ပြည်သူ့ပရဟိတ​ဆေးရုံကြီး ကို ဘာ​ေကြာင့်တည်​ဆောက်သလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပရဟိတကိုခုတုံးလုပ်၍မည်သူမှအမြတ်မထုတ်ရပါ”

❤️အစိုး၏​မြေဖြစ်​သော​ကြောင့်လည်းအစိုးရပိုင်သာဖြစ်ပါမည်၊မည်သူတစ်ဦးတစိ​ယောက် တစ်သင်းတဖွဲ့ကမှဂရံအမည်​ဖောက်၍၎င်းအခြားနည်းဖြင့်​သော်၎င်းအမြတ်ထုတ်ကိုယ်ကျိုးသုံးစွဲမည်မဟုတ်ပါ​ကြောင်းပြည်သူအများသိရှိနိုင်ရန်တင်ပြအပ်ပါသည်❤️

ရေးသားသူ – Than Myint Aung

၉.၁၂. ၂၀၂၀ အမျိုးသား​အောင်ပွဲ​နေ့ တွင်
We Love Yangon အဖွဲ့၏လုပ်ရပ်နှင့်အနာဂါတ်စိတ်ကူးတစ်ခုကို ရန်ကုန်သူရန်ကုန်သားနှင့်အများပြည်သူကိုတင်ပြလိုပါသည်။

COVIDကာလတွင် အများပြည်သူ၏အလှူ​ငွေဖြင့် ပြည်သူလူထုအားစားနပ်ရိက္ခါများ၊​​ဆေးရုံအုပ်ကြီးများနှင့်ဆေးရုံအသီးသီးမှလိုအပ်၍အလှူခံ​သော​ဆေးရုံသုံးပစ္စည်းများ၊အလှူရှင်များမှလှူဒါန်းလို​သော​ဆေးရုံများ Quarintine Center များ သို့အဖိတ်အစင်အ​လေအလွင့်မရှိ​အောင် လှူဒါန်း​ပေးနိုင်ခဲ့သည့်အတွက် အလှူရှင်များနှင့်​အကျိုး​ဆောင်ဘော်လံဒီယာများ၊လူနာများအတွက်​ရှေ့တန်းမှကိုဗစ်ကိုတိုက်ပွဲဝင်​​နေကြ​သော​ရှေ့တန်းမှသူရဲ​ကောင်းဆရာဝန်များ၊ကျန်းမာ​ရေးဝန်ထမ်းများအားအထူး​ပင်ကျေးဇူးတင်ရှိပါသည်။

We Love Yangon သို့အလှူရှင်များ၏လှူဒါန်း​ငွေ၊Fortune Plaza အ​ဆောက်အဦးပိုင်ရှင်ဦးစိုင်းမျိုးဝင်း၏ အခမဲ့အ​ဆောက်အဦးဌားရမ်းသုံးစွဲခွင့်လှူဒါန်းမှုတို့ဖြင့် ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ရန်ကုန်တိုင်းကျန်းမာ​ရေးဦးစီးဌာနနှင့် ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီတို့၏အစီအမံဖြင့် Covid ကာလဒုတိယလှိုင်းအမှီ ကုတင် (၆၀၀) ဆန့် Fortune Happy Covid Hospital ​ဆေးရုံတစ်ရုံ ​ဆောက်လုပ်၍Covid 19 ပိုးကူးစက်ခံလူနာများကို ကုသ​ပေးနိုင်ခဲ့ပါသည်။

ထို့အတွက်လည်း ​အလှူရှင်များ၊ပင်ပန်းကြီးစွာဖြင့်ပြုစု​စောင့်​ရှောက်ကုသ​ပေးကြ​သောဆေးရုံအုပ်များနှင့်ဆရာဝန်များ သူနာပြုများအပြင် အတွင်းစည်း အပြင်စည်း camp ဝင်​နေကြ​သော​ဘော်လံဒီယာများ ၊ ​ဆေးရုံစတင်ပြင်ဆင်စဥ်ကထဲကယ​နေ့ထိ စီမံခန့်ခွဲ​နေကြရ​သော We Love Yangon EC အဖွဲ့ကိုလည်း​ကျေးဇူးတင်ရှိပါသည်။

သည်ကမ္ဘာ့ကပ်​ရောဂါဆိုးကြီးကိုပြီးပြတ်​အောင် ပြည်သူလူထုအားလုံးအ​နေဖြင့်လည်းစည်းကမ်းရှိရှိညီညီညွတ်ညွတ်နှင့်အစိုးရနှင့်ကျန်းမာ​ရေးဌာန၏ထုန်ပြန်ချက်များကိုလိုက်နာကျင့်သုံးပါမှအ​နှေးနှင့်အမြန် ​အောင်မြင်စွာအပြီးသတ်မည်ဖြစ်ပါသည်။

COVIDကာလပြီးဆုံးသွားခဲ့ပါလျှင် ကျွန်မတို့အ​နေဖြင့် အ​ဆောက်အဦးများကိုမူလပိုင်ရှင်သို့မူလပုံစံမပျက်ပြန်လည်အပ်နှံကြရမည်ဖြစ်ပါသည် ။

ထိုအခါ ကုတင်များ​၊ဆေးရုံအသုံးအ​ဆောင်များ ၊အခြား​သောဝန်​ဆောင်မှုပစ္စည်းများ ကျန်ရှိ​နေမည်ဖြစ်သည့်အတွက် အစိုးရပိုင်​မြေ​ပေါ်တွင် We Love Yangon မှ အ​ခြေခံလူတန်းစားများ လွယ်လင့်တကူ အ​ထွေ​ထွေ​ရောဂါများကို ​ဆေးကုသမှုခံယူနိုင်ရန်ရန်အတွက် “အစိုးရပိုင်ပြည်သူ့​ဆေးရုံ”တစ်ရုံ​ဆောက်လုပ်လှူဒါန်း​ပေးခြင်းဖြင့် ပြည်သူလူထုအတွက်အကျိုးရှိနိုင်မည်ဟုစိတ်ကူးမိပါသည်။

ပြည်သူ့အစိုးရလက်ထက် နိုင်ငံပိုင်​မြေ​ပေါ်တွင်နိုင်ငံသားများ၏ကျန်းမာ​ရေးအတွက် “ပြည်သူ့​ဆေးရုံ”တစ်ရုံထွက်​ပေါ်လာခြင်းကိုစိတ်ကူးနှင့်ပင်ကြည်နူးပီတ်ဖြစ်ရပါသည်။

We Love Yangon မှ​ဆောက်လုပ်လှူဒါန်း​သော်လည်း ခုနှစ်ရက်သားသမီးအလှူရှင်များ၏​​ငွေသာဖြစ်ပါသည်။

အစိုး၏​မြေဖြစ်​သော​ကြောင့်လည်းအစိုးရပိုင်သာဖြစ်ပါမည်၊မည်သူတစ်ဦးတစိ​ယောက် တစ်သင်းတဖွဲ့ကမှဂရံအမည်​ဖောက်၍၎င်းအခြားနည်းဖြင့်​သော်၎င်းအမြတ်ထုတ်ကိုယ်ကျိုးသုံးစွဲမည်မဟုတ်ပါ​ကြောင်းပြည်သူအများသိရှိနိုင်ရန်တင်ပြအပ်ပါသည်။

ယခင် သာ​ကေတမြို့နယ်အတွင်းရည်ရွယ်​သော်လည်း အမှိုက်ပုံ​နေရာမီသိမ်းဓါတ်​ငွေ့များ ထွက်​နေ၍ အခြား​နေရာတစ်ခုတွင်ရည်ရွယ်ပါသည်။
ဤသို့တင်ပြရခြင်းမှာအစိုးရအဖွဲ့အ​ပြောင်းအလဲတွင် မသမာမှုများဖြင့်ကိုယ်ကျိုးရှာတတ်​လေ့ရှိသူများအဖြစ်ထင်​ယောင်ထင်မှားဖြစ်မည့်အ​ရေးကိုကြို​တွေး၍လိပ်ပြာသန့်စွာတင်ပြရခြင်းဖြစ်ပါသည်။

ကျွန်မ၏သက်တမ်းတွင် အစိုးရအလုပ်တာဝန်၌ဖြစ်​စေ၊ပရဟိတအသင်းအဖွဲ့၌ဖြစ်​စေ ​ငွေ​ကြေးနှင့်ပစ္စည်းဥစ္စာအမြတ်ထုတ်ခြင်း ၊လူမှု​ရေးရှုပ်​ထွေး​ဖောက်ပြန်ခြင်းတို့ကိုလက္ခံမည်မဟုတ်ပါ။

ကျွန်မဦး​ဆောင်​နေ​သောအသင်းအဖွဲ့တွင်လည်း စိတ်​စေတနာသန့်သန့်ဖြင့်အများအတွက်အမှန်တကယ်​စေတနာထား​ဆောင်ရွက်ကြသူများနှင့်သာအဂတိကင်းကင်းနှင့်လက်တွဲပူး​ပေါင်း​ဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း ပရဟိတကိုခုတုံးလုပ်၍ကိုယ်ကျိုးရှာသူများကိုလုံးဝလက္ခံမည်မဟုတ်ပါ​ကြောင်းအလှူရှင်များ မိတ်​ဆွေများ သို့ဂတိ​ပေးစကား​ပြောကြားအပ်ပါသည်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •