ဖားကန့်၊ နတ်မှော်ကျေးရွာ၊ လုပ်ကွက်ဟောင်းရေကန်အတွင်း ကျောက်ကြောကမ်းပါးပြိုကျမှုကြောင့် ရေမဆေးလုပ်သား(၂)ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဖားကန့်၊ နတ်မှော်ကျေးရွာ၊ လုပ်ကွက်ဟောင်းရေကန်အတွင်း ကျောက်ကြောကမ်းပါးပြိုကျမှုကြောင့် ရေမဆေးလုပ်သား(၂)ဦးသေဆုံး

 

၁၇.၁၀.၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နတ်မှော်ကျေးရွာ၊ လုပ်ကွက်ဟောင်းရေကန်အတွင်း ကျောက်ကြောကမ်းပါးပြိုကျမှုကြောင့် ရေမဆေးလုပ်သား(၂)ဦး ပြုတ်ကျခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာသို့ ဆိပ်မူကျေးရွာအရန်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရေမဆေးလုပ်သား(၂)ဦး သေဆုံးခဲ့ပြီးရုပ်အလောင်းအား ၁၇ ၀၀အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ကာ သင်္ဂဟလူမှုကူညီရေးအသင်းယာဉ်ဖြင့်  ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိိိိိရပါ တယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •