ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကို တာဝန်မှရုပ်သိမ်းပေးရန် ပြည်ခိုင်ဖြိုးပါတီ မှအဆိုတင်သွင်းခဲ့တာကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကို ဆက်လက်ကျင်းပရအုံးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မေလ ၂၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် ပြည်ခိုင်ဖြိုးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် (မိုင်းပျဉ်း) မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းပေးရန်အဆိုလွှာကို တင်သွင်းခဲ့ပါတယ်။

၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့ က အဆိုပါ အဆိုလွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၏ကိုယ်စား မိုင်းပျဉ်းမဲဆန္ဒနယ် မှ ဦးစိုင်းထွန်းစိန် က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ထံ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ အများစုတို့ဖြစ်တယ်လို.သိရပါတယ်။
အဆိုပြုလွှာအား ဆွေးနွေးရန်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များစာရင်းကို ပေးသွင်းရန် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ လွှတ်တော်သို့ကြေညာခဲ့ပါတယ်။

အဆိုပြုလွှာတင်သွင်းသည့်နေ့ဟာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပြီးဆုံးရန်နောက်ဆုံးနေ့ဖြစ်သည် ။အစည်းအဝေးကို ကြိုတင်ကြေညာထားသည့် အစီအစဉ်အတိုင်း ကျင်းပရန် အခက်အခဲဖြစ်စေခဲ့ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဆက်လက်ကျင်းပရမည်ဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •