ဖားကန့်မှာမိုးကြီးပြီးမြေပြို၊ ရုပ်အလောင်း ၅၀ ​ပြန်တွေ့ပြီးဆက်လက်ရှာဖွေနေ  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်မိုးကြီးပြီးမြေပြို၊ ရုပ်အလောင်း ၅၀ ​ပြန်တွေ့ပြီး
ဆက်လက်ရှာဖွေနေ

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်နေရာသို့ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၉ ၃၀ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် ၁၀ ၀၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

Source MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •