ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ မူပိုင်ဗိုလ်ကျလိုမှုနှင့်၊ဆန္ဒမဲပေးကြပါသော မိဘပြည်သူအများအား မထီမဲ့မြင်၊ပြုလိုနေမှု –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ မူပိုင်ဗိုလ်ကျလိုမူနှင့်၊ဆန္ဒမဲပေးကြပါသော မိဘပြည်သူအများအား မထီမဲ့မြင်၊ပြုလိုနေမူ –

ပြည်သူလူထုအများစု၏ သဘောဆန္ဒသည်
(၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် ထင်ဟပ်ခဲ့ကြသည်မှာ ခြိမ့်ခြိမ့်သည်းအမျှပင်ဖြစ်ပါတယ်၊
၎င်းအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ၊
တပ်မတော်သသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်၊
ဟုပုဒ်မ(၂၀)(စ) ၏ဖွင့်ဆိုချက်ကိုကိုင်ပြီး၊မပြတ်တမ်းပြောဆို၊ညွန်းဆိုနေကာ၊
ရွေးကောက်ပွဲအဖြေများကို ကရောကယီ
လုပ်လာနေမူဖြင့် မပြတ်ပြုမူ၊ပြောဆို၊ထုတ်ပြန်လာတာကို နေ့စဉ်နီးပါးပြည်သူအများကတွေ့နေ၊ရင်ဆိုင်နေကြရပါတယ်၊
အာဏာမသိမ်းဘူးလို့မှတ်ယူလို့ရမလားဟု၊
အဆာဟိရှင်ဘွန်းသတင်းဌာနကမေးရာတွင်လည်း “မရဘူး” ကျွန်တော်ပြောအထဲမှာပါပြီးသားဖြစ်တယ်၊
တပ်မတော်အနေနဲ့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေများ၊တည်ဆဲဥပဒေများကိုကျွန်တော်တို့လိုက်နာမှာဖြစ်ပါတယ်၊
ကျွန်တော်တို့ ဒီမိုကရေစီကိုမယိမ်းမယိုင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊
တည်ဆဲဥပဒေများမှ လေ့လာကြည့်ရင်ပြောနိုင်ပါတယ်၊
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်ကို၊
” ယူမယ်လို့လည်းမပြောဘူး၊” “မယူဘူးလို့လည်းမပြောဘူး”၊
ကျွန်တော်တို့ပြောနိုင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မဆန့်ကျင်ဘဲ၊ ကျွန်တော်တို့လိုက်နာဆောင်ရွက်သွားမှာလို့ပြောကြားလိုပါတယ်၊
တပ်မတော်ဟာ နိုင်ငံရဲအစိတ်အပိုင်း၊
ပြည်သူရဲ့အစိတ်အပိုင်းဖြစ်ပြီး၊
တာဝန်မကျေခဲ့ဘူးဆိုတဲ့သမိုင်းတရားခံအဖြစ်မခံနိုင်ဘူးလို့ပြောဆိုပါတယ်၊
ဒါကို Game(ဂိမ်း) စကားနဲ့ပြောရရင်၊ပွဲကပြတ်သွားပြီ၊ ပြီးပြီပေါ့၊
ဒါကိုဘယ်လိုမှရှေ့ဆက်လို့မရတော့ပါဘူး၊
ဆက်လက်လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်၊
တိုင်းပြည်နဲ့အတူ မိမိဆန္ဒနဲ့မဲပေးပြည်သူအားလုံးအပေါ် တာဝန်မဲ့ရာကျပါလိမ့်မယ်၊
၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလွမ်းမိုးကျော်လွန်ပြီးလုပ်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်မူဖြစ်စေတဲ့ လုပ်ရပ်များသာဖြစ်လာပါလိမ့်မယ်၊

အထွေထွေရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီကျင်းပခဲ့တာဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း၊
မှာပြဌာန်းထားတဲ့ အခြေခံဥပဒေများနဲ့အညီ၊
ရွေးကောက်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်၊

အခန်း(၄)၊
ဥပဒေပြုရေး၊
ပြည်သူ့လွှတ်တော် တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေး၊
အမျိုးသားလွတ်တော်တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေး၊
ပြည်ထောင်စုလွတ်တော် တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေး၊
တိုင်းဒေသကြီးသိဲုမဟုတ် ပြည်နယ်လွတ်တော်တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေး၊
များကိုကျင်းပရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်မှာ
ပေးထားတဲ့ဥပဒေအခွင့်အာဏာများဖြင့်သာစတင်ဆောင်ရွက်မှာဖြစ်ပါတယ်၊
ထိုသို့ဆောင်ရွက်ရန် အနိုင်ရပါတီများက
သီးခြားဖွင့်ဆိုထားသော ဥပဒေများလုံးဝ(လုံးဝ)မရှိပါဘူးဆိုတာကို သိထားကြရပါမယ်၊
ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွဲံဖြိုးရေးကောင်စီ၊
ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွေမှ(၂၉.၅.၂၀၀၈) မှာအတည်ပြုကြောင်း၊လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့
တပ်မတော်တာဝန်ရှိသူများက ကြီးကြပ်ရေးဆွဲခဲ့ပြီး၊
တပ်မတော်ကိုယ်တိုင်မှ အင်တိုက် အားတိုက်အတည်
ပြုထားတဲ့၊ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊
ပြဌာန်းချက်ပါ ဥပဒေများဖြင့်သာလုပ်ဆောင်နေတာ
ဖြစ်ပြီး၊
နိုင်ငံသားတိုင်းသည်ဥပဒေနှင့်အညီရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်(ပုဒ်မ ၃၈)(က)၊အရ၊ပြည်သူများမှ ဆန္ဒမဲပေးခဲ့
ကြတာဖြစ်ပါတယ်၊
လွှတ်တော်များ၏ သက်တမ်းတစ်ရပ်ကိုလည်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၁၂၃) ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းကျင်းပရမည်၊
ဟုဖွဲ့စည်းပုအခြေခံဥပဒေပြဌာန်းထားချက်
ဥပဒေနှင့်အညီ စတင်ကျင်းပခြင်းသာဖြစ်ပါတယ်၊
ပုဒ်မ(၇၈)၊ပုဒ်မ(၁၅၄)(က)(ခ)၊ပုဒ်မ(၁၇၁)(က)(ခ)၊
ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဖွင့်ဆိုပြဌာန်းထားချက်များနှင့်အညီ၊
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေးများကိုကျင်းပခြင်းဖြစ်ပါတယ်၊

ဖွ့စည်းပုံအခြေခံဥပဒေ၊အခန်း(၁)၊
နိုင်ငံတော်အခြေခံမူများ၊
ပုဒ်မ(၄၀) (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ပြည်နယ်တစ်ခုတွင်ဖြစ်စေ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုတစ်စုတွင်ဖြစ်စေ၊
အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အရေးပေါ်အခြေအနေပေါ်ပေါက်လျှင်၊နိုငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊
ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေးဆိုင်ရာအာဏာကို သုံးစွဲခွင့်ရှိသည်၊ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ပြည်နယ်၊
သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့်သက်ဆိုင်သည့် ဥပဒေပြုအခွင့်အာဏာများကို၊ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်၊
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ၊
ပုဒ်မ(၄၁၀)(၄၁၁)(၄၁၂) တွင်အကျယ်ဖွင့်ဆိုထားပါတယ်၊
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများက ဥပဒေပြုပိုင်ခွင့်ရှိသောကိစ္စရပ်များအနက်၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေပြုခွင့်အာဏာကိုသာကျင့်သုံးခွင့်ရှိသည်၊
သို့ရာတွင် ဥပဒေပြုခွင့်အာဏာကိုမူ မည်သည့်အဖွဲ့အစည်း၊သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်းမပြုရ၊(ပုဒ်မ ၄၁၁/ခ)၊

ပုဒ်မ(၄၀)(ခ) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတစ်စုတွင်ဖြစ်စေ၊
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့်အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့်ရှိသည်၊
(ခ) နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမူ၊ အကြမ်းဖက်မူစသော
အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့်
ပြည်ထောင်စုပြိုကွဲစေမည့်၊တိုင်းရင်းသားစည်းလုံးညီညွတ်မူပြိုကွဲစေမည့်၊ သို့မဟုတ်
အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင်ဲအညီရယူသုံးစွဲခွင့်ရှိသည်။

ပုဒ်မ(၄၁၇) နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမူ၊အကြမ်းဖက်မူနှင့်အဓမ္မနည်းများဖြင့်ရယူရန်ဆောင်ရွက်ခြင်း၊သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊တိုင်းရင်းသားစည်းလုံးညီညွတ်မူပြိုကွဲစေမည့်၊ သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင်၊သို့မဟုတ် ပေါ်ပေါက်ရန်လုံလောက်သော
အကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနိူင်းပြီး၊ ဥပဒေကဲ့သို့အာဏာတည်သည့ အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်၊
ယင်းအမိန့်တွင်အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်ဖြစ်ကြောင်းဖော်ပြရမည်၊
ပုဒ်မ(၄၁၈)(က)(ခ) နိုင်ငံတော်အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလွဲအပ်ခြင်းနဲ့လွတ်တော်များကိုရပ်ဆိုင်းထားရခြင်း၊ နိုင်ငံတော်သမ္မနှင့်ဒုသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီလွှတ်တော်များ၏ သဘောတူညီချက်ဖြင့်ခန့်အပ်တာဝန်ပေးထားသော အဖွဲအစည်းဝင်များအားလုံးကို တာဝန်မှရပ်စဲပြီးဖြစ်သည်ဟုမှတ်ယူရမည်၊
ဟူ၍ပြဌာန်းထားပါတယ်၊
သို့သော်လည်းပုဒ်မ(၄၁၇) ဖွင့်ဆိုပြဌာန်းထားသော စကားလုံးစုနှင့်စကားလုံးတစ်လုံးချင်းဖြစ်သည့် နိုင်ငံတော်သမ္မတသည်ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်၊
ဟုဖွင်ဲဆိုထားမူအရ (May be) ဖြစ်နိုင်တယ်၊သာဖြစ်ပြီး၊ (Must be) ဖြစ်ကိုဖြစ်ရမည်၊
ဟုမှတ်ယူလို့မရပါ၊
သမ္မတ၏ တွေးဆ၊ဆင်ခြင်တုံမူသာလျှင်
အခရာကျ ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်(၄၅၂)(၄၅၃) တို့၏ ဖွင့်ဆိုပြဌာန်းထားချက်တို့ကိုဖတ်ကြည်ံ့လျှင်သိသာပါလိမ့်မယ်။

မိမိတို့နိုင်ငံ၌ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မူကိုပြိုကွဲစေမည့်၊
အဓမ္မနည်းဖြင့်ဆူပူ၊အကြမ်းဖက်မူများကို
တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ထိုဖြစ်စဉ်မျိုးများကိုလုပ်ကြလိမ့်မည်မဟုတ်ပေ၊

၎င်းဖြစ်စဉ် အခြေအနေများကို ဖြစ်လာစေရန် ဖန်တီးနေကြသည်မှာ မည်သူများ၊ မည်သည့်အဖွဲအစည်းများ၊နိုင်ငံရေးပါတီများ၊
ဆိုသည်ကို မိမိတို့ ပြည်သူ ပြည်သားများနှင့်၊
နိုင်ငံတစ်ကာ အသိုက်အဝန်းများမှ သိနေကြပါတယ်၊
ဟူသည်ကို အသိပေးရေးသားတင်ပြပါရစေ၊

မိမိတို့နိုင်ငံ၏ ယနေ့အခြေအနေဖြစ်စဉ်၊အခင်းအကျင်းများသည်(၁၉၅၈) ခုနှစ်၊စက်တင်ဘာလ(၂၈) ရက်နေ့၊
အိမ်စောင့်အစိုးရပေါ်ပေါက်လာမူ ကဲ့သို့သော
အခြေအနေ၊ဖြစ်စဉ်၊အခင်းအကျင်းမဟုတ်ပါဆိုတာကို မိမိတို့ပြည်သူများနှင့် နိုင်ငံရေးပါတီများအပါအဝင် တပ်မတော်မှသိစေရန်လည်းလိုအပ်ပါတယ်၊
ဖန်တီးယူလို့လည်းမရနိုင်ပေ၊
မိမိလူများအနိုင်မရလို့ဖွဲ့စည်းအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်၊ဟူသောဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကိုကိုင်ပြီး၊ပြည်သူပြည်သားတိုင်းရင်းသားများစွာ၏ တရားမျှတပြီး၊လွတ်လပ်သော ဆန္ဒမဲများပေးမူများကို ဖျက်လိုဖျက်စီးလုပ်ခွင့်မရှိပေ၊

သို့ပါသောအကြောင်းအချက်၊ဖြစ်စဉ်၊ပြောဆို၊ထုတ်ပြန်မူများကိုကြည့်လျှင်၊
ယနေ့မိမိတို့ ပြည်သူ ပြည်သား တိုင်းရင်းသားအားလုံး၏ ဆန္ဒများ၊ဖြစ်ချင်လိုမူများအား၊
ပျက်ရာ ပျက်စီးစေရန် ဖျက်စီးနေတာ၊
မည်သူ၊မည်သည့်အဖွဲ့များဖြစ်နေသည်ကို မိမိတို့ပြည်သူအပေါင်းမှ သိသာ ထင်သာဖြစ်ကြပါစေရင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြဌာန်းချက်၊
ပေးထားချက်များအား လွှမ်းမိုး၊ဆန့်ကျင်၊
ထီမထင်၊ဗိုလ်ကျဘို့ကြိုးပမ်းနေသည်မှာ မည်သူ၊ မည်သည့်အဖွဲ့များဖြစ်ကြသည်၊
ဆိုသည်ကိုလည်းသိသာကြပါစေကြောင်း၊
မိမိတို့ပြည်သူ ပြည်သားများမှလည်း၊
တည်တည်ငြိမ်ငြိမ်ဖြင့် ပြဌာန်းထားသောတည်ဆဲဥပဒေများကို လေးစားလိုက်နာကြပါစေကြောင်း၊
တည်ငြိမ်၊ငြိမ်းချမ်းသည့်၊
ပြည်ထောင်စုအကျိုးအား မျှော်ကိုးရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၂၇.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •