ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေတဲများ ရေထဲမျောပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

၈.၆.၂၀၂၀ ရက်နေ့၊ မနက် ၄ နာရီခွဲ အချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် မက်လင်ချောင်လက်ခိုးကျင်းနေရာ မျောချောင်းပေါက်သဖြင့် လူနေတဲအချို့နှင့် Backhoe(၂)စီး၊ အိမ်စီးကား(၁)စီးတို့ ရေထဲမျောပါခဲ့ပါတယ်။

အဲဒီရေကြီးနစ်မြုတ်ရာနေရာသို့ ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •