“ဖခင်ဖြစ်သူက သူ့ကားသစ်ရဲ့ ပြတင်းပေါက် မှန်ကို ခွဲပစ်ဖို့ငြင်းဆန်နေခဲ့တာကြောင့် ကားထဲမှာပိတ်မိနေတဲ့ကလေးငယ်သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“ဖခင်ဖြစ်သူက သူ့ကားသစ်ရဲ့ ပြတင်းပေါက်
မှန်ကို ခွဲပစ်ဖို့ငြင်းဆန်နေခဲ့တာကြောင့် ကားထဲမှာပိတ်မိနေတဲ့ကလေးငယ်သေဆုံးခဲ့ရ”

October 9,2020

လက်စ် ဗီးဂတ်စ် မြို့က ဖခင်တယောက်
ဟာ သူဝယ်ထားခါစ ကားထဲမှာ ကလေးငယ်ကို ထားခဲ့ပြီး ကလေးငယ် အပူမိ
သေဆုံးသွားခဲ့တဲ့အတွက် အချုပ်ခံနေရပါတယ်။သူက ရဲအရာရှိတွေက ပြတင်းမှန်တံခါးကို ရိုက်ခွဲဖွင့်ဖို့ ခွင့်မပြုပဲ
ငြင်းဆန်နေခဲ့ပါတယ်။
အသက်၂၇နှစ် အရွယ် ဆစ်ဒနီ ဒီး(လ်)
က သူရဲ့သမီးလေးဆာရာ သူနှစ်သက်မြတ်နိုး
တဲ့ကားထဲမှာ ပိတ်မိနေပြီး အသက်ဘေးအန္တရယ် တွေ့ကြုံနေရတာကိုစောင့်ကြည့်နေခဲ့ပါတယ်။ လေအေးပေးစက်ဖွင့်ထားလို့ ကလေး အဆင်ပြေ ပါတယ်လို့သာ တွင်တွင်ပြောနေခဲ့ပါတယ်။

ဒီး(လ်)ဟာ ပြတင်းတံခါးမှန်ကို ရိုက်ခွဲဖို့
ဒါမှမဟုတ်ကြိုးတပ်ဆွဲမဲ့ထရပ်ကားတစီးရဲ့
အကူ အညီ ဖြစ်စေ၊သော့ပြင်သမားတယောက်
ရဲ့အကူအညီဖြစ်စေရယူဖို့ ကမ်းလှမ်းပြောဆိုတာအားလုံးကိုငြင်းဆန်နေခဲ့ပါတယ်။


သူဟာ သူ့အကို ကို ဖုန်းဆက်ခေါ်ခဲ့ပေမဲ့
သူ့အကိုရဲ့ ကြားဝင်ဖျန်ဖြေပေးတာကို
လက်မခံပဲ ငြင်းဆန်နေပြီး “သူ့ကားဟာ
ဝယ်ထားခါစပဲရှိသေးပြီး ၊ပျက်စီးသွားမဲ့
တံခါးကိုပြန်ပြင်ဖို့ပိုက်ဆံမရှိဘူး”ဆိုတာကိုပဲပြောနေခဲ့တယ်လို့သတင်းဖော်ပြချက်အရ
သိရပါတယ်။
ကလေးကို ကားထဲကနေ မထုတ်ပေးနိုင်သေးခင် ကျွက်ကျွက်ဆူပူလောင်နေတဲ့ကားထဲမှာအနည်းဆုံး၁နာရီလောက်နေခဲ့ရပြီးသေဆုံးသွားခဲ့ပါတယ်။
“ကလေးရဲ့ဖခင်က သူကားထဲမှာလေအေး
စက်ဖွင့်ထားပြီး၊ကလေးဟာကစားနေတယ်လို့
ပြောဆိုခဲ့ပြီး၊ရဲအရာရှိတွေရောက်လာချိန်မှာ
ကလေးအသက်ရှူနေတာကို သူတို့တွေ့ခဲ့တယ်”
လို့ ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ လာရီ ဟက်ဖီးလ်(ဒ်) ကပြောပြပါတယ်။
ဒီး(လ်) ကို ကလာ့(ခ်)ကောင်တီစီရင်စု ရဲအချုပ်ခန်းမှာ အမှုဖွင့်ထားပြီး ဒေါ်လာ၂၀၀၀၀နဲ့နဲ့အာမခံပေးထားပါတယ်။

Ref:FRANCE-24(brefnews.com)


Spread the love
  •  
  •  
  •  
  •  
  •  
  •