ဖားကန့်၊ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထပ်မံဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖားကန့်၊ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထမ်မံဖြစ်ပွား

၂၀.၇.၂၀၂၀ ရက်နေ့ မနက် ၃နာရီ ခွဲ အချိန်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထမ်မံဖြစ်ပွားခဲ့ပါတယ်။

သတင်ရလျင်ရချင်း အခင်းဖြစ်ပွားရာသို့ ဖားကန့်မြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီ မြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီအဆောက် အဦနှင့် ဘက်ဟိုး(၁)စီး၊ ယခင်လူနေသည့်ဈေးတန်းဘက်မှ လက်ရှိ လူနေထိုင်ခြင်းမရှိ တော့သည့် နေအိမ် (၁၂) လုံးတို့ ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်။

အဲဒီနေရာ အနီးတဝိုက်မှာ ထပ်မံ၍ အန္တရာယ်ရှိသည့်နေအိမ်များကို မီးသတ် တပ်ဖွဲ့က ကူညီရွှေ့ပြောင်းပေးနေ တယ်လို့ သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •