” ပွဲကြိုက်တဲ့ အင်ဒီးယန်း တွေကြောင့် ကိုရိုနာဗိုင်းရပ်(စ်)တရှိန်ထိုးကူးစက်လာမှာစိုးရိမ်နေရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိန္ဒိယရဲ့ ပွဲကြိုက်တဲ့စိတ်နေသဘောထားကြောင့်
ကိုရိုနာဗိုင်းရပ်(စ်)တရှိန်ထိုးကူးစက်လာမှာ
စိုးရိမ်နေရ”
November 15, 2020
နယူးဒေလီ(AP)
ဒီဝါလီပွဲတော်( Diwali Festival)အကြို
စနေနေ့က ဈေးဝယ်စရာနေရာတွေမှာ ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးဟာ လော့ခ်ဒေါင်း
လပေါင်းများစွာချထားရပြီးတဲ့နောက် စုတ်ပြတ်သွားခဲ့တဲ့ စီးပွါးရေးအတွက် မျှော်လင့်ချက်တွေ တိုးမြင့်လာရရုံတင်မကပဲ
လူအစုလိုက် အပြုံလိုက် ရောဂါပိုး ကူးစက်ပြန့်ပွါးလာမှာကိုလည်း စိုးရိမ်နေကြရပါတယ်။
“မရှိမဖြစ်ပစ္စည်းတွေကိုသာ သွားရောက်
ဝယ်ယူကြဖို့ လပေါင်းများစွာကြာကန့်သတ်ထားခြင်းခံရတဲ့လူထုဟာ ပွဲလမ်းသဘင်အခမ်းအနားကို
ငတ်မွတ်နေကြပုံရပြီး၊အရောင်းအဝယ်လုပ်ငန်းတွေ အကြီးအကျယ်ဖြစ်ထွန်းနေပါတယ်။”လို့
အောလ်အန္ဒိယကုန်သည်ကြီးများအဖွဲ့က
အထွေထွေအတွင်းရေးမှူး ပ ရာဗင်းန် ခန်ဒယ်ဝယ်(လ်)က ပြောပါတယ်။
“လွန်ခဲ့တဲ့၃ရက်လောက်ပွဲတော်အတွက်လိုအပ်တာတွေဝယ်ယူဖို့ ဈေးဝယ်သူတွေ ကုန်တိုက်တွေမှာ တပုံတခေါင်းကြီးရောက်ရှိလာကြပါတယ်။”
လို့သူကပြောပါတယ်။သန်းပေါင်းများစွာသောဈေးဝယ်သူတွေကြားမှာ များပြားလှတဲ့လူအုပ်ကြီးဟာ နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်ဆင်ထားတာမရှိသလို အိန္ဒိယမြို့တော်တွေ၊မြို့ကြီးတွေမှာ လိုက်နာဖို့ပြဌန်းတဲ့ လူချင်းအလှမ်းကွာအောင်နေထိုင်ကြဖို့
Social Distancing ပြဌန်းချက်တွေကိုလည်း
လိုက်နာကြခြင်းမရှိတာကိုတွေ့ရပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက်သူ ၈.၇သန်းကျော်နဲ့ကမ္ဘာမှာ
ဒုတိယမြောက်ကူးစက်သူအများဆုံးနိုင်ငံဖြစ်နေပြီး၊သေဆုံးသူစုစုပေါင်း၁၂၈၆၀၀ ကျော်
အထိ ရှိနေပြီဖြစ်ပါတယ်။
အခြားသောဟိန္ဒူလူမျိုးအများစု လွှမ်းမိုးတဲ့ အိမ်နီးချင်း နီပေါနိုင်ငံမှာ လူထုဟာ
အစိုးရရဲ့ပန်ကြားချက်တွေကိုလိုက်နာပြီး ပွဲတော်ကို အိမ်ထဲမှာပဲမိသားစုနဲ့ကျင်းပပြီး၊
လူစုလူဝေးနဲ့စုရုံးမှုတွေကို မပြုလုပ်ပဲ ရှောင်ရှားကြပုံရပါတယ်။
ဟိမဝန္တာပြည်နယ်ဒေသအချို့မှာ
အစဉ်အလာကျင်းပမြဲဖြစ်တဲ့”Deusi-Bhailo”
ပွဲတော်ကို မကျင်းပဖို့တားမြစ်ထားပါတယ်။
ပွဲနေ့မှာမိန်းကလေး၊ယောက်ျားလေးအုပ်စုတွေ
ဟာအိမ်နီးနားချင်းအိမ်တွေကိုသွားရောက်ပြီး
သီချင်းတွေ သီဆိုကြ၊ကကြပါတယ်။အပြန်အလှန်အနေနဲ့ ပိုက်ဆံတွေ သကြားလုံးတွေပြန်ပေးကြပါတယ်။ကျီးကန်းတွေ၊နွားတွေ၊နတ်ဘုရားတွေ၊ညီအကိုတွေကိုပူဇော်ပသတဲ့အနေနဲ့ တနေ့စီ
နီပေါနိုင်ငံမှာ ၅ရက်ကျော်ကြာကျင်းပတဲ့
ပွဲတော်တခုဖြစ်ပါတယ်။
ဒီနှစ်အိန္ဒိယရဲ့ပွဲတော်ရာသီဟာ Dussehraအခမ်းအနားတွေလွန်ခဲ့တဲ့လက
စတင်ကျင်းပရမှာဖြစ်ပေမဲ့အောင့်အည်း
ထိန်းသိမ်းထားခဲ့ကြရပါတယ်။ ဒါပေမဲ့အခုတော့ လူတွေဟာအိမ်ပြင်ကိုထွက်လာကြပြီး၊နယူးဒေလီ၊မွမ်ဘိုင်း၊အမီဒါဘက်ဒ်၊လပ်ခ်နောင်း နဲ့ပတ္တနားအစရှိတဲ့ အိန္ဒိယနိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာ စုပြုံ
တိုးဝှေ့ပြီး ဒီရက်သတ္တပတ်မှာဈေးဝယ်နေကြ
ပါတယ်။
လူများစွာဟာ ပန်းတွေ၊
သကြားလုံးတွေ၊သစ်သီးခြောက်တွေ၊ဖယောင်းတိုင်တွေနဲ့ မီးအိမ်တွေကို ဒီဝါလီ ပွဲ
တော်အတွက်ဝယ်ယူနေကြပါတယ်။
နှစ်စဉ်အောက်တိုဘာ နဲ့ နိုဝင်ဘာလတွေမှာ
ကျင်းပမြဲဖြစ်တဲ့ ဒပ်ဆယ်ဟရာ၊ဒီ ဝါလီ နဲ့
ဒါရ်ဂါပူဂျာပွဲတော်တွေမှာ အဝတ်အစားများ၊စမတ်ဖုန်းများ နဲ့ လျှပ်စစ်ပစ္စည်းများအပြင်
နေအိမ်တွေ၊ကားတွေ နဲ့ ရွှေတွေကို ပုံအော
ဝယ်ယူကြလေ့ရှိပါတယ်။ဒီဝါလီပွဲတော်အတွက်ရောင်းချရမှုဟာ ဒေါ်လာ၈သန်းအထိရှိလိမ့်မယ်လို့ကုန်သည်တွေကမျှော်လင့်ထားတယ်လို့ ခန်ဒယ်ဝယ်(လ်)
ကပြောပါတယ်။ ဒါပေမဲ့ လူထုကြီးဟာ ကုန်ပစ္စည်းတွေလျှော့ဈေးနဲ့ဝယ်နိုင်ဖို့အခွင့်အလမ်းစောင့်စားနေကြပြီး၊ ကပ်ရောဂါကာလအတွင်းမှာပိုက်ဆံအများကြီးမသုံးမိဖို့သတိထားနေကြတာကြောင့်
သိတ်အများကြီးမျှော်လင့်မထားမိဖို့လည်းကုန်သည်အတော်များများကပြောကြပါတယ်။
“အရင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ စီးပွါးရေးလုပ်ငန်းတွေရဲ့အခြေအနေဟာ၄၀ရာခိုင်နှုန်းလောက်အထိပဲရှိပါတယ်။လူတွေက
ကိုဗစ်-၁၉ ကပ်ရောဂါကိုကြောက်နေတာ ကြောင့် ဈေးဝယ်သူဖောက်သည်၆၀ရာခိုင်နှုန်း
လောက်လျော့ကျသွားပါတယ်။”လို့ နယူးဒေလီမြို့ဆာရိုဂျီနီ လက်ကားဈေးက ဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ဂျစ်တင်န်ဒါဆက်ခ်ျ ဒေဗာက ပြောပါတယ်။ “ကျွန်တော်ဈေးကို
ရောက်သွားခဲ့တယ်။အဲ့ဒီမှါ ဒီဝါလီ ပွဲတော်ကြောင့် လူအုပ်ကြီး အများအပြား စုဝေးနေကြတာကိုတွေ့ရတယ်။ကပ်ရောဂါအရှိန်အဟုန်နဲ့ကူးစက်လာမှာကိုစိုးရိမ်မိတယ်ဗျာ။”လို့ အသက်၂၀အရွယ်
ပါယယ် ဂျာ ဆိုတဲ့ကျောင်းသားလေးက ပြောပါတယ်။
အန္ဒိယနိုင်ငံရဲ့ဟိန္ဒူပွဲလမ်း သဘင်တွေမှာလူသိန်းချီ ပါဝင်ဆင်နွှဲလေ့ရှိကြပြီး၊ဘုရားကျောင်းတွေ၊
ဈေးဝယ်စရာနေရာတွေမှာလူသူစုဝေးကြသလို
မိသားစုတွေတွေ့ဆုံစုဝေးပြီး လက်ဆောင်ပစ္စည်းတွေအပြန်အလှန်ပေးကြတာမျိုးတွေလုပ်ကြလေ့ရှိပါတယ်။
ဒီဝါလီပွဲတော်ညမှာ မီးရှူးမီးပန်းတွေကို
ကောင်းကင်ပေါ်မှာပစ််ဖောက်ကြလေ့ရှိပြီး၊
လေထုညစ်ညမ်းစေတဲ့မီးခိုးငွေ့တွေဟာရက်အနည်းကြာမှသာသန့်ရှင်းသွားလေ့ရှိပါတယ်။
နယူးဒေလီဝန်ကြီးချုပ် အာဗင် ကက်ဂ်ျရီဝယ်(လ်)က ဒီနှစ်မှာ ဗျောက်အိုးတွေ
မီးရှူးမီးပန်းတွေမဖောက်ကြဖို့ တားမြစ်ပိတ်ပင်
ထားပါတယ်။အိန္ဒိယပြည်ရဲ့မြို့တော်ပေါ်မှာ
ထူထဲတဲ့မြူထုကြီးအုံ့ဆိုင်းနေပြီး၊ဆင်ခြေဖုန်း
အရပ်ဒေသတွေမှာသောကြာနေ့က စိုက်ပျိုးရေးအတွက်တောင်ယာမီးရှိူ့တဲ့ဆီကထွက်လာတဲ့မီးခိုးတွေဖုံးလွှမ်းနေပါတယ်။
လူစုလူဝေးနဲ့ပွဲတော်တွေကျင်းပတာဟာ
အိန္ဒိယနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကိုအကြီးအကျယ် ဒုက္ခပေးနေတဲ့ ကပ်ရောဂါပြန့်ပွါးမှုကို အရှိန်အဟုန်နဲ့မြင့်တက်လာစေနိုင်တယ်လို့
ကျန်းမာရေးပါရဂူတွေကသတိပေးထား
ပါတယ်။နယူးဒေလီမှာအရင်ရက်တွေက နေ့စဉ်ကူးစက်သူအရေအတွက်ဟာ၇၀၀၀ကျော်အထိမြင့်တက်နေသလို နေ့စဉ်သေဆုံးသူအရေအတွက်လည်းများပြားနေပါတယ်။
လကိကားရောင်းချတဲ့နေရာတွေမှာ အစိုးရ
နဲ့ ကုန်သည် အာဏာပိုင်အဖွဲ့အစည်းတွေက
ဗိုင်းရပ်(စ်)ကူးစက်မှုကာကွယ်နိုင်ဖို့စည်းမျဉ်း
စည်းကမ်းတွေထုတ်ပြန်ထားပေမဲ့ အထဲကိုဝင်ရောက်ဖို့စောင့်ဆိုင်းတိုးဝှေ့နေကြတဲ့ လူအုပ်ကြီးကြောင့် ကုန်သည်တွေက
စိုးရိမ်နေကြပါတယ်။ နှာခေါင်းစည်းတွေ တပ်ဆင်ထားကြဖို့ နဲ့ တယောက်နဲ့တယောက်
လုံခြုံစိတ်ချရတဲ့အကွာအဝေးမှာခြားပြီး နေထိုင်ကြဖို့ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •