ဖားကန့်ကိစ္စဟာ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ် (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“အားလုံးပဲသိတဲ့အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဖားကန့်ကိစ္စကို ကြားကြပြီးသားဖြစ်မှာပါ။ ဖားကန့်ကိစ္စဟာ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်တယ်။ တစ်ခုကလည်း ကျမတို့အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ပတ်သက်နေတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ ဖားကန့်ကိုသွားပြီးကျောက်တူးတယ်ဆိုတာ တော်တော်များက ဝမ်းစာအတွက် အသက်မွေးဝမ်းကျောင်းအတွက် သွားလုပ်တာဖြစ်တယ်။ အခုကွယ်လွန်သွားတဲ့သူတွေထဲမှာဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲ့တာကတော့ လက်ခံရမဲ့၊ ရင်ဆိုင်ရမဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်
၃၊၇၊၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •