ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၏ အကျုံးဝင်၊ သက်ရောက်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၏ အကျုံးဝင်၊ သက်ရောက်မှု

ကိုသိန်းဌေး ၈၈ (ပဲခူး)

ယနေ့ဒီချုပ်ပါတီအောင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်၊ ဆိုသော သတင်းဆောင်းပါး သို့မဟုတ် သတင်းကို ဝေဖန်သုံးသပ်မူအမြင် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်၊

ဒီချုပ်မှ ဒေါက်တာဇော်မြင့်မောင်၏ အောင်နိုင်ရေးမှာ သမ္မတကြီးရော၊ အတိုင်ပင်ခံရော၊ပါတာပေါ့၊ ပါတီစည်းရုံးရေးလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ သူတို့ကိုလည်းထည့်ရတာပေါ့ဗျာ၊ CEC တစ်ဖွဲ့လုံးပါပါတယ် ဟု…ဒေါက်တာဇော်မြင့်မောင် ကပြောသည်၊လို့သတင်းဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးမှ ဒေါက်တာနန္ဒာလှမြင့် က…
ပါတီဥက္ကဌ တစ်ယောက်အနေဖြင့် ၎င်းပါတီ၏ အောင်နိုင်ရေးဦးဆောင်မူအပေါ်
ဝေဖန်စရာမရှိသော်လည်း အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း
ဝင်ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေစဉ်အတွင်း ပါတီတာဝန်ထမ်းဆောင်ခြင်းမပြုရ ဆိုသည့်တားမြစ်ချက်ရှိသည့်အတွက် ဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံ
အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက် လိုမည်ဟုမှတ်ချက်ပြုသည်။
ပြောခြင်တာကတော့အခြေခံဥပဒေမှာပြဌာန်းပြီးသားပဲဟု
၎င်းကသုံးသပ်ပြောကြားသည်။

အခြေခံဥပဒေအရ ရာထူးယူထားစဉ်ကာလအတွင်း ပါတီကိစ္စများမဆောင်ရွက်ရဟုသတ်မှတ်ထားချက်ရှိသော်လည်း (၂၀၁၀)အောက်တိုဘာလတွင် ပြဌာန်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ(၇/ခ) အရနိုင်ငံသားများ၏ ရွေးချယ်တင်မြှောက်ပိုင်ခွင့်မဆုံးရူံးစေရေးအတွက် ရွေးကောက်ပွဲကြေညာသည့်နေ့မှစ၍ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအနေဖြင့်ပါတီစည်းရုံးရေးကိစ္စ၊နယ်မြေစည်းရုံးရေးကိစ္စရပ်များဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားချက်ရှိသည့်အတွက် လက်ရှိဖြစ်နေသည့်ပြသနာမှာ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းနဲ့မဆိုင်တော့ဘဲ ဥပဒေ၏ လွဲမှားမူများသာဖြစ်သည်ဟု မန္တလေးသတင်းစာပညာကျောင်းမှဦးစန်းယုကျော်က မှတ်ချက်ပြုသည်၊

ဥပဒေပြဌာန်းချက်အရ ပါတီစည်းရုံးရေး၊နယ်မြေစည်းရုံးရေးပေးခြင်းနှင့်မဲဆွယ်စည်းရုံးခွင့်ပေးခြင်းဆိုသည့်သဘောတရား
တူမလိုလိုနှင့် အဓိပ္ပါယ်လွန်စွာကွဲပြားမူရှိသည်ဟု ၎င်းကဆိုသည်။

နောက်တစ်ခုက မဲဆွယ်တာလား၊ ပါတီစည်းရုံးရေးလုပ်တာလား၊ စကားလုံးက တကယ်ကမတူဘူး၊ မဲဆွယ်ခွင့်ဆိုတာက ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်းတွေကို တရားဝင်ပေးတဲ့ဟာမျိုးကိုဆိုလိုတာ၊ ခုဟာက ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးဆိုတာက ပါတီကိစ္စတွေဆောင်ရွက်ဖို့အတွက်ခွင့်ပြုတာ၊ မဲဆွယ်တဲ့ကိစ္စမပါဘူးဟု ၎င်းကမှတ်ချက် ပြုသည်။

အဓိကပြသနာမှာ ဥပဒေတစ်ခုနှင့် တစ်ခုကြားဟနေခြင်းဖြစ်သည့်အတွက် ယင်းဥပဒေများကိုမပြင်ဆင်ပါက လာမည့်ရွေးကောက်ပွဲများတွင်လည်း ယင်းကဲ့သို့ပြသနာများဖြစ်ပေါ်နေဦးမှာမည် ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေကို ပြင်ရင်ပြင်၊ မပြင်ရင် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ(၇/ခ) ကိုဖြုတ်လိုက်ပါ ဟုဖွဲ့စည်းပုံအခြေခံဥပဒေပါအကြောင်းအရာများအပေါ် ကိုးကား၍
၎င်းကထောက်ပြဝေဖန်သည်၊

ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ရှိပြီးသား ဥပဒေအရ ထုတ်ပြန်ပေးရသည့်တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မည်သူ့အမှားမှမဟုတ်ကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

ဒေါက်တနန္ဒာလှမြင့်ပြောသလို တား မြစ်ချက်ရှိသည့် အတွက် ဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်လိုမည်ဟု ပြောကြားချက်မှာ
လွဲမှားနေပါတယ်၊

အဘယ်ကြောင့်ဆိုသော် တည်ဆဲဥပဒေ အရအဖွဲ့ချုပ်က ဆောင်ရွက်ခြင်းဖြစ်ပြီး…

ဦးစန်းယုကျော်၏ ပြောကြားမှုဖြစ်သည့် ပါတီစည်းရုံးရေးကိစ္စနှင့် နယ်မြေစည်းရုံးရေးကိစ္စရပ်များဆောင်ရွက်နိုင်ပြီး မဲဆွယ်စည်းရုံးခွင့်ပေးခြင်းဆိုသည့်သဘောတရားမှာ တူမလိုလိုနှင့် အဓိပ္ပါယ်လွန်စွာကွဲပြားမူရှိသည်ဟု ပြောကြးမှုမှာ အင်မတန်မှ မှန်ကန် တိကျလှပါတယ်။

၎င်းတို့နှစ်ဦး၏ ပြောကြားမူအား လက်ရှိတည်ဆဲဥပဒေနှင့်တကွ အခြေခံဥပဒေပါ ပြဌာန်းချက်များဖြင့်ရှင်းလင်း တင်ပြပါရစေ။

အခန်း(၁)… နိုင်ငံတော်အခြေခံမူ…..

ဖွဲ့စည်းပုံအခြေခံဥပဒေ…..
ပုဒ္မ(၃၈/က) ….. ပုဒ်မ…
နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ
ရွေးကောက်တင်မြှောက်ခွင့်နှင့်
ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် ရှိသည်။

ဥပဒေနှင့်အညီ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၈/က) က ဖွင့်ဆိုထားခြင်းကို တွေ့ကြရမှာဖြစ်ပါတယ်။

အခန်း(၈)… နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ…..

ဖွဲ့စည်းပုံအခြေခံ ဥပဒေ…..
ပုဒ္မ(၃၆၉)… ပုဒ်မ…ပုဒ်မခွဲ(က) …
နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖြစ်စေ၊သက်ဆိုင်ရာဥပဒေ များနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွတ်တော်၊ သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

ဤဖွင့်ဆိုပြဌာန်းချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြင် သက်ဆိုင်ရာဥပဒေများနှင့်မဆန့်ကျင်လျှင် ဟူ၍ ဖွင့်ဆိုပြဌာန်းထားခြင်းကိုတွေ့ကြရမှာဖြစ်ပါတယ်။

အခန်း(၉)…..
ရွေးကောက်တင်မြှောက်ခြင်း…..
ပုဒ်မ(၃၉၅).. ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရသော်လည်းကောင်း၊
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအရသော်လည်းကောင်း၊
အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပါရပ်သို့
ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်။

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ
ပါပြဌာန်းချက်များ၊ ဟူ၍ ဖွင့်ဆိုပြဌာန်းထားသည်ကို တွေ့ကြရမှာပါ။

အခန်း(၄)… ဥပဒေပြုရေး…..
ပုဒ်မ(၁၂၀)… အောက်ပါအရည်အချင်းများနှင့်ပြည့်စုသူသည် ပြည်သူ့လွှတ်တော်သို့လွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
(က) အသက်(၂၅)နှစ်ပြည့်သူ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောနိုင်ငံသား၊
(ဂ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး(၁၀) နှစ်အခြေချနေထိုင်ခဲ့သူ၊
(ခြွင်းချက် ။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့်ကာလများကိုလည်းနိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့သောကာလအဖြစ်ထည့်သွင်းရေတွက်ရမည်)။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့်အရည်အချင်းများပြည့်စုံသူ၊

တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များတွင်ဝင်ရောက် ရွေးကောက်တင်မြှောက်ခံပါကလည်း အထက်ပါဖွင့်ဆိုချက်များအတိုင်းပင်ဖြစ်ပါတယ်၊ (ပုဒ်မ ၁၆၉/က/ခ)။

အမျိုးသားလွှတ်တော်တွင်ဝင်ရောက်တင်မြှောက်ခံပါက အသက်(၃၀) နှစ်ပြည့်သူဖြစ်ရပါမယ်၊
ကျန်သောအချက်အလက်များသည်အတူတူပင်ဖြစ်ပါတယ်၊
(ပုဒ္မ ၁၅၂/က/ခ/ဂ) ။ပုဒ်မ…
များဖြင့်ဖွင့်ဆိုပြဌာန်းထားပါတယ်၊

ပုဒ်မ(၁၂၁)သည် လွတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်းကို ပုဒ်မခွဲ (၁၂ ) ခုဖြစ် ဖွင့်ဆိုပြဌာန်းထားပါတယ်။

ပုဒ်မခွဲ (ဋ) ကိုအနည်းငယ် တင်ပြပါရစေ၊

လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း(၅)…
မှာလည်း ထိုစကားရပ်အတိုင်းပြဌာန်းထားပါတယ်၊

ပုဒ်မခွဲ(ဋ) နိုင်ငံတော်ပိုင်ငွေကြေး၊မြေ၊အိမ် ၊အဆောက်အအုံ၊ယာဉ်၊ပစ္စည်းစသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊

ခြွမ်းချက် (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသောစကားရပ်တွင် အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊
နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့်နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသော လစာ ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်းမပါဝင်ပါ။

ခြွမ်းချက်(၂) နိုင်ငံတော်ပိုင် မြေ၊အိမ်၊အဆောက်အအုံ၊ယာဉ်၊ ပစ္စည်း ဟူသောစကားရပ်တွင်
ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊တာဝန်အရသော်လည်းကောင်း၊နိုင်ငံတော်ကသုံးစွဲခွင့်ပြုထားသောသို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊အဆောက်အအုံနှင့်အခန်းများ၊
နိုင်ငံတော်ပိုင် လေယာဉ် ၊ ရထား ၊ သင်္ဘော၊
မော်တော်ယာဉ် ၊ပစ္စည်းစသည်တို့မပါဝင်၊

စာရေးသူမှ ဤဥပဒေ ပြဌာန်းချက်များကို တစ်လက်စထဲ ရေးသားတင်ပြရခြင်းသာဖြစ်ပါတယ်။

ဆောင်းပါးအစမှာ ရေးသားသည့် ရွေးကောက်ပွဲနှင့်သက်ဆိုင်မှုကိုရေးသား အဆုံးသတ်ပါမယ်။

ဒေါက်တာ နန္ဒာလှမြင့် ပြောကြားသလို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်လည်းလိုမည်မဟုတ်သလို…..

မန္တလေးသတင်းစာပညာကျောင်းမှ…
ဦးစန်းယုကျော် ပြောသလို ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးပေးခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ပေးခြင်းက တူမလိုလိုနှင့်အဓိပ္ပါယ် ကွဲပြားမှုရှိသည်၊

ဆိုသည်ကို ပြဌာန်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဖြင့် ရှင်းပြပါရစေ။

ပုဒ်မ(၇).. ပုဒ်မ(၆)၊ပုဒ်မခွဲ(က) ပါပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးသည် —

(က) လွတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်ကောင်း၊တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း၊ ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၆၃)၊ပုဒ်မ(၆၄)၊ပုဒ်မ(၂၃၂/စျ/ည/ဋ )
နှင့် ပုဒ်မ(၂၃၇/စ/ဆ/ဇ ) တို့ပါပြဌာန်းချက်ပါအတိုင်းဆောင်ရွက်ရမည်။

ပုဒ်မခွဲ(ခ).. ပုဒ်မခွဲ(က) အရဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသားတစ်ဦးဖြစ်လျှင်သော်လည်းကောင်း၊
အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့်…
အထွေထွေရွေးကောက်ပွဲ၊ တစ်ရပ်ရပ်တွင်.. ပါဝင်ရွေးချယ်
ခံမည့်သူ ဖြစ်ပါက..
နိုင်ငံသားတစ်ဦးအား…
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၈)ပုဒ်မခွဲ(က)..
အရပေးအပ်ထားသော.. ရွေးကောက်တင်မြှောက်ခံ

ပိုင်ခွင့်.. မဆုံးရူံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲက ကြေညာသည့်နေ့မှစ၍..
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ(၁၂၀) နှင့် (၁၂၁) တို့ပါ ပြဌာန်းချက်များနှင့်ကိုက်ညီလျှင်.. ရွေးကောက်ပွဲဆိုင်ရာ…
ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊
နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊
ဆောင်ရွက်ခွင့်ရှိသည်။

ဟူ၍ အဓိပ္ပါယ် ဖွင့်ဆို ပြဌာန်းထားပါတယ်။
ထိုဥပဒေ ပုဒ်မ(၇/ခ) မှာ ထည့်သွင်းဖွင့်ဆိုထားသော ထူးခြားသည်းစကားရပ်သည်
# ရွေးကောက်ပွဲဆိုင်ရာ #
ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊

ဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတွင်
ပါတီအတွက် မဲဆွယ်စည်းရုံး နိုင်သည့်
အဓိပ္ပါယ် သတ်မှတ် ဖွင့်ဆို မှုပင်မဟုတ်ပါလား ?

ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပြဌာန်းချက် ပုဒ်မ (၇/ခ) သည်…..
ဖွဲ့စည်းပုံအခြေခံဥပဒေ…..အခန်း(၈)…
နိုင်ငံသား၊၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ…..ပုဒ်မ(၃၆၉)ပုဒ်မခွဲ(က) နှင့် ညီသည့်အပြင်…

အခန်း(၉)…
ရွေးကောက်တင်မြှောက်ခြင်း…..
ပုဒ်မ(၃၉၅) အရလည်းညီပါတယ်။

ထိုဥပဒေတို့၏ဖွင့်ဆိုပြဌာန်းမူများအားအထက်ပါ အပိုဒ်တွင် ရေးသားဖော်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ…..
ပုဒ်မ(၇) ပုဒ်မခွဲ(ခ) သည်…..
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သော ရွေးကောက်ပွဲဆိုင်ရာ ပြဌာန်းချက် ဥပဒေပင်ဖြစ်ပေသည်။..

ဟူ၍ စာရေးသူမှ ကောက်ချက်ချ သုံးသပ်လိုက်ရပေသည်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (6.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •