ဖားကန့်မြေပြိုရာနေရာသို့ ပြည်နယ်အစိုးရကွင်းဆင်းကြည့်ရှုပြီးသေဆုံးသူများအတွက် ဝမ်းနည်းစကားပြောကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဖားကန့်မြေပြိုရာနေရာသို့ ပြည်နယ်အစိုးရကွင်းဆင်းကြည့်ရှုပြီးသေဆုံးသူများအတွက် ဝမ်းနည်းစကားပြောကြား

ဖားကန့် ဝှေခါ ကျေးရွာ ကျောက်စိမ်းလုပ်ကွက်ကျင်းပြိုကျမှုနေရာသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါန ဝန်ကြီး ဦးဒါရှီလဆိုင်းနှင့်အဖွဲ့များ ၊ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးချို(ခ) ဦးခင်မောင်မြင့် တို့ရောက်ရှိလာပြီး ကယ်ဆယ်ရေးဆောင်ရွက်နေသူများကို ပံ့ပိုးပေးခြင်း၊ သေဆုံးသွားမှုအပေါ် အထူးဝမ်းနည်းစကားပြောဆိုခဲ့ကြပါတယ်။

ဝှေခါ ကျင်းပြိုကျမှုမှာ ယနေ့ညည၉နာရီအထိ စာရင်းအရ ရုပ်အလောင်း ၁၆၀ ကျော် တွေ့ရှိခဲ့ပြီး ၄၃ ယောက် ဒါဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဝန်ကြီးကဒေသခံများ၊တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မိုးတွင်းကာလတွင် ကျင်းအန္တရာယ်ရှိသည့်သတိပေးဆိုင်းပုဒ်များစိုက်ထူထားခြင်း ၊သတိပေးစကားများပြောကြားထားခြင်းများရှိသော်လည်း မိုးတွင်းကာလ ကုမ္ပဏီလုပ်ကွက်များ ရပ်နားထားကြချိန် ဝမ်းစာရေးအတွက် တစ်နိုင်တစ်ပိုင်ကျောက်တူး ကျောက်ရှာခြင်းများဖြင့် ရှာဖွှေစားသောက်နေကြရခြင်းမှာ နှစ်စဥ်ထုံးစံလိုဖြစ်နေ၍ စာနာနားလည်သော်လည်း ယ္ခုကဲ့သို့ အဖြစ်ဆိုးမျိုးကြုံတွေ့တတ်ကြသည်ကိုများစွာစိတ်မကောင်းဖြစ်မိပါကြောင်း ၊မိုးတွင်းကာလအတွင်းရှေ့ဆက်၍လည်းအထူးသတိထား၍သွားလာလုပ်ကိုင်ကြစေလိုပါကြောင်းပြောကြားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ်သတင်းနှင့်ပြန်ကြားရေးကော်မတီက
ပြောပါတယ်။

 

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •