ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိရေး ပြည်သူများ ပူးပေါင်း ပါဝင်ရန် တိုက်တွန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

❐ ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိရေး ပြည်သူများ ပူးပေါင်း ပါဝင်ရန် ရွေးကော် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၄

မဲစာရင်းတွင် မိမိအမည် ပါရှိမှသာ မဲပေးခွင့် ရနိုင်မည် ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိရန် အတွက် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်ဉီး မဲစာရင်း လာရောက် ကြည့်ရှု စစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၇ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် (၁၄) ရက်ကြာ ပထမအကြိမ် အဖြစ် ကပ်ထား ကြေညာမည် ဖြစ်သည်။

ပြည်သူများ အနေဖြင့် အဆိုပါ မဲစာရင်းအား လာရောက် ကြည့်ရှုစစ်ဆေး ပြီးပါက မိမိအမည် မဲစာရင်းတွင် မပါဝင်လျှင် ပုံစံ (၃) ဖြင့် အမည်စာရင်း ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

လိုအပ်သည့် ပုံစံများအား သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်မည် ဖြစ်ပြီး ယင်းသို့ ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက် ပြီးစီးပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် အဖြစ် (၁၄) ရက်ကြာ ထပ်မံ ကပ်ထား ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရှိရသည်။

#Peacock #2020Election #ရွေးကောက်ပွဲ


Spread the love
  •  
  •  
  •  
  •  
  •  
  •