” ပြောပါရစေ”{ ပုံစံ(၁၉) မှာ လက်မှတ်မထိုးရင်ဘာဖြစ်မလဲ}

Spread the love
  •  
  •  
  •  
  •  
  •  
  •  

” ပြောပါရစေ”

ပုံစံ(၁၉) နှင့်သက်ဆိုင်သည့် ကောလ ဟာလ များအား တစ်ချို့မှ လေ့လာမူမရှိကြပါဘဲ အမှန်ထင်ကာ စိုးရိမ်ကြောင့်ကျမူများကြောင့် ရိုးရိုးသားသား ရေးသားပြောဆိုနေကြခြင်း၊

တစ်ချို့က အကွက်ဘဲဆိုပြီး အရေးပါသော
ပြသနာတစ်ခုသဖွယ် ဖွနေကြတာကိုတွေ့နေ၊
ကြားနေရပါတယ်၊

သို့ကြောင့် အများပြည်သူများသိသာကြပါစေရင်းအလို့ငှာ ပုံစံ(၁၉) နဲ့သက်ဆိုင်သည့်
ရွေးကောက်ပွဲနည်းဥပဒေ ကိုရေးသားတင်ပြရခြင်းဖြစ်ပါတယ်၊
နည်းဥပဒေများမှာ ပြည်သူ့လွတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး၊ပြည်နယ်လွတ်တော် များဖြစ်ပြီး၊
အခန်း၊ပုဒ်မ ၊စကားရပ် တူစွာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများကိုပြဌာန်းထားခြင်းဖြစ်ပါတယ် ၊

ပြည်သူ၊အမျိုးသား၊တိုင်းဒေသကြီး၊ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ –
အခန်း(၁၂)
ဆန္ဒမဲရေတွက်ခြင်း၊ရွေးကောက်ပွဲအနိုင်အရှုံး ကြေညာခြင်း –
ပုဒ်မ(၆၇) မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည်၊
ပုဒ်မခွဲ(ခ) –
မဲဆန္ဒနယ်အတွင်းရှိမဲရုံများ၏ မဲရုံမှူးများထံမှ ပုံစံ(၁၆) ဖြင့်ရေးသွင်းထားသောလွတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးရရှိသည့် ဆန္ဒမဲအရေအတွက်(နည်းဥပဒေ ၄၆(ခ)(ဂ) ) တို့အရ ရရှိသည့် ဆန္ဒမဲများအပါအဝင် နှင့်ပုံစံ(၁၈)အရ မိမိလက်ဝယ် ရရှိထားသည့် ကြိုတင်မဲအရေအတွက်ကို ပေါင်းပြီး
လွတ်တော်ကိုယ်စားလှယ်လောင်းအသီးသီး ရရှိ ဆန္ဒမဲအရေအတွက်ကို ကြေညာထားသည့် ကိုယ်စားလှယ်လောင်းအစီအစဉ်အတိုင်း
ပုံစံ(၁၉) ဖြင့်အများပြည်သူရှေ့မှောက်တွင်
စာရင်းပြုစုရမည်၊
ယင်း ပုံစံ(၁၉) တွင်လွတ်တော်ကိုယ်စားလှယ်လောင်းများ၊သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊အသိသက်သေများနှင့်သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတို့က မှန်ကန်ကြောင်းလက်မှတ်ထိုးရမည်၊
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ မလာရောက်နိုင်ပါက ကိုယ်စားလှယ် စေလွတ်ဆောင်ရွက်ရမည်၊
လက်မှတ်ထိုးရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာ ဖြစ်စေရမည်၊
ယင်းစာရင်းတစ်စောင်ဆီကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၊
နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဒေသ၊ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့၍ တစ်စောင်ကို လက်ခံအဖြစ် သိမ်းဆည်းထား ပြီး တစ်စောင်ကို မိမိရုံးတွင်ကပ်ထားရမည်။

ပုံစံ(၁၆) ဆိုတာ ကျောဘက်၌ မဲရုံများတွင် ဆန္ဒမဲရေတွက်ရာနေရာတွင်ရောက်ရှိနေသော ပြည်သူ သက်သေ(၁၀) ဦးမှလက်မှတ်ထိုးထားသည့် ပုံစံဖြစ်ပါတယ်၊

ပုံစံ(၁၉) ကို လွတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊သို့မဟုတ် ကိုယ်စားလှယ်စေလွတ်၍ လက်မှတ်မထိုးခြင်းကြောင့် ရွေးကောက်ပွဲဆိုင်ရာ အနိုင်ရကိုယ်စားလှယ် ကြေညာရန် အတွက် ဥပဒေအရ တစ်ဆို့မူနှင့်တရားမဝင်ပါဘူးဆိုသည့် ပြဌာန်းထားချက် ဥပဒေမရှိပါ(လုံးဝမရှိပါ)၊
လက်မှတ်မထိုးသူ၏ တာဝန်သာဖြစ်ပါတယ်၊
လက်မှတ်မထိုးလည်း အနိုင်ရကိုယ်စားလှယ်ကြေညာရန် တစ်စုံတစ်ရာသော ပြသနာအလျဉ်းမရှိပါ၊
(Legalization)တရားဝင်ဖြစ်ပြီးဖြစ်ပါတယ်၊

နည်းဥပဒေ
ပုဒ်မ(၇၁) သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့်စပ်လျဉ်း၍ …
(က) ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ(၄) နာရီအထိသာ လက်ခံရမည်။
(ခ)နည်းဥပဒေ(၆၂) အရကြိုတင် ဆန္ဒမဲလက်မှတ်များပါဝင်သည့်စာအိပ်များကိုပေးပိဲုလာသောအခါ ယင်းစာအိပ်များပေါ်တွင်လက်ခံရရှိသည့် အမှတ်စဉ်၊နေ့ရက်နှင့်အချိန်တို့ကိုဖော်ပြ၍ ပုံစံ(၁၈ – ၁) တွင်ရေးသွင်းပြီး ယင်းစာအိပ်တို့ကို ချိတ်ပိတ်ထားသည့် မဲပုံးအတွင်းသို့ထည့်၍ လုံခြုံစွာ သိမ်းဆည်းထားရမည်။
(ကြိုတင်မဲများနှင့်စပ်လျဉ်း၍ အထူးသတိထားကြရမည် ဖြစ်ပါတယ်၊ လိုအပ်ပါက ကြိုတင်မဲစာအိပ်တွင် နေ့ရက် အချိန်မှတ်ထားခြင်းရှိ မရှိ တောင်းယူကြည့်ရူဘို့လိုပါတယ်)

တစ်ချို့ရှုံးကြသော ကိုယ်စားလှယ်လောင်းများသည် များသောအားဖြစ် မဲရေတွက်ပြီးသည်အထိ
မစောင့်ကြပေ၊ညနေပိုင်းလောက်ကထဲက ပြန်ကြတဲ့သူများပါတယ်၊
ကိုယ်ယူရမည့်တာဝန်ကို အပြီးထိမယူကြပါဘဲ
သဘောထားကြီးသယောင် လူတွေကို fb မှာရေးသားပြောဆိုနေကြပြီး၊အသိအမှတ်ပြု လက်မှတ်ထိုးရမည့် ကျင့်ဝတ်ကိုဖေါက်ဖျက်နေကြတာကို တွေ့နေရပါတယ်၊
ဒါကိုဘဲ ပုံစံ(၁၉) မှာသူတို့က လက်မှတ်မထိုးရင် ( Legalization ) မဖြစ်သယောင် မဲဆန္ဒရှင်ပြည်သူများမှ ထင်ယောင် ထင်မှား ဖြစ်ကြစေရန် ပြောဆိုနေကြတာဖြစ်ပါတယ်။
တည်ငြိမ်မူကိုလည်းအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်၊
ထိုကဲ့သို့သော သူများကို မိမိတို့ ပြည်သူများက အဘယ်ကဲ့သို့များပုံအပ်ကြရမှာလည်းလို့တွေးဆ မိလိုက်ပါတယ်၊

ဒါကြောင့် နည်းဥပဒေမှာ ပုံစံ(၁၉) ကို လက်မှတ်ထိုးရန် ပျက်ကွက်(ပျက်ကွက်) ပါက ပျက်ကွက်သူ (ပျက်ကွက်သူ) ၏ တာဝန်သာ ဖြစ်စေရမည်၊ဟု တိတိလင်းလင်း၊တိကျထိရောက်သည့် စကားရပ်ဖြင့်နည်းဥပဒေ မှာပြဌာန်းထားခြင်းဖြစ်ပါတယ်။
မိမိတို့ပြည်သူများ နားမယောင်ကြပါနဲ့၊
မစိုးရိမ်ကြပါနဲ့၊
ယခုရွေးကောက်ပွဲကို ဂျပန်နိုင်ငံအစိုးရရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်မှ မြန်မာနိုင်ငံရွေးကောက်ပွဲသည် တိကျမှန်ကန်ပြီး၊ တရားမျှတသော လွတ်လပ်သည့်ရွးကောက်ပွဲ ဖြစ်ပါတယ်၊
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မူအတွက် မြန်မာအစိုးရနှင့်ပူးပေါင်း ကူညီဆောင်ရွက်သွားပါမယ် ဟုသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး၊
ကြေညာချက်တစ်စောင်ထုတ်လိုက်သည့်အပြင် နိုင်ငံတကာကလည်း ချီးကျုးအသိအမှတ်ပြုအားပေးထောက်ခံကြပါတယ်။

သို့ဖြစ်ပါ၍ ရွေးကောက်ပွဲနည်းဥပဒေ –
ပုဒ်မ(၇၂) အရခိုင်လုံသောဆန္ဒမဲအရေအတွက်အများဆုံးရရှိသော လွတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးကောက်တင်မြှောက်ခံရသည့် လွတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း တိုင်းဒေသကြီး၊သိဲုမဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကကြေညာရမည်၊
ဖြစ်ပြီး –
ပုဒ်မ(၇၂)(ခ) အရ ကော်မရှင်သည်တင်မြှောက်ခံရသည့်လွတ်တော်ကိုယ်စားလှယ်များအား လွတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွာများထုတ်ပေးရမည်၊
ယင်းလွတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းဖော်ပြရမည်၊
လို့ နည်းဥပဒေများပြဌာန်းထားပါတယ်၊

သို့ပါသောကြောင့်မိမိတို့ပြည်သူ ပြည်သားများသည် စိုးရိမ် ပူပန်မူများမထားကြပါနဲ့၊
ယနေ့မိမိတို့၏ ရွေးချယ်ခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံနှင့်ပြည်သူပြည်သားများအတွက် ဥပဒေများဖြင့် သွားနေခြင်း၊ ရပ်တည်မူများကို ခိုင်မာ အားကောင်းလာ၍ တရားဥပဒေ စိုးမိုးမူလည်းရှိနေစေရန် ကြိုးစားနေယုံမျှမက သူ့ Sector အလိုက် လက်တွေ့ကျစွာ ဆောင်ရွက် လုပ်ကိုင်နေတာကို တွေ့နေ မြင်နေရကာ၊
ကောင်းကျိုးများကိုလည်း တစ်စထက် တစ်စ
ရရှိနေကြရပါပြီ။

စိုးရိမ်မူခံစားချက်များလွန်းရင် အန္တရာယ်ရှိပါတယ်၊
သီးခံ စိတ်ရှည်၍ တိုင်းပြည်အတွက် အန္တရာယ်ဇုံကြီး မဖြစ်စေရန် ဆင်ခြင်တုံတရားများ နဲ့အတူ ညီညီညွတ်ညွတ်ဖြင့် မိမိတို့တိုင်းရင်းသား ညီအကို မောင်နှမ သားချင်းများမှ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနိူင်း၊ပူးပေါင်း ဆောင်ရွက်နိုင်ပါစေကြောင်း
ရေးသားတိုက်တွန်းလိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(10.11.2020)………


Spread the love
  •  
  •  
  •  
  •  
  •  
  •