ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေတာကြောင့်ကြိုတင် စီမံခန့်ခွဲမှု အဆင့် (၁)အဖြစ်အစိမ်းရောင်အလံများ စိုက်ထူသတိပေးထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေတာကြောင့်ကြိုတင် စီမံခန့်ခွဲမှု အဆင့် (၁)အဖြစ်အစိမ်းရောင်အလံများ စိုက်ထူသတိပေးထါး

ပွင့်ဖြူ     စက်တင်ဘာ       ၂၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ သတ်မှတ် ထားသော တမံရေပြည့်အမှတ်     ၃၄၀ ပေထက် တစ်ပေခန့် ကျော်လွန်နေ၍ ယမန်နေ့ ညနေ ၅ နာရီအချိန်က တမံအောက်ဘက်တွင်ရှိသော ကျေးရွာများမှ ပြည်သူများ သိရှိနိုင်ရန် ကြိုတင် စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေး နှိုးဆော်ထားကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။

ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုများ ရှိသော်လည်း ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိသေးကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပြည်သူများ သိရှိနိုင်စေရန် အစိမ်းရောင်အလံ စိုက်ထူ၍ အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရေလှောင်တမံ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အသိပေးနှိုးဆော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုနေ့က တမံအောက်ဘက်တွင်ရှိသော မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ လယ်မကျေးရွာ၊ ရေယဉ်ကျေးရွာများမှ ပြည်သူများ ကြိုတင် သိရှိနိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံ၍ ကြီးအုံကြီးဝတမံမှ ဦးစီးအရာရှိ ဦးထွန်းလွင်က တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေမှု အခြေအနေနှင့် ပတ်သက်ပြီး အသိပေး ရှင်းလင်း ဆွေးနွေးပြောကြားကာ သဘာဝ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက်အရ အစိမ်းရောင်အလံများကို စိုက်ထူဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)


Spread the love
  •  
  •  
  •  
  •  
  •  
  •