ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ သေဆုံးသူရုပ်အလောင်းရှာဖွေမှုအား ကျင်းဘေးနံရံမြေသားအချို့ ပြိုကျမှုများကြောင့် ရှာဖွေမှုရပ်နားထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ သေဆုံးသူရုပ်အလောင်းရှာဖွေမှုအား ကျင်းဘေးနံရံမြေသားအချို့ ပြိုကျမှုများကြောင့် ယနေ့အတွက် ရှာဖွေမှုရပ်နားထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး၌ ယမန်နေ့ နံနက်ပိုင်းက ကျောက်မျက်လုပ်ကွက်ဟောင်း ကျင်းကမ်းပါးမြေပြိုမှုကြောင့် အောက်ဘက်ရှိ ရေအိုင်အတွင်း လူပေါင်းရာနှင့်ချီ နစ်မြှုပ်သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းရှာဖွေမှုအား ကျင်းဘေးနံရံ ကမ်းပါးမြေစာများ အနည်းငယ် ပြိုကျမှုရှိနေပြီး မိုးရွာသွန်းနေမှုကြောင့် ယနေ့ညနေ ၃ နာရီခန့်က  ရှာဖွေမှုအား ရပ်နားထားရကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်ထံမှ သိရသည်။

“ညနေ ၃ နာရီလောက်က ရပ်လိုက်ပါတယ်၊ ဘေးနံရံကမ်းပါးတွေပြိုကျလာလို့ မိုးကလည်း ရွာနေတာဆိုတော့ လူမှုကူညီရေးလုပ်တဲ့သူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ဒီနေ့အတွက် ရှာဖွေမှု ရပ်ခိုင်းလိုက်ပါတယ်” ဟု ဦးဖုန်ဂရိန်က ပြောသည်။

လုပ်ကွက်ဟောင်း ကျင်းကမ်းပါးမြေပြိုမှုကြောင့် အောက်ဘက်ရေအိုင်နှင့် အနီးဝန်းကျင်တွင် ကျောက်တူးကျောက်ရှာနေသူ ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးခဲ့ရပြီး ယနေ့အထိ ရေအိုင်အတွင်းမှ ဆယ်ယူရရှိ ရုပ်အလောင်းပေါင်း (၁၆၉)လောင်းနှင့် ဒဏ်ရာရရှိသူ (၄၃)ဦး ရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •