ပြည်သူလူထုကြီး ပဋိပက္ခထောင်ချောက်ထဲ မဝင်မိစေရန် ဂရုစိုက်ကြဖို့ သမ္မတကြီး သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စိတ်​ခေါ်မှု​တွေ အကျပ်အတည်း​တွေကို ပြည်သူ​တွေရဲ့ကူညီမှုနဲ့ ​ကျော်လွှား​အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါ​ကြောင်း နိုင်ငံ​တော်သမ္မတကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၂၆ရက်​နေ့မနက်ပိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ​ပေါ်က​ရေးသား​ဖော်ပြထားပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိနေပါစေ၊ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှု တွေနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။

ပြည်သူလူထုကြီးကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြစေ လိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်။”

လှုံ့ဆော်ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုတဲ့အ​ကြောင်းကိုလည်း ဖော်ပြထားတာ​တွေ့ရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •