ပြည်သူ့ဆန္ဒသည်သာ အဓိက –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူ့ဆန္ဒသည်သာ အဓိက

 

ဧည့်သည်တော်ဆိုသည်ကို အနည်းငယ်ရှင်းပြပါရစေ၊
ရှရှားနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး(၂) ယောက်ရှိပြီး၊
ဝန်ကြီးတစ်ဦးက စစ်သေနာပတိဖြစ်ပြီး၊
ဝန်ကြီးနောက်တစ်ဦးက အကြံပေးဖြစ်ပါတယ်၊
ဒုတိယဝန်ကြီး(၁၀) ယောက်ရှိပါတယ်ဟုသိရပါတယ်၊
မြန်မာနိုင်ငံကိုလာတဲ့ရှရှားနိုင်ငံ ကာကွယ်ရေးဒုတိယဝန်ကြီးရဲ့အဆင့်က (၉) ဦးမြောက်သောအဆင့်ရှိပါတယ်ဟူ၍ သိရပြန်ပါတယ်၊
နိုင်ငံတကာစစ်ရေးနဲ့သက်ဆိုင်သည့်တာဝန်လိုမျိုးဖြစ်ပါတယ်၊

အကြမ်းဖက်အုပ်စုထဲကိုရောက်နေတဲ့နိုင်ငံကို အမြန်ဆုံးလွတ်မြောက်အောင်လုပ်နိုင်ပါမှသာ
မိမိတို့နိုင်ငံနဲ့နိုင်ငံသားများရဲ့ပစ္စုပန်နဲ့အနာဂတ်ဘဝများက အေးချမ်း လုံခြုံကြမှာဖြစ်ပါတယ်၊
အကြမ်းဖက်အုပ်စုလက်ထဲမှာ ရှိနေသမျှကာလပတ်လုံး မိမိတို့နိုင်ငံနဲ့နိုင်ငံသားများဟာ အေးချမ်း လုံခြုံမူတွေနဲ့ကင်းဝေးနေကြရအုံးမှာပါ၊
ယနေ့အချိန်အထိ ပြည်သူတွေကို
နေ့စဉ်အကြောင်းရှာပြီး ကြမ်းကြုတ်ရက်စက်မူတွေနဲ့လမ်းပေါ်မှာသော်လည်းကောင်း၊ မိမိပိုင်နေအိမ်ထဲမှာသော်လည်းကောင်း၊
ဥပဒေမဲ့ တရားလက်လွတ် သေနတ်နဲ့ပစ်သတ်နေကြတာကိုတွေ့နေကြရမှာပါ၊
နေ့စဉ်ပြည်သူတွေ အသက်ဆုံးရူံးနေကြရတာကိုရင်ဆိုင်နေကြရပါတယ်၊
အသက်(၁၆)နှစ်အောက်ကလေးတွေကို သေနတ်နဲ့ပစ်သတ်ပြီးသည်က (၂၀) ယောက်အထက်ရှိနေပါပြီ၊
(၂၇.၃.၂၀၂၁) မနက်ပိုင်းမှာပင် မိထ္ထီလာမှာ (၁၃)နှစ်သမီးလေးကို အိမ်ထဲကိုဝင်ပစ်လို့ကျဆုံးသွားရှာပြန်ပါပြီ၊
မန္တလေးမှာ(၅) နှစ်သမီးလေးရဲ့ဦးခေါင်းနောက်ကိုကျည်ဆံထိပြီး အသက်ဆုံးရူံးရပြန်ပါပြီ၊
ဆောင်းပါးရေးနေစဉ် ဒီနေ့(၂၇.၃.၂၀၂၁) နေ့မှာပင် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်သတ်မူကြောင့်(၉၀) ဦးခန့်ကျဆုံးနေပြီဟုသိရပါတယ်၊
ဒါဆိုရင်ဆောင်းပါးကိုရေးနေသည့်အချိန်အထိဆိုလျှင်မြမာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းဖြစ်တဲ့ Sniper နဲ့ဦးခေါင်းကိုပစ်သတ်မူများအပါဝင် ကျဆုံးသူ(၄၀၀)ကျော်ရှိနေပါပြီ၊
လူကြိုက်လို့သူကြီးဖြစ်လာတာမဟုတ်ဘူး၊
လူမိုက်လို့သူကြီးဖြစ်လာတာလို့သုံးနူန်းရမယ့်စကားထက် –
လူတွေအပေါ်အသက်သေစေတဲ့သေနတ်တွေကိုင်ထားပြီး၊ အောက်တန်းကျပြီး၊ကြမ်းကြုတ်ရက်စက်မူအလုံးစုံနဲ့ နိုင်ငံ့အနာဂတ်အတွက်အရေးပါတဲ့လူငယ်တွေ၊ ကလေးသူငယ်တွေအပါအဝင် အသက်အရွယ်မျိုးစုံပြည်သူတွေကိုသတ်ဖြတ်၊ပစ္စည်းလုယူနေကြတဲ့အကြမ်းဖက် လူဆိုး ဓါးပြတွေသာဖြစ်ကြတယ်၊
လက်နက်မဲ့ပြည်သူတွေကို ဒီလိုကြမ်းကြုတ် အောက်တန်းကျစွာ သတ်ဖြတ်နေတဲ့စစ်တပ်မျိုးရှိပါရဲ့လားလို့မေးခွန်းထုတ်ခြင်ပါတယ်၊
သို့ကြောင့်
နိုင်ငံတော်အာဏာကို လက်နက်ကိုင်ပြီး၊
လုယူထားသော အကြမ်းဖက်အဖွဲ့လို့သာ သုံးနူန်းရမယ့် စစ်ကောင်စီအုပ်စုဆီမှာ နိုင်ငံတော်အာဏာ ဆက်ရှိနေသရွေ့ မိမိတို့မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသားများရဲ့ အသက် အိုးအိမ်များ၊လူမူဘဝများဟာ စိတ်ချ
လုံခြုံမူဆိုတာလုံးဝ မရရှိနိုင်တော့ပါဘူး၊
မိမိတို့ပြည်သူတွေဆီမှာ လက်နက်မရှိပါဘူး၊
ပြည်သူတွေဆီမှာ ရှိတာက အမှန်တရားနဲ့ဥပဒေသာလျှင်ရှိပါတယ်၊
ပြည်သူအများမှ အားပေးထောက်ခံဆန္ဒမဲပေးထားသည့် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်တာဝန်ပေးထားသော ပြည်သူ့ Mandate အပြည့်အဝရှိသော၊
” CRPH ” နှင့်ဒီမိုကရေစီနည်းကျပြည်သူများမှာရွေးချယ်ထားသော အစိုးရရှိပါတယ်၊
ဖွဲ့စည်းပုံထုံးအရတရားဝင်အဖွဲအစည်းနဲ့တရားဝင်ရွေးချယ်ခံအစိုးရဖြစ်ပါတယ်၊

ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မူအာဏာ၏ အခြေခံဖြစ်ရမည်၊
( အပိုဒ် ၂၁ အပိုဒ်ခွဲ ၃ )၊
လူတိုင်း၌အသက်ရှင်ရန်လွတ်လပ်မူခွင့်နှင့်လုံခြုံစိတ်ချခွင့်ရှိသည်၊
ဟု အပိုဒ်(၃)က ဆိုထားပါသောအချက်အပါအဝင် မ္ဘာ့ကုသမဂ္ဂအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါအချက်များက ဘယ်နေရာမှာများပုန်းအောင်းနေကြပါပြီလဲ ?
လို့သာမေးခွန်းထုတ်လိုက်ပါရစေ၊

ဒါကြောင့်မိမိတို့မြန်မာပြည်သူများသည်
မိမိတို့နိုင်ငံနဲ့မိမိတို့နိုင်ငံသားအားလုံး၏ အသက်အိုးအိမ် စည်းစိမ်နှင့်လူမူဘဝများကိုစိတ်ချလက်ချ လုံခြုံစေသည့် ပိုမိုကောင်းမွန်မည့် ပစ္စုပန်နှင့်အနာဂတ်အတွက်၊
စစ်အာဏာရှင်စနစ်အား မြန်မာနိုင်ငံ၌ အပြီးတိုင်အဆုံးသတ် ပျောက်ကွယ်စေရေးအတွက်
ဆက်ကာ ဆက်ကာ ရင်ဆိုင်တိုက်ပွဲဝင်ကြရ
ပေမည် ၊
ပြည်သူ့ဆန္ဒသည်သာအဓိကဖြစ်ပါတယ်၊

စစ်ကောင်စီအဖွဲ့ ဖျက်သိမ်းရေးသည် ပထမ၊
စစ်အာဏာရှင်စနစ် ပြုတ်ကျရေးသည် ပထမ၊

ပြည်သူ့အာဏာ ပြည်သူ့ဆီပြန်ရရှိရေးဒို့အရေး ဒို့အရေး၊
ဒို့ပြည်တွေ ညီရဲ့လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့၊

အရေးတော်ပုံ အောင်ရမည်၊

ကိုသိန်းဌေး ပဲခူး(၂၇.၃.၂၀၂၁)၊


Spread the love
  •  
  •  
  •  
  •  
  •  
  •