ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုဗစ်ကာကွယ်ဆေးကို အစိုးရအချင်းချင်းအစီအစဉ်နဲ့ပဲ ဝယ်ယူလိုတယ်လို့ဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇵🇭 ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုဗစ်ကာကွယ်ဆေးကို #အစိုးရအချင်းချင်းအစီအစဉ်နဲ့ပဲ ဝယ်ယူလိုတယ်လို့ဆိုပါတယ်။

Government-to-Government နဲ့ပဲဝယ်ယူလိုတာက ကြားမှာအကျင့်ပျက်ခြစားမှုတွေဖြစ်မှာ စိုးလို့ပါတဲ့။

ဖိလစ်ပိုင်ဟာ ကာကွယ်ဆေးအတွက် သူတောင်းစားတောင်းသလို ဘယ်နိုင်ငံကိုမှ တောင်းနေမှာမဟုတ်ပါဘူးတဲ့။

“Let me tell everybody that we will not beg, we will pay,”

“အားလုံးကို ပြောလိုက်ပါရစေ၊ ငါတို့ကမတောင်းဘူး၊ ငွေပေးဝယ်မှာ”

“To the Chinese government, you need not look for partners, we can make it Government-to-Government.”

“တရုတ်အစိုးရသိဖို့က သင်တို့ပါတနာရှာနေဖို့မလိုဘူး၊ ငါတို့အစိုးရအချင်းချင်းလုပ်လို့ရတယ်” တဲ့။

ဒီနေ့အင်္ဂါနေ့ အပတ်စဉ်တယ်လီဗေးရှင်းမိန့်ခွန်းမှာပြောသွားတာပါ။

ဖိလစ်ပိုင်အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် စီစဉ်နေပုံအချို့ကို တင်ပြပါရစေ။

▪️ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ ကိုဗစ်အဖြစ်အများဆုံးနိုင်ငံပါ။

၃၇၃၁၄၄ ယောက်ရှိပြီး ၇၀၅၃ ယောက်သေဆုံးထားပါတယ်။

ဒီလိုအဖြစ်များနေလို့ ဖိလစ်ပိုင်ဟာ ကိုဗစ်ကာကွယ်ဆေးလာရောက်စမ်းသပ်လို့ ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုက ဖြစ်ပွားမှုနည်းတဲ့နိုင်ငံတွေမှာ အဆင်မပြေပါ။

ဒါကြောင့် ဖိလစ်ပိုင်ဟာ တရုတ်၊ ရုရှား၊ အမေရိကန်ကာကွယ်ဆေး ကုမ္ပဏီတွေနဲ့ phase 3 စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

ဩစတေးလျက Vaxine Pty Ltd ကလည်း ဖိလစ်ပိုင်မှာ စမ်းသပ်ဖို့ စိတ်ဝင်စားပါတယ်။

▪️နိုဝင်ဘာလအတွင်းမှာ အမေရိကန် FDA အသိအမှတ်ပြုရနိုင်တဲ့ Pfizer နဲ့ရော Moderna နဲ့ရော ဝယ်ယူရေးအတွက်ဆွေးနွေးနေပါတယ်။

ဖိလစ်ပိုင်မှာလူဦးရေ ၁၀၆.၇ သန်းရှိပါတယ်။

▪️ဖိလစ်ပိုင်အစိုးရဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို ကာကွယ်ဆေးအတွက် ကနဦးသတ်မှတ်ထားပါတယ်။

တစ်လုံးကို အများဆုံး ၁၀ ဒေါ်လာလောက်ကျသင့်ရင် အလုံး သန်း ၄၀ ရမယ်။ တစ်ယောက်ကို ၂ လုံး ၂၈ ရက်ကျော်ခွာထိုးရရင် လူအယောက် သန်း ၂၀ အတွက်ရမယ်။

အစိုးရကမစီစဉ်ပဲ ကိုယ့်ဘာသာကိုယ်ဝယ်ယူပြီးထိုးကြရင် ဖိလစ်ပိုင်ကို သွင်းလာတဲ့ကာကွယ်ဆေးတွေမှာ #အတုအစစ်ပြဿနာ အာနိသင်ရှိကာအန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးဟုတ်မဟုတ်ဆိုတဲ့ ပြဿနာတွေရှိလာနိုင်ပါတယ်။

အစိုးရချင်းစီစဉ်ရင် အတုအစစ်ပြဿနာကင်းပြီး #အာနိသင်အာမခံမှုတွေပိုရှိလာမှာပါ။

သို့သော် ဖိလစ်ပိုင်အစိုးရဝန်ထမ်းတွေဟာ #အဂတိကင်းရဲ့လား❓ #အကျင့်ပျက်ခြစားမှုကင်းရဲ့လား❓ဆိုတာ မေးစရာဖြစ်လာပါတယ်။

ကာကွယ်ဆေး (၁) ဝယ်ယူ၊ (၂) သိုလှောင်၊ (၃) ဖြန့်ဖြူး၊ (၄) သယ်ယူ၊ (၅) ထိုးနှံမှု အဆင့်ငါးဆင့်လုံးဟာ အရေးကြီးပါတယ်။

Planning, planning, planning လုပ်ကြပါ။

ကြိုလုပ်ကြပါ။ အထက်နဲ့အောက်ခြေချိတ်ဆက်လုပ်ကြပါ။ လိုအပ်တာတွေကို အခုကတည်းက SOP ရေးသားဖြန့်ဖြူးခြင်း၊ ကြိုတင်လေ့ကျင့်ခြင်း ပရောဂျက်ပလန်ဆွဲခြင်းများပြုလုပ်သင့်ပါပြီ။

အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးရတာမရတာအသာထား၊ CDC ဟာ ၂၄ နာရီအတွင်း ထိုးနှံရေးစင်တာတွေကို အရောက်ပို့ဖို့ စတင်ဆွေးနွေးစီစဉ်နေတာ ကြာပါပြီ။

ဦးနေဝင်းခေတ်မှာဖြစ်ခဲ့သလို #အောက်ခြေမှာတကယ်ဘာဖြစ်နေမှန်းမသိတာမျိုး၊ #မသိချင်ယောင်ဆောင်နေတာမျိုး၊ #အတ္တနဲ့မာနခံနေတာမျိုး မလုပ်ကြပါနဲ့ခင်ဗျာ။

ဒီကပ်ဆိုးကြီးကနေ လူတိုင်းဟာ အမြန်ဆုံးရုန်းထွက်ချင်နေကြပါပြီ။ ငတ်မွတ်နေကြပါပြီ။

🕹️ကာကွယ်ဆေးလုပ်ငန်းအဆင့်ဆင့်ဟာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့မရပါခင်ဗျား။

🥵

Richard Myo Thant
27-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •