ဖို့
စိတ်ကိုထိမ်းပြီး ဈာပနအခမ်းအနားကို
သေချာကြည့်ပြီးမှတ်သားထားပေးဖို့တွေကို
တရားနာရာဇရပ် က​​နေ မီးသဂြိုလ်စက်ကို
လျှောက်လာရာလမ်းတစ်လျှောက် သူမလေးရဲ့စိတ်ကိုသံပတ်တင်းပေးရင်းအတတ်နိုင်ဆုံး
နှစ်သိမ့်ပေးခဲ့တယ်။

သေနတ်အောက်စိုက်အလေးပြုပြီး
သေနတ်ပစ်ဖေါက်ဂုဏ်ပြုတဲ့ အချိန်မှာ
ကျယ်လောင်တဲ့သေနတ်သံနဲ့အတူ
ဆတ်ခနဲတုန်တက်သွားတဲ့
ကိုယ်ဝန်လွယ်ထားရချိန်နှလုံးသားတွေ
နာကျဉ်အားငယ်နေမယ့်
ကလေးမလေးကို
နောက်ဆက်တိုက်ထွက်လာမယ့်
သေနတ်သံကြောင့်ထပ်မလန့်စေရအောင်
ကျမရင်ခွင်ထဲတင်းတင်းဆွဲပွေ့ရင်း
သူ့နားတွေကိုပိတ်ပေးထားမိခဲ့တယ်။

ခင်ပွန်းသည်ကိုနောက်ဆုံးအကြိမ်
ကန်တော့စေရင်း စိတ်ချစေဖို့ကတိပေးနေတဲ့သူ့အသံလေးကြောင့်ကျမမျက်ရည်တွေက
ကျလုလု။

 

အားငယ်စိတ်နဲ့ပျော့ခနဲခွေကျခါနီးသူ့ကို
ဂျိုင်းကဆွဲတင်ရင်း စိတ်ထိမ်းစမ်းသမီး
တပ်မတော်သားကောင်းတစ်ယောက်ရဲ့
ဇနီးကောင်းအဖြစ်စိတ်ပြန်တင်းစမ်းလို့
ခပ်တင်းတင်းဆိုချိန် အသိတစ်ခုနဲ့ငြိမ်ခနဲ
ကျမကိုတင်းတင်းပြန်ဖက်ရင်းဈာပနကို
မမှိတ်မသုံကြည့်လို့ပေါ့…..

လေးစားလျှက်
သီရိ ရတနာ
၁.၈..၂၀၁၈

#၂၀၁၈ ရေဘေးမှာအသက်ပေးလိုက်ရတဲ့
စစ်သည်တော်တွေ အတွက် ဘီလင်းအမတ်ရဲ့ တာဝန်ယူ
တာဝန်ခံမှုတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

ဘီးလင်းအမတ် ဒေါ်သီရိရတနာ
(တပ်မတော်သားရဲ့ဈာပနကို ရင်ဖြင့်ခံစားရေးသူ)


Spread the love
  •  
  •  
  •  
  •  
  •  
  •