ဖလမ်း၊ ဆူရ်ဘုန်လေဆိပ်သို့ လေယာဉ် ပထမဆုံး စမ်းသပ် ဆင်းသက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖလမ်း၊ ဆူရ်ဘုန်လေဆိပ်သို့ လေယာဉ် ပထမဆုံး စမ်းသပ် ဆင်းသက်

နေပြည်တော်၊ အောက်တိုဘာ ၂၇

ချင်းပြည်နယ်၏ ပထမဆုံး လေဆိပ်ဖြစ်လာသည့် ဖလမ်းမြို့နယ် ဆူရ်ဘုန်လေဆိပ်သို့ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြန်မာအမျိုးသားလေကြောင်းပိုင် ATR 72 လေယာဉ် အောင်မြင်စွာ ပျံသန်း ဆင်းသက်နိုင်ခဲ့သည်။

ယခင်က ကွင်းစစ်ဆေးရန် ပျံသန်းခဲ့ခြင်သားဖြစ်ပြီး ယခု အကြိမ်သည် ပထမဆုံး စမ်းသပ် ဆင်းသက်ခြင်း ဖြစ်ကြောင်း လေကြောင်းထိန်းသိမ်းရေးမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။

“အခုတော့ Test Flight ဖြစ်တဲ့အတွက် လေယာဉ်ဆင်းမှာ။ အရင်တုန်းက Check Flight ဖြစ်လို့ လေယာဉ်မဆင်းတာ။ ဆူရ်ဘုန်လေဆိပ် တစ်ဝိုက်မှာ လေကြောင်း လမ်းညွှန်အတိုင်း ၃၊ ၄ ကြိမ်လောက် ပတ်ပြီး ဆင်းမှာ။ လေယာဉ်မောင်းတဲ့ သူတွေလည်း ဆူရ်ဘုန်လေဆိပ်နဲ့ ရင်းနှီးအောင် နာရီဝက်လောက် ပျံသန်းမယ်” ဟု ဆူရ်ဘုန်လေဆိပ် လေကြောင်းထိန်းသိမ်းရေး မန်နေဂျာ ဦးလားလ်သူဇမ်းမာက ဒေသခံ မီဒီယာသို့ ပြောကြားသည်။

ဆူရ်ဘုန်လေဆိပ်သည် ပင်လယ်ရေမြင့်နှာပြင် အထက် ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အရှည် ၆၀၀၀ ပေ၊ အကျယ် ပေ ၁၀၀ ရှိကာ ဖလမ်းမြို့နယ်ရှိ မြေဧက ၁၂၈၉ ဒသမ ၅ ဧကတွင် စီမံကိန်း ငွေကျပ် ၃၂ ဒသမ ၃၆ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၉ သန်း အကုန် အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အစိုးရမှ တောင်တန်း ထူထပ် ပေါများပြီး သွားလာရ ခက်ခဲသော ချင်းပြည်နယ်သို့ သွားလာ​ရေး လွယ်ကူစေရန်၊ ဒေသခံ ပြည်သူများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး လုပ်ငန်းနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Photo Credit – Paing Photography

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •