ပြောင်းသင့်တာတွေကို ပြောင်းရဲတဲ့ သတ္တိရှိပါစေ၊ မပြောင်းသင့်တာတွေကို သည်းခံနိုင်တဲ့ အင်အားရှိပါစေ(ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြောင်းသင့်တာတွေကို ပြောင်းရဲတဲ့ သတ္တိရှိပါစေ၊ မပြောင်းသင့်တာတွေကို သည်းခံနိုင်တဲ့ အင်အားရှိပါစေ၊ ဘာကို ပြောင်းသင့်တယ်၊ ဘာကို မပြောင်းသင့်ဘူးဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ပညာအမြော််အမြင် ရှိပါစေ။

ဒီဆုတောင်းကို ကျွန်မ သိပ်ကြိုက်ပါတယ်။ ဒါပေမဲ့ ‘ပြောင်းသင့်’ကိုတော့‘ပြောင်းနိုင်’နဲ့ တွဲပြီးစဉ်းစားရပါမယ်။ ဒီမှာ သတ္တိနဲ့ ပညာ နှစ်ခုလုံး လိုပါတယ်။ နည်းနည်းခက်ခဲတာနဲ့ ရင်ဆိုင်ရရင်၊ ‘မရပါဘူး’ လို့လွယ်လွယ် ဆုံးဖြတ်တာမျိုးက အောင်မြင်၊ တိုးတက်မှုလမ်းကို ပိတ်စေပါတယ်။ အခု ကျွန်မတို့ ကိုင်နေတဲ့ iPad ဖုန်းကိုကြည့်ပါ။ ဒါမျိုးမဖြစ်နိုင်ပါဘူးလို့ ပြောတဲ့သူတွေက အများစုဖြစ်နေတာ ဆယ်စုနှစ် အနည်းငယ်သာ ရှိပါသေးတယ်။ ဟော၊ ခုတော့လည်း ကောင်းကောင်းကြီးဖြစ်နေပါပြီ။

မြန်မာပြည်လို မတည်ငြိမ်တဲ့ သမိုင်း ရှိခဲ့ပြီး၊ ဖွံ့ဖြိုးမှုကလည်း နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ပြောင်းသင့်တာတွေက အများကြီးပါ။ ဒါတွေကို ပြောင်းနိုင်အောင် အများကြီး ကြိုးစားကြရမှာပါ။ Covid နဲ့ပတ်သက်လို့ ကျွန်မတို့ အကျင့်စရိုက်တွေ ပြောင်းရတာကလည်း ကျွန်မတို့ နိုင်ငံရဲ့ပြောင်းလဲမှုဖြစ်စဉ်ကြီးရဲ့တစ်စိတ်တစ်ပိုင်းလို့ ခံယူပြီးအကျိုးရှိအောင် ရင်ဆိုင်သွားနိုင်ပါတယ်။ အင်အားကြီးနိုင်ငံ မဟုတ် လို့ ကျွန်မတို့ ထွင်ဥာဏ်တွေ၊ ဇွဲလုံ့လတွေ၊ စိတ်တည်ငြိမ်မှုတွေ၊ ပိုမိုလုပ်နိုင်စွမ်းတွေ ပိုမွေးကြရမှာပေါ့။

‘လိုအပ်တာတွေက များလိုက်တာ’လို့ စဉ်းစားပြီး စိတ်မပျက်ပါနဲ့။ စိန်ခေါ်မှုတွေများတာနဲ့အမျှ စိတ်အားထက်သန်စွာနဲ့ ရင်ဆိုင်ကြရအောင်။ ဘယ်သူမှ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မတိို့တွေအားလုံး အတူရှိနေပါတယ်။

သွေးစည်းညီညွတ်မှု စိတ်ဓာတ်နဲ့ ပို့လိုက်တဲ့ ကတ်ကလေးတွေ၊ ဂုဏ်ပြုလွှာတွေကို ကြိုက်ကြပါစေလို့ မျှော်လင့်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •