” ပြိုင်တူတွန်းလျှင်‌ ရွေ့နိုင်ပါသည် “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကလျာငြိမ်းစံ

ယခုအချိန်သည် Covid- 19 ကမ္ဘာ့ကပ်ရောဂါဆိုး၏တိုက်ခိုက်ခြင်းအား ကျွန်မတို့မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာကာကွယ်ခြင်းဖြင့်သာ ရင်ဆိုင်တိုက်ပွဲဝင်နေရသည်မှာအားလုံးအသိပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများစွာထဲမှ ဆင်းရဲသောကျွန်မတို့နိုင်ငံလေးမှာ ဒရောဂါဆိုးကြီး မကျရောက်မီအချိန်ထဲကပင် ကျရောက်လာခဲ့သည်ရှိသော် ဆိုသည့်အတွေးများနှင့်မပြည့်စုံမှု့များကြားမှ စိုးရိမ်ပူပန်နေခဲ့ကြရသည်။
ယခုလို ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာသည့်အခါမှာတော့ အားလုံးက မဖိတ်ခေါ်ပဲရောက်ရှိလာသည့် ဧည့်သည်အားမကြိုဆိုချင်ပါပဲ နှင်ထုတ်မရ၍ လက်ခံထားနေရသည်။အန္တရာယ်ရှိသောဧည့်သည်၏ရိုက်ခတ်မှု့အား ပြည်သူများရင်ဆိုင်ကြရသည်။ထိုဧည့်သည်န‌ှင့် မည်သို့မျှထိတွေ့မှု့မရှိအောင် ကာကွယ်မှု့ပေါင်းများစွာဖြင့်နေထိုင်ကြရသည်။နည်းလမ်းတွေအပြေးအလွှားစဉ်းစားကြရသည်။မည်သူမျှ ကံသေ ကံမ မပြောနိုင်သော အကျိုးဆက်များအတွက် ပြည်သူများစမ်းတဝါးဝါးဖြင့် ပြင်ဆင်ရ ကာကွယ်ရ လိုက်နာရင်း စိန်ခေါ်မှု့အသစ်တစ်ရပ်အား ရင်ဆိုင်ကြရသည်။

အစိုးရနှင့်ပြည်သူများ ချိတ်ဆက်မိဖို့၊ပူးပေါင်းမိဖို့၊လက်တွဲမြိကဖို့အတွက်အရင်ဆုံးကြိုးစားကြရသည်။ဒါသည်လည်းပဲ ခေတ်အဆက်ဆက် အကြောင်းတရားပေါင်းများစွာအရ
ကိုယ့်နိုင်ငံရဲ့နိုင်ငံအရေးများကရှုပ်ထွေးလှသည်ကိုး။တစ်ကယ်ကြောက်၍ အားကိုးသည့်ပြည်သူများရှိသလို ကြောက်ပါရက်နှင့်မကြောက်သလိုဟန်နှင့် ဘေးထိုင်ဘုပြောပြီး တစ်ကယ်လုပ်ကိုင်နေသူများ ကိုင်တွယ်ရခက်ခဲအောင် ရှုပ်ထွေးအောင်လုပ်ကြသူများက
တစ်ဖွဲ့နှင့် အတူ မလုပ်မရှုပ် မပြုတ်များကလည်း ရှိနေ၍ပင်ဖြစ်သည်။

သို့သော်…။အချိန်ခဏလေးအတွင်းမှာပင် အစိုးရနှင့်ပြည်သူ ချိတ်ဆကိမိကြသည်။ပူးပေါင်းနိုင်ခဲ့ကြသည်။လက်တွဲညီစွာဖြင့် အတူတစ်ကွ တိုက်ပွဲဝင်ကြသည့်ပုံရိပ်များ နံနက်ခင်းမိုးလင်းသည့်အာရုဏ်ဦးရဲ့ပုံရိပ်တစ်ခုလိုတစ်‌ဖြေးဖြေးပုံရိပ်များပ်ီပြင်လာခဲ့သည်။အထင်အရှားရုပ်လုံးပေါ်လာသည်။နိုင်ငံ‌တော်မှ တာဝန်ယူမှု့များ ဖေးမမှု့များ အားပေးမှု့များကြောင့်ပြည်သူများလည်း အကြောက်တရားများနဲ့နေ့စဉ်နေထိုင်နေကြရာမှ အားကိုးရှိသလို ခွန်အားရသလို ခံစားလာကြရသည်။မိခင်ရဲ့ရင်ခွင်အောက်နေထိုင်ရသော သားသမီးများလို နေထိုင်မှု့ပုံစံများမလုံခြုံသော်လည်း စိတ်တွေလုံခြုံမှူ့ရလာကြသည်။

ကျန်းမာရေးဆိုင်ရာ ဆရာဝန်များရဲ့အသက်ပေးလို့ရှေ့တန်းမှ
ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှု့များ၊အလွှာအသီးသီးမှ ပရဟိတ လူငယ် လူရွယ် လူကြီး ဆရာတော် သံဃာတော်များပါ မကျန် အသီးသီးထွက်ရှိလာကြပြီး စွန့်လွှတ်အနစ်နာခံစောင့်ရှောက်ပေးမှု့များကလည်း Myanmar Philanthropy Garden လို့ဆိုပြီး WHO ကကြေငြာလိုက်သလို ကျွန်မတို့နိုင်ငံအား ပရဟိတဥယျဉ်ကြီးလို့တင်စားခံခဲ့ရခြင်းပင်ဖြစ်သည်။
ဘယ်လောက် ဂုဏ်ယူစရာကောင်းပါသလဲ။ဘယ်လောက်ပီတိဖြစ်စရာကောင်းပါသလဲ။

အဆိုးဆုံးအ‌ခြေအနေမှာပင် အကောင်းဆုံးစောင့်ရှောက်ကူညီ ဖေးမမှု့များရရှိခဲ့သည့်အတွက်ကျွန်မတို့ပြည်သူတွေဘယ်လောက်တောင်ကံကောင်းကြပါသလဲ ဆိုတာကိုဖြင့် တွေးမိချိန်မှာကြည် နူးခဲ့ရပါသည်။
ကူညီ ကယ်ဆယ်စောင့်ရှောက်ရေးမှာအုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်လာကြသူတွေ
များလာလေလေ အုပ်ချပ်ရေတွေများလာပြီး သဲတွေအစုအလိုက်အပုံလိုက်ဖြစ်လာလေလေပါပဲ။
အခုဆိုရင်တော့ Covid-19 ရောဂါကူးစက်မှု့အရှိန်လျော့ပါးလာသလို ကာကွယ်ရေးအဖွဲ့အစည်းများကလည်း အင်တိုက်အားတိုက် လုပ်ဆောင်လာကြတာမို့နိုင်ငံတော်မှချမှတ်ထားသော စည်းကမ်းချက်များ ပိတ်ပင်တားဆီးမှု့များ အရေးယူမှု့များအား ထိုက်သင့်သလောက်လျှော့ချပေးလာသည်။လက်ဖက်ရည်ဆိုင်များ စားသောက်ဆိုင်များ ပိတ်ထားခဲ့သောစက်ရုံ အလုပ်ရုံများပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြန်လည်လည်ပတ်ခွင့်များပြုခဲ့သည်။


ညမထွက်ရအမိန့်များအား အချိန်များပြင်ဆင်သတ်မှတ်လို့ဖြေလျှော့ပေးပါသည်။ပြည်သူများဘက်မှလည်း‌ဖြေလျှော့ပေးမှု့များကြောင့်သော်လည်းကောင်း၊မိမိတို့၏အိမ်ထဲတွင်အချိန်ကာလကြာ မြင့်စွာ နေလို့မရကြသည့်ဘဝသမားများ များပြားသည့် အလျောက် ပြည်သူများမှလည်း စိုးရွံ့စိတ် ကြောက်စိတ်များနှင့်အတူ စားဝတ်နေရေးအတွက်မဖြစ်မနေ လမ်းပေါ်ပြန်ထွက်ကြရသည်။လုပ်ငန်းခွင်များဆီသို့အသီးသီးပြန်လည်ဝင်ရောက်ကြရသည်။သို့သော်….အဆိုပါကပ်ရောဂါကြီးကတော့နိုင်ငံအတွင်းမကင်းစင်သေးတာမို့နိုင်ငံတော်မှ ဖြေလျော့ထားပေးပြီး ဆက်လက်ထားရှိထားသည့် စည်းကမ်းချက်များဖြင့် ဆက်လက်ဆောင်ရွက် ထိန်းကျောင်းပေးနေရဆဲပင်ဖြစ်သည်။
ထိုသို့ထိန်းကျောင်းမှု့များ ကျန်ရှိနေဆဲစည်းကမ်းချက်များအား ကျွန်မတို့ပြည်သူများမှလည်းနားလည်သဘောပေါက်ဖို့ လိုက်နာဖို့လိုအပ်ပါသည်။အဆိုပါကပ်ရောဂါကြီးသည် အင်မတန်သစ္စာရှိ‌ကြောင်းတွေ့ရသည်။လူတန်းစားမရွေး၊ဆင်းရဲချမ်းသာမ‌ရွေး၊ကျား/မ မရွေး၊အရွယ်မ‌ရွေး ဒုက္ခပေးရန်အသင့်ရှိနေပါသည်။
ထို့ကြောင့်…လူတိုင်း လူတိုင်း Mask တပ်ခြင်းနှင့် စက္ကန့်၂၀ ကြာလက်ဆေးခြင်းအား အတိအကျလိုက်နာ ကြရန်လိုပါသည်။ ထို့ကြောင့် ပြည်သူများ
ကိုဗစ်နှင့်ထိပ်တိုက်မတွေ့ရန် ရှောင်ကွင်း ကာကွယ်နေတတ်ရန် ပြည်သူအချင်းချင်းလက်တို့သတိပေးနေကြစေချင်သည်။


ကျွန်မတို့တစ်တွေဟာ ဒီကပ်ရောဂါကြီးကြောင့် သာယာလှပသော ပျော်ရွှင်ကြည်နူး ချမ်းမြေ့ရသော နေ့ရက်များအစား စိတ်နှလုံးမချမ်း‌မြေ့ဖွယ်နေ့ရက်များ စိုးရိမ်သောကများဖြင့် အိပ်စက်ခြင်း နိုးထခြင်းများဖြင့် အတိပြီးသော နေ့ရက်များအားပိုင်ဆိုင်ခဲ့ကြရသည် ။
သူငယ်ချင်း မိတ်ဆွေ မိသားစုများရဲ့နွေးထွေးစွာ နေထိုင်မှု့များအစား သံသယအတွေးများဖြင့် ခပ်ခွါခွါနေထိုင်ကြရင်း‌ လျော့ပါးလာ သော ချစ်ခင်နွေးထွေးမှု့များဖြင့်
နေထိုင်မှု့နေ့ရက်များအား အချိန်ကာလ မည်မျှကြာအောင်လက်ခံထားရကြမည်မသိပေ။

ထို့ကြောင့် မည်သို့ပင်ဆိုစေမည်သည့်အခက်အခဲမျိုး စိန်ခေါ်မှု့မျိုးကိုမဆို စည်းလုံးညီညွတ်စွာဖြင့်အတူပေါင်းစည်း၍ ရင်ဆိုင်တိုက်ပွဲဝင်ကြမည်ဆိုလျှင် ကျွန်မတို့ရဲ့
တန်ဖိုးထားရသော နဂိုရပိုင်ခွင်များလွတ်လပ်မှု့များ ပြန်လည်ရရှိမည်ဟုယုံကြည်သည်။ကျန်းမာရေးဝန်ကြီးဌါနမှချမှတ်ထားသော စည်းကမ်းချက်များ နေထိုင်မှု့ပုံစံများအား
မိမိတို့ပြည်သူများမှ တစ်ဦးချင်းတစ်ယောက်ချင်းစီအလိုက် လိုက်နာကြဖို့လိုပါသည်။ယခုအချိန်တွင် အများသူဌါလက်စွဲဖြစ်သော facebook သုံးခြင်းအားလည်း တန်ဖိုးရှိသော စာပေများ၊သတင်းများဖတ်ခြင်းဖြင့် အကျိုးရှိရှိ ဆင်ခြင် သတိတရားများ စုပေါင်းညီညာစွာဖြင့် Covid-19 ရောဂါဆိုးအား တွန်းလှန်တိုက်ဖျက်ကြပါစို့လို့ အသိပေးရင်း မည်သည့်အရွေ့မဆို “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါကြောင်း ” ထပ်လောင်းပြောချင်မိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •