ဖားကန့်မြေပြိုမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိ တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို တပ်မတော် ကအရေးယူ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်မြေပြိုမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိ တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို တပ်မတော် ကအရေးယူ

နေပြည်တော်၊ ဇူလိုင် – ၆

ဖားကန့်မြေပြိုမှု ဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၃ ရက်နေ့ကပင် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုးခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဝှေခါ ကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံး နေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်။

Source – တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့

 


Spread the love
  •  
  •  
  •  
  •  
  •  
  •