ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရေးထုံးသည်သာ –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရေးထုံးသည်သာ –

ယခုဆောင်းပါးသည် တတိယအကြိမ်၊လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးခေါ်ခြင်းနှင့် ၊
စာချွန်တော် ကိစ္စအားရေးသားတင်ပြမူဖြစ်ပါတယ်၊

နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့အခါမှာ –
ဘယ်လို နိုင်ငံမျိုးကို နိုင်ငံသားပြည်သူတွေက၊
လိုလားဖြစ်ချင်သည်ကို ရည်ရွယ်လျက် ၊
နိုင်ငံ့ကိုယ်စားပြုသူများက ပြည်သူများကို ဆွေးနွေးချပြကာ ရေးသားထားပြီး၊
ပြည်သူအများစု၏ ဆန္ဒကိုလေးစားလျက်၊
ပြည်သူလူထု၏ စစ်မှန်သောဆန္ဒမဲကို
ရယူအတည်ပြုထားသည့် အခြေခံမူဥပဒေသများကို၊
ဖွဲ့စည်းပုံအခြေခံဥပဒေဟုခေါ်ပါတယ်၊
လိမ်လည်လှဲ့ဖျား၍ဖြစ်စေ၊အုပ်ချုပ်မူအာဏာဖြင့်ခြိမ်းခြောက်၍ဖြစ်စေ၊
ရေးသားအတည်ပြုထားသော
ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်မူ၊တရားမျှတမူ၊ညီတူညီမျှမူ၊ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မူမရရှိနိုင်ပါ၊
နိုင်ငံတိုင်းနိုင်ငံတိုင်း၏ နိုင်ငံရေး၊လူမူစီးပွားရေးတို့မှာ နေ့စဉ်ပြောင်းလဲနေပါတယ်၊
နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း၊
ခေတ်ကာလ၊အချိနိကိုလိုက်၍ ဆီလျော်မူရှိစေရန် ပြင်ဆင်၊ပယ်ဖျက် ဖြည့်စွက်ချက်၊(Amendment ) တို့ကိုပြည်သူ့ဆန္ဒမဲစနစ်ဖြင့်ပြုလုပ်ကြရပါတယ်၊
၎င်းကိုလည်း ပြည်သူ့ထောက်ခံမူမဲဖြင့် တက်လာပါသော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ (Amendment) ကိုပထမဦးစွာကျော်ဖြတ်ကြရပါတယ်၊
ဤသည်ကိုလည်း နိုင်ငံတိုင်း၏
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်းတစ်ခုအနေနဲ့ထည့်သွင်းရေးဆွဲပြဌာန်းအတည်ပြုထား
ကြရပါတယ်၊
ပြင်သင့်တဲ့အချိန်ပြင်နိုင်ဘို့ပြည်သူ့အသံကိုအမြဲတစေ နားစွင့်ထိတွေ့ရမှာက ၊
ပြည်သူ့ဆန္ဒမဲထောက်ခံမူဖြင့်တက်လာသော၊
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်တမ်းတစ်ခု သတ်မှတ်ထားတဲ့၊
ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နဲ့အလုပ်ဖြစ်ပါတယ်၊
ခေတ်ကာလ၊အချိန်နဲ့လျော်ညီအောင် ဥပဒေနဲ့အညီပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ဘို့ကြိုးစားရင်းနဲ့ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ လည်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊
ထိုသို့ကြိုးစားစွမ်းဆောင်နေရင်းနဲ့ တိုင်းပြည်အတွက်အခြားအလုပ်များကိုဆောင်ရွက်တဲ့အခါမှာလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရေးသားဖွင့်ဆိုချက်ကို လိုက်နာကြရပါတယ်၊
ဆိုလိုတာက တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အတည်ပြုပြဌာန်းထားသည့် အဓိပ္ပါယ်ဖွင့်ဆိုထားမူဖြစ်ပါတယ်၊
သဘောက ပြဌာန်းထားသော ရေးသားမူထုံး၊
ကိုဆိုလိုတာ ဖြစ်ပါတယ်၊
တရားရုံးတစ်ခုမှာ အမှုရင်ဆိုင်နေမူတွေလို ယခင်ကတရားရုံးတွေမှာ ဆုံးဖြတ်ခဲ့တဲ့ထုံးကိုယူပြီး၊
အကြောင်းပြလို့မရသလို၊ဆုံးဖြတ်လို့လည်း
မရနိုင်ပါ၊
နိုင်ငံ၏ နိုင်ငံရေး၊လူစီးပွားများ၊သက်ဆိုင်ရာ အဖွဲ့အစည်း၊ဝန်ကြီးဌာနများ၊ တရားရုံးများစသည်ဖြင့်အရပ်ရပ်သော နိုင်ငံအတွင်း လည်ပတ်ဆောင်ရွက်ကြပါစေရန် အခြေခံဥပဒေမူများသတ်မှတ်၊
ပြဌာန်းထားတဲ့နိုင်ငံတော်၏ အခြေခံဥပဒေများဖြစ်ပါတယ်၊
တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်း၊မပြုသေးမီ၊
ဤဖွဲစည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှအတည်ဖြစ်သည်၊
ဟုဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၄၄၆) မှာပြဌာန်းထားသလို၊
ပုဒ်မ(၄၄၇) တည်ဆဲနည်းဥပဒေများ၊စည်းမျဉ်းများ၊စည်းကမ်းများ၊အမိန့်ကြော်ငြာစာများ၊အမိန့်များ၊ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်း
မပြုသေးမီ၊ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်၊
ဟူ၍ ထပ်မံပြဌာန်းထားပါတယ်၊

ဖေဖေါ်ဝါရီလ(၁) ုရက်နေ့မှာ တတိယအကြိမ်လွှတ်တော်အစည်းအဝေးများစတင်ကျင်းပမည်ဖြစ်ကြောင်း၊
ပြည်သူ့လွတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၃၇)နှင့်(၂၀၁၃)ခုနှစ်၊ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ(၃) တို့ပါ၊
ပြဌာန်းချက်များနှင့်အညီ၊ပြည်သူ့လွှတ်တော်ဥက္ကဌသည် တတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးခေါ်ခြင်း၊
အမျိုးသားလွတ်တော်ဆိုင်ရာ
ဥပဒေပုဒ်မ(၃၇)အရ တတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကိုလွှတ်တော်ဥက္ကက ခေါ်ယူကျင်းပရန်ကြေညာလိုက်ပါတယ်၊
ထိုသို့တတိယအကြိမ်ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးကိုခေါ်ဆိုမူသည်၊
တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွမ်းမိုး၊
ကျော်လွန်ပြီးလုပ်ဆောင်မူအလျဉ်းမရှိပါ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၁၂၃) ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ်ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းကျင်းပရမည်၊
ပုဒ်မ(၁၅၄)(က) အမျိုးသားလွှတ်တော်သက်တမ်းစတင်သည့်နေ့ရက်သည် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်ဖြစ်သည်၊
ဟူ၍ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မှာပြဌာန်းထားပါတယ်၊
ယခု တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများကျင်းပမည့်၊
ဖေဖေါ်ဝါရီလ(၁) ရက်နေ့ရက်သည်
(၂၀၂၀) ပြည့်နှစ်၊နိုဝင်ဘာလ(၈) ရက်နေ့တွင်အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးဖြစ်သောနေ့ရက်မှ(၈၅)ရက်မှာဖြစ်ပါတယ်၊
သို့ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၁၂၃) တွင်ပြဌာန်းထားသော၊ရက်ပေါင်း(၉၀) အတွင်းသာဖြစ်ပါတယ်၊
တည်ဆဲဖွဲ့စည်းပုံနဲ့အညီ တတိယအကြိမ်၊ပထမပုံမှန်အစည်းအဝေးကျင်းပခြင်းသာဖြစ်ပါတယ်၊
အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရသည့်လွှတ်တော်ကိုယ်စားလှယ်ပါသည်ဖြစ်စေ၊
မပါသည်ဘဲဖြစ်စေ၊ တည်ဆဲဖွဲ့စည်းပုံမှ
လိုအပ်သောအခြေအနေဖြစ်စဉ်များကို
သိကြပါစေရန်ဖတ်သား၊မှတ်ထားကြဘို့
လိုအပ်ပါတယ်လို့ နိုင်ငံရေးပါတီအချို့ကို အသိပေးရေးသားတင်ပြပါတယ်၊
ရွေးကောက်ပွဲတို့မည်သည် ရွေးကောက်ပွဲ၌ ဖြစ်လာတဲ့ပြသနာများအား၊ဖြေရှင်းနိုင်ပါရန်၊
ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများကို ဖွဲ့စည်းပုံနဲ့အညီရေးဆွဲပြဌာန်းထားပြီးဖြစ်ပါတယ်၊
မဲဆန္ဒတစ်နယ်တစ်ခုချင်းအလိုက် ကန့်ကွက်မူများရှိပါကလည်း ဥပဒေပြဌာန်းမူများနှင့်အညီဖြေရှင်းကြရသလို၊
တည်ဆဲဖွဲ့စည်းပုံနှင့်အညီ တတိယအကြိမ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးခေါ်ရမှာက၊
တစ်ကဏ္ဍဖြစ်ပါတယ်၊

အခန်း(၆) တရားစီရင်ရေး၊
ပုဒ်မ(၂၉၄) နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ်ထားရှိသည်၊ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်၊

ပုဒ်မ(၂၉၆) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊
(က) အောက်ပါစာချွန်တော်အမိန့်များကိုထုတ်ပိုင်ခွင့်ရှိသည်၊
(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(၂) အာဏာပေးစာခွန်တော်အမိန့်၊
(၃) တားမြစ်စေ စာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(၅) အမှုခေါ် စာချွန်တော်အမိန့်၊

(ခ) နိုင်ငံတော်အတွင်းအရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်းကြေညာသည့်ဒေသတွင် စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန်လျှောက်ထားချက်များကိုရပ်ဆိုင်းသည်၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ၊
ပုဒ်မ(၂၉၅)(က)(၄) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသောအခြားကိစ္စရပ်များ၊
ပုဒ်မ(၂၉၅)(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၊
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊
အခြားဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊
မဆန့်ကျင်စေဘဲ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့်အာဏာရှိသည်၊
ထို့အပြင် အခြားတရားရုံးကချမှတ်ထားသော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီစစ်ဆေုံးဖြတ်နိုင်သောအယူခံမူစီရင်ပိုင်ခွင့်အာဏာရှိသည်၊

ပုဒ်မ(၃၂၃) တရားရုံး တစ်ရုံးသည် အမှုတစ်ခုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မူ ရှိ – မရှိ၊
ညီညွတ်မှု ရှိ – မရှိ၊
အငြင်းပွားမူပေါ်ပေါက်ပါက ထိုအငြင်းပွားမူနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း၊ တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး၊
မိမိ၏ထင်မြင်ချက်ကိုသတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍
အဆုံးအဖြတ်ရယူရမည်၊
ယင်းအငြင်းပွားမူနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏
ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့်သက်ဆိုင်စေရမည်၊
ပုဒ်မ(၃၂၄) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်၊

အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များ –
ပုဒ်မ(၄၀၂) အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်၊အတည်ဖြစ်သည်၊
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မူများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ၊
ပုဒ်မ(၄၀၃) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်ရပိုင်ခွင့်များကို
ဥပဒေပြဌာန်းသတ်မှတ်ရမည်၊

လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊
အခန်း(၁၆) ၊အထွေထွေ –
ပုဒ်မ(၈၆) ကော်မရှင်၊ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ဤဥပဒေပါ ပြဌာန်းချက်များအရ ဆောင်ရွက်ခ်ျက်သို့မစုတ် ဆုံးဖြတ်ချက်များနှင့်စ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှစစ်ဆေးပိုင်ခွင့်မရှိစေရ၊
ပုဒ်မ(၈၇) တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီမိမိ တာဝန်ကိုသဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ဝင်များ၊
ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့်ယင်းတို့၏အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့်
ရွေးကောက်ပွဲခုံအဖွဲ့ဝင်များ၊
မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆို
ခြင်းမခံထိုက်စေရ၊

အခန်း(၅) အုပ်ချုပ်ရေး၊
ပုဒ်မ(၂၁၅) နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊
ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊
မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင်ဲသုံးဆောင်ရွက်မူ သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့် အနေဖြင့်
ပြုခဲ့သော ပြုလုပ်မူအတွက် မည်သည့်လွှတ်တော်၊မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်
တာဝန်(တာဝန်) မရှိစေရ၊
သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည်
နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့်ပြဌာန်းချက်များနှင့်သက်ဆိုင်ခြင်းမရှိစေရ၊

သို့ပါသော ဖွဲ့စည်းပုံအခြေခံဥပဒေက
ပြဌာန်းသောအကြောင်းအချက်ဥပဒေများအရ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး၊
ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက် ပုဒ်မများက ပြဌာန်းထားပြီး၊ လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခွင့်အာဏာရရှိထားသော
အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှမ်းမိုး၊ကျော်လွန်သော အာဏာပိုင်မေးစာချွန်တော်၊အာဏာပေးစာချွန်တော်အမိန့်များကို ထုတ်ပြန်ခွင့်မရှိနိုင်ပါ၊
ဟုစာရေးသူမှ သုံးသပ် ယူဆပါတယ်၊

ပုဒ်မ(၂၉၄) တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုမထိခိုက်စေဘဲ၊
ဟုဖွင့်ဆိုထားချက်အရ ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေအရလွှမ်းမိုးမူမရှိသလို၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၄၀၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်၊
ဟူ၍ပြဌာန်းထားမူကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွမ်းမိုးနိုင်မူမရှိရပေ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၃၂၅) ပြဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားရယူရန်တိုက်ရိုက်တင်သွင်းခွင့်ရှိသူ၊နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့အား၊
ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပသည့်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် တရားလွှတ်တော်ချုပ်ထံသို့၊
စာချွန်တော်လျှောက်ထားခြင်းသည်၊
တရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့်မရှိပါ၊
ဟု ရေးသားတင်ပြရင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ –
အခန်း(၁) နိုင်ငံတော်အခြေခံမူမှစ၍၊
သက်ဆိုင်ရာအခန်းများ၏ ကဏ္ဍအလိုက်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းဖွင့်ဆိုမူများ၏ ရေးထုံးများသည်ကိုသာလျှင်၊
အဓိပ္ပာယ်ဖွင့်ဆိုလျှက် ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ရမှာဖြစ်ပါတယ်၊
ဟု ယူဆရမှာဖြစ်ပါကြောင်း ကောက်နူတ်ရေးသားတင်ပြလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်၊
ဥပဒေပုဒ်မ ဖွင့်ဆိုမူများအား အရပ်ပြောပုံစံမျိုးများပြောဆို၊ လုပ်ကိုင်နေကြပါက၊
တိုင်းပြည်သည်လည်း နိုင်ငံရေးတည်ငြိမ်မူ၊
ငြိမ်းချမ်းရေးတည်ဆောက်နိုင်မူ၊
တရားဥပဒေစိုးမိုးမူ၊
လုံခြံသော လူ့အဖွဲ့အစည်းနှင့် လူမူစီးပွားများသည်လည်း၊အားနည်းချိနဲ့လာစေပြီး၊
နိုင်ငံတော်ကြီးနှင့်တိုင်းရင်းသားနိုင်ငံသား ပြည်သူ ပြည်သားအားလုံးအတွက် နိုင်ငံရေးနဲ့တကွ လူမူ စီးပွားဘဝများသည်လည်း၊
ထိခိုက် နစ်နာ၊ဆုံးရူံးနိုင်ပါကြောင်းထပ်လောင်း၊
ရေးသားတင်ပြလိုက်ပါရစေ။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၈.၁.၂၀၂၁)………


Spread the love
  •  
  •  
  •  
  •  
  •  
  •