ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဝန်ကြီးများ လုပ်ကွက်ဟောင်းပြိုကျသည့်နေရာသို့သွားရောက်ကြည့်ရှု့စစ်ဆေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဝန်ကြီးများ
လုပ်ကွက်ဟောင်းပြိုကျသည့်နေရာသို့သွားရောက်ကြည့်ရှု့စစ်ဆေး

ဇူလိုင် (၅) ဖားကန့်

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ၊ ဝှေခါကျေးရွာအနီး လုပ်ကွက်ဟောင်း ကျောက်ကမ်းပါးပြိုကျ၍ လူသေဆုံးမှု့များပြားသည့်နေရာသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် လူမှု့ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီး) ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း (ပြည်ထောင်စုဝန်ကြီး) ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးထွဋ် ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါန ဝန်ကြီး ဦးဒါရှီလဆိုင်း ၊ လူမှု့ရေးဝန်ကြီး ဦးနေဝင်း ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးနေလင်းအောင် နှင့်အစိုးရဋ္ဌါနဆိုင်ရာအဖွဲ့အစည်းများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို(ခ)ဦးခင်မောင်မြင့် ၊တို့မှလာရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီးကျန်ရစ်သူမိသားစုများအား ငေွ​ေ​ကြးများကူညီထောက်ပံ့ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊(မြန်မာနိုင်ငံကျောက်မျက်ကုန်သည်များအသင်း) မြန်မာသူရ ၊ ဖားကန့်ဒေသကျောက်မျက်ကုန်သည်များအသင်းတို့မှ ကျန်ရစ်သူမိသားစုများအားထောက်ပံ့ငွေများပေးအပ်၍ မိမိအရပ်ဒေသပြန်လိုသူများအားလည်းအပြည့်အဝအကူအညီပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အားပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဝှေခါ တိုက်နယ်ဆေးရုံတွင် လုပ်ကွက်ဟောင်းကျင်းပြိုကျ၍ ထိခိုက်ဒါဏ်ရာရသူများအားဝင်ရောက်ကြည့်ရှု့အားပေး၍ အလားတူ ကူညီထောက်ပံခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိပ်မူအုပ်စု စပေါ့မှော်သို့ ကွင်းဆင်းကြည့်ရှု့၍ ယူမာ ကျောက်မျက်ကုန်သည်များအသင်းတွင် ကျောက်မျက်ကုန်သည်များအသင်းအဖွဲ့များ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြို၊ ဗလခ ၊မှော်ဝမ်းကြီး ၊ မှော်ဝမ်းလေး နှင့် မှော်စီစာ သာယာကုန်း သို့ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးများနှင့်ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ယနေ့နံနက် ၈နာရီ၃၅မိနစ် မှ စတင်၍ ဝှေခါကျေးရွာသို့လှည့်ပတ်ကြည့်ရှု့ခဲ့ပြီး ညနေ ၆နာရီ၁၅မိနစ်တွင် ခရီးစဥ်အားရပ်နားခဲ့ကြသည်။

Source – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးကော်မတီ ဖားကန့်မြို့နယ်


Spread the love
  •  
  •  
  •  
  •  
  •  
  •