ပြည်သူ့ရွေးချယ်ခံအစိုးရနဲ့အတူ မိမိတို့ပြည်သူ မိမိတို့စောင့်ရှောက်ကြပါစို့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်သူ့ရွေးချယ်ခံအစိုးရနဲ့အတူ မိမိတို့ပြည်သူ မိမိတို့စောင့်ရှောက်ကြပါစို့ –

တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ဥပဒေ –
အခန်း(၄)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ –

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မူ အခွင့်အာဏာ –
ပုဒ်မ(၂၈) မှ ပုဒ်မ(၃၂)၊ ပုဒ်မခွဲ(၄) ခုဖြင့်ပြဌာန်းထားပါတယ်၊

ပုဒ်မ(၂၉) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်
ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်ကူညီရန်တာဝန်ရှိသည်။

ပုဒ်မ(၃၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် –
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မူများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွန်ခြင်း၊ ကြီးကြပ်ခြင်း နှင့်စစ်ဆေးခြင်းများပြုရမည်။

(ခ) မိမိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မူများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊စစ်ဆေးခြင်း နှင့် ပေါင်းစပ်ညှိနိူင်းပေးခြင်းများပြုနိုင်သည်။

ယခုအချိန်ကာလမှာ မိမိတို့နိုင်ငံ၌ Covid ကပ်ရောဂါ ကူးဆက်မူမြန် ဖြစ်ပွားမူ ဒုတိယလိူင်းအခြေအနေမျိုးဖြစ်ပေါ်လာနေတာကိုတွေ့နေ၊မြင်နေကြရပါတယ်၊
ရခိုင်ပြည်နယ် ပြည်တွင်းကူးဆက်သူတစ်ဦးကိုစတင်တွေ့ရှိခဲ့သည့် ဘြဂုတ်လ(၁၆) ရက်နေ့မှ စက်တင်ဘာလ(၂၀) ရက်နေ့အထိ ကူးစက်ခံကြရသူ (၅၅၄၁) ဦးအထိရှိသွားပြီး၊
သေဆုံးသူ (၉၂) ဦးအထိမြင့်တက်လာပါတယ်၊
မိမိတို့ပြည်သူလူထုအတွက် လိုအပ်ပါသော စားစရာများ၊ဆေးဝါး၊ကရိယာ၊လူနာများနှင့်တာဝန်ထမ်းဆောင်နေကြသောသူများအတွက်လိုအပ်သော အကာအကွယ်ပစ္စည်းများ၊ ငွေကြေး၊
Covid ကူးဆက်သူများအတွက်အရေးပေါ်လိုအပ်ချက်အရ ဆေးရုံကိုဆောက်လုပ်ပေးပါသော မိမိတို့နိုင်ငံတွင်း အလှူရှင်များ၊
ပြည်ပအလှူရှင်များအားလုံးကို လေးစားကျေးဇူးတင်ရပါသည်၊
ကုသရေး ဆရာဝန်နှင့် သူနာပြုအင်အားများသည်လည်း တာဝန်ကျေစွာစွမ်းဆောင်ကြသလို Volunteer များသည်လည်းမေတ္တာစေတနာ အပြည့်ဖြင့် စောင့်ရှောက်ပေးနေကြတာကို တွေ့နေရသည်မှာ ကျေးဇူးတင်ကြရပါတယ်၊

ထို့ပြင် ရန်ကုန်ဆေးရုံကြီးနှင့် အခြားဆေးရုံအသီးသီးတွင်ရှိနေကြပါသော အထွေထွေလုပ်သားများအားလုံးသည်လည်း တာဝန်ကျေကြပါတယ်၊ ကျေးဇူးတင်ရပါတယ်၊

မိမိတို့အားလုံး အထူးသဖြင့်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုံးဖြတ်ချက်ပေးနိုင်ခွင့်ရှိနေကြသော အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များကလက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်နိုင်စေရန်အတွက် –
Field ထဲမှာ ဘာတွေဖြစ်နေပြီး၊
ဘာကြောင့်ဖြစ်နေလဲ၊
ဘာတွေလိုအပ်လဲ၊
ဘာလုပ်ပေးနိုင်လဲ၊
စသည်တို့ကို ရေရေရာရာ သိဖို့လိုအပ်ပါတယ်၊
Field ထဲကို ဆင်းရမှာက လူမူရေးဝန်ကြီးများ၏ အဓိကအလုပ်ပင်ဖြစ်ပါတယ်၊
မြေပြင်အခြေအနေအားလုံးကိုသိအောင်လုပ်ရပါမယ်၊
မိမိတာဝန်ယူရသော တိုင်း/ပြည်နယ်အတွင်းမှာရှိနေသည့် ကုသရေး ဆရာဝန်အင်အား(အဆင့်လိုက်) ဦးရေ၊
ရုံးလုပ်ငန်းဆောင်တာများကိုဆောင်ရွက်နေသည့် ကျန်းမာရေးဦးစီးအခြေအနေ၊သူနာပြုအင်အားအခြေအနေ၊
လိုအပ်ပါက အပြန်အလှန်အကူအညီ အထောက်အကူပြုပေးနိုင်မည့် သုံးသပ်မူ၊
Q သူများနှင့် ကူးဆက်လူနာများအား ကျွေးမွေးနိုင်မည့်အလားအလာ၊အစားအစာများကိုလည်း မကြာခဏ စစ်ဆေးရမည့်အလုပ်၊
ကန်ထရိုက်ယူချက်ကြသည့်အတွက် စစ်ဆေးရမှာဖြစ်ပါတယ်၊
လိုအပ်ပါက အလှူရှင်ပြည်သူများ၏ အလားအလာ အခြေအနေ၊
Volunteer များအင်အားနှင့်အားပေးနှစ်သိမ့်မူ၊
စသည် စသည်တို့ကို လူမူရေးဝန်ကြီးက
ထုံးလိုချေ၊ရေလိုနှောက်နိုင် သလို အားလုံးကို
အချိန်နဲ့တစ်ပြေးညီသိနေရပါမယ်၊
သိစေရန်လည်းလုပ်ဆောင်ရပါမယ်၊
သို့ပါမှ သက်ဆိုင်ရာအရေးကိစ္စများနဲ့ ဝန်ကြီးဌာန ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး၊ စီမံကွပ်ကဲနိုင်မှာဖြစ်ပါတယ်၊
တိုင်းပြည်ကိုရွေ့စေတာက အစိုးရဖြစ်ပြီး၊
လူပ်ရှားနိုင်တာက အသီးသီးသောဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပါတယ်၊
တိုင်းပြည်အတွက် အရွေ့ကောင်းဖြစ်စေရန် ကြိုးစားစွမ်းဆောင် ဆုံးဖြတ်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြီးကြပ်၊လမ်းညွှန်၊စီစစ်၊ညှိနိူင်း၊ပေါင်းစပ်ပေးနိုင်တာက အစိုးရအဖွဲနှင့်သက်ဆိုင်ရာဝန်ကြီးဌာန
ဝန်ကြီးများသာဖြစ်ပါတယ်၊

ပြည်သူလူထုများသည် ကပ်ရောဂါကူးဆက်နိုင်မူများအပြင် အသက်ဆုံးရူံးနိုင်သည့် အခြားရာဂါများ
ရှိနေကြသည်များကိုလည်း သိထား သတိထားရမှာ ဖြစ်ပြီး၊
ထို့အတွက် လိုအပ်မူများနှင့် ဖြည့်ဆည်းပေးနိုင်မူများကိုလည်း စဉ်းစားကာ ဆောင်ကျဉ်းပေးဖို့လိုအပ်ပါတယ်၊

ရန်ကုန်ဆေးရုံကြီးလိုနေရာမှာ နေ့စဉ်အခြားရောဂါများဖြင့်လာရောက် ပြသ ကုသမည့် လူနာများက နိစ္စဒူဝ ဖြစ်ပါတယ်၊
အထူးသဖြင့် ပြင်ပဆေးရုံကြီးများမှာလည်း ပြသ ကုသနိုင်မူများရပ်ထားကြပါတယ်၊
Covid ကိုကာကွယ်ရင်းနဲ့ အခြားရောဂါများဖြင့် သေဆုံးမူများ မြင့်တက်မလာစေရန်သည်လည်း မိမိတို့နိုင်ငံမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်၊

ဆရာဝန်၊သူနာပြုများအသင့်ရှိနေစေရန်လည်းလိုအပ်ပါတယ်၊
Covid အတွက် လူအင်အားများပေးလိုက်ရ၍ ယခင်လို အင်အားအပြည့် မရှိ ကြသော်လည်း ဆရာဝန်၊သူနာပြုများသည် ခွန်အား၊မေတ္တာစေတနာအပြည့်ဖြင့် နည်းနည်း နဲ့ ကျဲ ကျဲ ဝိုင်းဆိုသလို မနေ မနား တာဝန်များကိုထမ်းဆောင်နေကြတာကို တွေ့နေရပါတယ်၊
ဒါတွေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့် ပြီး နေ့ရက်၊နာရီမခြား လိုအပ်တာအပြည့်မဖြစ်ရင်တောင်မှ စွမ်းနိုင်သ၍ ဖြည့်စည်းပေးနေရမှာက တိုင်း/ပြည်နယ်အစိုးရ၏ အလုပ်တာဝန်တွေဖြစ်ပါတယ်၊
ဥပမာ တစ်ချို့ဆရာဝန်ငယ်လေးတွေက ဆေးရုံနဲ့နီးသော သူတို့မိဘများပိုင်သည့် အခန်းမှာ ဆရာဝန်လေးများ သုံးလေးယောက်ခန့်နေပြီဆိုလျှင် ဒေသန္တရ အမိန့်ဆိုပြီး လမ်းအတွင်းတာဝန်ရှိသူများကမနေခိုင်းခြင်း၊နယ်မှမိဘများက သူတို့ သားသမီးဆရာဝန်လေးများကို စိတ်မချလို့ သူတို့အပိုင်အခန်းမှာ ဆေးရုံတွင်တာဝန်ထမ်းနေတဲ့ သားသမီးဆရာဝန်နဲ့လာနေပါက လမ်းသို့မဟုတ် တိုက်ခန်းသာယာရေးကော်မတီ စသည်ဖြစ် ပြသနာလာရှာမူများကြုံနေကြရခြင်း၊ပြင်ပအဆောင်တွင် လခပေးငှားနေကြသော သူနာပြုဆရာမများသည်လည်း ပိုင်ရှင်က နှင်နေမူများကို ခံနေကြရတာတွေလည်း ရှိလာနေတာတွေလည်း ကြားနေရပါတယ်၊
မင်းမဲ့စရိုက်နဲ့ ဥပဒေမဲ့ဆန်နေပါတယ်၊
အထိမ်းအကွပ်မဲ့နေသလိုဖြစ်နေပါတယ်၊
ဒါတွေကို လူမူရေးဝန်ကြီးက သိအောင်ကြိုးစားနေပြီး ပြသနာများကို ဖြေရှင်းပေးနေရပါမယ်၊
သို့မဟုတ် ထိုကဲ့သို့ ပြသနာလေးများမဖြစ်လာစေရန်အလို့ငှာ တိုင်း/ပြည်နယ်အစိုးရက အမိန့် ညွှန်ကြားချက်များကို ထုတ်ထားခြင်းဖြင့် ကြိုတင်ကာကွယ်ထားရပါမယ်၊
စသည် စသည့် ကိစ္စအဝဝအား ဖြေရှင်းဆောင်ရွက်နိုင်သည့် ဥပဒေများကို ဆောင်းပါးအစမှာ ဖော်ပြထားပါတယ်၊
မိမိတို့နိုင်ငံမှာက နိုင်ငံ့ဝန်ထမ်း ကုသရေးဆရာဝန်အင်အားက သိပ်ပြီးလုံလောက်တယ်လို့မရှိပါဖူး၊

အစိုးရတာဝန်ရှိသူများသည်-
(စော်ကား အထင်အမြင်လွဲမှားလိုစိတ်အလျဉ်းမရှိပါဟု ကြိုတင်တောင်းပန်ပါရစေ)၊
မိမိတို့နိုင်ငံ၏ သမိုင်းစဉ် လုပ်ရိုးအရ –
သက်ဆိုင်ရာ ဌာနအကြီးအကဲများ၏ တစ်ချို့ ပြောဆို တင်ပြမူများအား ယုံကြည်ပြီး၊
ပုံအပ်လို့မရနိုင်တာတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်၊
ဒါကြောင့် Decision maker ဟူသည့် နိုင်ငံရေးရာထူးရယူထားသော တိုင်း/ပြည်နယ် အစိုးရတာဝန်ရှိသူများသည် ရေရာသောအလုပ်ဖြစ်စေရန် အပင်ပန်းခံ
ကြိုးစား ဆောင်ရွက်ကြစေရန်မှာ အရေးပါလိုအပ်လှပါတယ်။

ပုဒ်မ(၆၃) ဤဥပဒေပါပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊
ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(မှတ်ချက် – စာရေးသူ၏ ဆွေးနွေးတင်ပြမူများကို ဆိုရင်းမဟုတ်ပါ၊တိုင်း/ပြည်နယ်အစိုးရအဖွဲ့ဥပဒေ၊အခန်း(၁)မှ အခန်း(၆) အထိဖွင့်ဆိုပြဌာန်းထားသော လုပ်ပိုင်ခွင့်များကိုဆိုလိုရင်းဖြစ်ပါတယ်)၊

သို့ပါသော အကြောင်းအချက်များအား လေ့လာ သိနိုင်ကြပါစေရင်း –
ယခုအများဆုံးကူးဆက်မူဖြစ်နေသည့် ရန်ကုန်ကို ကယ်တင် ခြင်းနဲ့အတူ မြန်မာပြည်အဝှမ်းအတွက် –
Covid ကပ်ရောဂါ ကူးဆက်မူမှ အမြန်ဆုံးကယ်တင်နိုင်ပါစေကြောင်း
ပြည်သူ ပြည်သားများနှင့် တိုင်း/ပြည်နယ်အစိုးရများအား တိုက်တွန်း နိူးဆ်ာလိုက်ရပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(၂၁.၉.၂၀၂၀)………


Spread the love
  •  
  •  
  •  
  •  
  •  
  •