ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့် ကျွန်ုပ် တို့၏ ပေတိုး များသို့…..

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်
မိမိတို့ နိုင်ငံမှ ပြည်သူ ပြည်သားများ…..

ကျွန်ုပ် တို့၏ ပေတိုး များသို့…..

ဆောင်းပါးအစမှာ ပေတိုးများအကြောင်းကို အနည်းငယ်ရေးသားပါရစေ၊
ကျွန်တော် ငယ်ငယ်က လူကြီးသူမများက ပြောကြသည့် စကားလုံးမှာ ထစ်ကနဲရှိ ပေတိုးတို့ ခေါင်းကွဲလာတာပဲမဟုတ်လားတဲ့၊
ပေတိုးတို့ဆိုတာ မိမိအရပ်ကို မိမိချစ်ခင်ပြီး
အမြဲတစ်စေ ရှေ့ကနေ ကာကွယ်ကြတာပါ၊
ပေတိုးတို့က အုပ်စုလည်းမဖွဲ့ဘူး၊ အရပ်ကို သူတတ်နိုင်တဲ့အပိုင်းက ကာကွယ် စောင့်ရှောက်ကြတယ်၊
အရပ်ထဲမှာ မတော် မတရားတာ တွေ့ရင်
ရှေ့ဆုံးကနေ ဝင်ရောက် ပြောဆိုတယ်၊
ကာကွယ်တယ်၊
အဲဒီမှာတင် တစ်ဘက်ကလည်း သူ့ကိုသာလျှင် သတိထားပြီး တုန့်ပြန်ကြတယ်၊
ဒါပေမယ်လို့ ထူးခြားတာက ပေတိုးကို
မကောင်းကြံကာ ဆန့်ကျင် ဖြုတ်ချပြီး ငါကွဆိုပြီး ပွဲပြီးတဲ့အခါ အုပ်စုလိုက် အထာ တကျ နေရာယူဖို့
ကြံစီ နေကြတဲ့ သူတွေကလည်း
နောက်ကျော ဒါးနဲ့ထိုးဆိုသလို ပေတိုးအနားမှာရှိနေပြန်ပါတယ်၊
ဒါကြောင့် ထီကနဲဆိုရင် ပေတိုးတို့ပဲ ခေါင်းကွဲခံလာရတာကို ဆိုလိုတာဖြစ်ပါတယ်၊

လူကြီးသူမတွေရဲ့ မျက်နှာမရ ဘာမရနဲ့ ပေတိုး တို့ကတော့ ကိုယ့်အရပ်အတွက် ဆက်ရှိနေ ကြဆဲပါပဲ။
ပေတိုး တို့ကို အမှတ် သည်းခြေ မရှိဘူးလို့
ဆိုချင်လည်း ဆိုကြပါစေတော့၊

ပေတိုးတိုကတော့ မိမိတိုင်းပြည်၊မိမိပြည်သူ၊ မိမိဒေသ၊ မိမိအဖွဲ့ အတွက်
ပေတိုး များကလည်း ဆက်လက်
ရှင်သန်ကြပြီး ဆက်ကာ ဆက်ကာ
ကူညီ ဆောင်ကျဉ်း ရပ်တည်
နေကြရအုံးမှာက မလွဲဧကန်ပင်ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့် မိမိတို့
နိုင်ငံမှ ပြည်သူ ပြည်သားများ…..

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သည် အခန်းပေါင်း(၁၅)ခန်းနှင့် ပုဒ်မကြီးပေါင်း (၄၅၇) ခုရှိပါတယ်၊

တစ်ချို့ ပုဒ်မများသည် (၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှ စကားရပ်များကို ယူင် ရေးဆွဲထားတာကို အတော် အတန်တွေ့ရမှာဖြစ်ပါတယ်၊
အခန်း(၁၄) ကူးပြောင်းရေးကာလပြဌာန်းချက်များတွင် ပုဒ်ပ(၄၄၁) မှ ပုဒ်မ(၄၄၈)အထိ ပုဒ်မပေါင်း(၈)ခုပါရှိပြီး၊
(၁၉၄၇) ဖွဲ့စည်းအုပ်ချုပ်ပံအခြေခံဥပဒေတွင်လည်း အခန်း(၁၄)မှာ အကူးအပြောင်းကာလပြဌာန်းချက်များ
ဆိုပြီး
ပုဒ်မ(၂၂၃)မှ ပုဒ်မ(၂၃၄) အထိ ပုဒ်မပေါင်း(၁၂) ခုရှိပါတယ်။
အများစုက အဓိပ္ပါ ဖွင့်ဆိုမူက နီးနီးစပ်စပ် တူပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ အရည်အချင်းသတ်မှတ်ချက်များသည်လည်း အနီးစပ်ဆုံးတူပါတယ်။
(၁၉၄၇)တွင် ပါလီမန်အမတ်၏
အသက်သည် (၂၁)နှစ်ပြည့်ရမည်ဖြစ်ပြီး ၊ ၂၀၀၈ တွင် အသက် (၂၅)နှစ် ပြည့်ပြီးဖြစ်ရမည်ဟု ပြဌာန်းထားပါတယ်၊

(၁၉၄၇)မှာ လူမျိုးစု လွတ်တော်သည် အမတ်ဦးရေး(၁၂၅)ဦးရှိစေရပြီး၊
ပြည်သူ့လွှတ်တော်သည် လူမျိုးစုလွှတ်တော်ဦးရေ၏ နှစ်ဆ ဖြစ်ရပါမယ်။

ရှမ်းပြည်မှ (၂၅)နေရာ၊ ကချင်ပြည်နယ်မှ(၁၂) နေရာ၊ ချင်းဝိသေသတိုင်းမှ (၈) နေရာ၊
ကရင်နီပြည်နယ်မှ (၃) နေရာ၊ ကရင်အမျိုးသားကိုယ်စားလှယ်များက (၂၄) နေရာဖြစ်ပြီး ကျန်(၅၃) နေရာကို ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေများမှကိုယ်စားလှယ်များဖြင့် ဖြည့် သွင်းရမည်။
ယခုခေတ်အခေါ် အမျိုးသားလွတ်တော်ဟု ခေါ်ဝေါ်လို့ ရပေမည်။

(၂၀၀၈) တွင် အမျိုးသားလွှတ်တော် မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရေအတွက်တူ လွှတ်တော်ကိုယ်စား(၁၂) ဦးစီ ရွေးချယ်ပေးရကာ စုစုပေါင်း (၁၆၈)ဦးဖြစ်ပါတယ်၊
မြို့နယ်ပေါင်း (၄၅)မြို့နယ်နှင့်
လူဦးရေပေါင်း (၈၃)သိန်းကျော်ရှိနေသည့် ရန်ကုန်တိုင်းကလည်း (၁၂)ဦးရှိပြီး၊

မြို့နယ်ပေါင်း (၇) မြို့နယ်ရှိ၍ လူဦးရေ(၃)သိန်းကျော်သာရှိသော
ကယားပြည်နယ်မှလည်း (၁၂)ဦးရရှိပါတယ်။

တိုင်း(၇)တိုင်းမှ (၈၄)ဦးနှင့်
ပြည်နယ်(၇)ပြည်နယ်မှ(၈၄) ဦး
အရေအတွက်တူ ရရှိပါတယ်။

ပြည်သူ့လွှတ်တော်တွင် မြို့နယ်ကိုအခြေခံ လွှတ်တော်ကိုယ်စားလှယ် (၃၃၀)ဦးဖြစ်ပါတယ်။

(၁၉၄၇)ဥပဒေပြုခြင်းအပိုင်းတွင် ပုဒ်မ(၉၈)(၉၉) နှင့် ပုဒ်မ(၁၀၀)တို့သည်
ငွေကြေးဥပဒေကြမ်းမှလွဲ၍
၂၀၀၈ ဥပဒေပြုခြင်း ပုဒ်မ(၉၅)(က)(ခ) တို့နှင့် တစ်သဘောတည်းသာဖြစ်ပါတယ်။

ထို့ပြင် (၂၀၀၈) တွင်ပါသောအခန်း(၅)
အုပ်ချုပ်ရေး၊ ပုဒ်မ(၂၁၇)၏ ဖွင့်ဆိုပြဌာန်းမူသည်
(၁၉၄၇) အခန်း(၅) နိုင်ငံတော်သမ္မတ၊
ပုဒ်မ(၅၉) ၏ ဖွင့်ဆိုပြဌာန်းမူနှင့်
တစ်သဘောတည်းအဓိပ္ပါယ်ကို သက်ရောက်ပါတယ်။

(၁၉၄၇) နိုင်ငံတော်သမ္မတ၏ ပုဒ်မ(၄၅)ဖွင့်ဆိုချက်သည် (၂၀၀၈)အခန်း(၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၊
ပုဒ်မ(၅၈)ဖွင့်ဆိုမူနှင့်အတူတူပင်ဖြစ်ပါတယ်။

ဒါပေမယ့် (၁၉၄၇) အခြေခံဥပဒေမှာ တပ်မတော်က နေရာဝင်ယူထားခြင်း၊ ဝင်စီးထားခြင်းမရှိပါဘူး။

ရေးသားတင်ပြပါက အတော်များလှပါတယ်။

လက်ရှိ (၂၀၀၈)နှင့် မိမိတို့နိုင်ငံအခင်းအကျင်းကို ရေးသားတင်ပြပါမယ်။

(၂၀၁၅) မဲရလဒ်ကို ဖော်ပြပါရစေ။
အဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်မှာ (၂၅၅)နေရာအနိုင်ရရှိခဲ့ပါတယ်၊

ပြည်နယ်(၇)ခုမှာ (၅၆)နေရာနဲ့
တိုင်း(၇)တိုင်းမှာ (၁၉၉) နေရာနိုင်ခဲ့ပါတယ်။

ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရှမ်းပြည်နယ်မှာ (၁၂) နေရာအနိုင်ရရှိခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ(RNP) က ရခိုင်ပြည်နယ်မှာ (၁၂) နေရာအနိုင်ရရှိခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက (၃၀) အနိုင်ရရှိခဲ့ရာမှာ
ရှမ်းပြည်နယ်မှာ (၁၅)နေရာ၊ ရခိုင်ပြည်နယ်မှာ (၁) နေရာ၊ ကချင်မှာ(၃)နေရာ၊ကယားမှာ(၁) နေရာ၊ ကရင်မှာ (၁)နေရာ ၊
ချင်းမှာလုံးဝမနိုင်ခဲ့ပါဘူး၊
မွန်မှာ(၁)နေရာ၊ ရှမ်းပြည်နယ်မှာ (၁၅) နေရာနိုင်ခဲ့ပါတယ်၊

ရှမ်းပြည်ဒေသခံ ရှမ်းပါတီ(SNLD) က(၁၂)နေရာသာနိုင်ခဲ့ကာ (SNLD) ထက် (၃) နေရာပိုနိုင်ခဲ့တာကို တွေ့ရပါတယ်။
ရှမ်းပြည်မှာ (NLD) ကလည်း (SNLD) နဲ့ အရေအတွက်တူ (၁၂) နေရာနိုင်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်နေရာမှာ…
အဖွဲ့ချုပ်က (၁၃၅) နေရာနိုင်ခဲ့ရာမှာ…..
တိုင်းဒေသကြီး(၇)ခုမှာ (၈၂) နေရာနိုင်ခဲ့ပြီး
ပြည်နယ်(၇)ခုမှာ (၅၃) နေရာအထိ အနိုင်ရရှိခဲ့တာကိုတွေ့ရပါတယ်။

ပြည်နယ်(၇)ခုမှာ ပြည်ခိုင်ဖြိုးက
ကချင်နဲ့ မွန်ပြည်နယ်မှာ လုံးဝမနိုင်ခဲ့ပါပဲ – –
ကယားမှာ(၂)နေရာ၊ကရင်(၂)၊ချင်း(၁)၊ ရခိုင်(၁) နေရာနဲ့ ရှမ်းပြည်မှာ (၃) နေရာနိုင်ခဲ့တာကိုတွေ့ရပြီး၊
ပြည်နယ်(၇) ခုမှာ (၉) နေရာသာ နိုင်ခဲ့ပါတယ်။
ထူးခြားမူက ရှမ်းပြည်နယ်ဖြစ်ပါတယ်၊
ရှမ်းပြည်အခြေစိုက် ရှမ်းပါတီ(SNLD) ၊ (NLD)နဲ့ ပြည်ခိုင်ဖြိုးက (၃) နေရာစီအနိုင်ရရှိခဲ့သလို၊
ရှမ်းပြည်နယ်လွှတ်တော်နေရာမှာ
(SNLD) (NLD) တို့ထက် ပြည်ခိုင်ဖြိုးက (၇/၈) နေရာလောက်ပိုနိုင်ထားတာကိုတွေ့ရပါတယ်။ရှမ်းပါတီဖြစ်တဲ့ (SNDP) က (၁)နေရာသာအနိုင်ရရှိခဲ့ပါတယ်။

လွှတ်တော်နှစ်ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွတ်တော်မှာ…..
အဖွဲ့ချုပ်ပါတီက (၃၉၀)၊
ရှမ်းပြည်အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်
(SNLD) က (၁၅)နေရာ၊
ရခိုင်အမျိုးသားပါတီ (ANP) က (၂၂) နေရာ၊
ပြည်ခိုင်ဖြိုးက (၄၁) နေရာ၊
ရရှိခဲ့ကြပါတယ်။
(ကြားဖြတ်ရွေးကောက်ပွဲများမပါ)

ဆိုလိုရင်းကိုရောက်ရှိလာပါပြီ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏
စတင်သန္ဓေတည်ခဲ့မူကို မိမိတို့ တိုင်းရင်းသားပြည်သူအများမှာ နှစ်ခြိုက်မူ နည်းခဲ့
ပါတယ်၊
ဒါက ဘာလဲ ဆိုတော့ (၂၀၀၈) ကို
အာဏာသိမ်းတပ်မတော်အစိုးရက ၎င်းတို့စိတ်ကြိုက်ရေးဆွဲ ပြဌာန်းခဲ့တယ်ဆိုသည့် အချက်ကိုဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ကကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ (NO )ပါ၊
ဆိုပြီး ရပ်ခံနေကြတာကလည်း အရေးပါတဲ့ အခြေအနေ အခင်းအကျင်း
ဖြစ်လာခဲ့ရပါတယ်။

ဤဖွဲ့စည်းပုံ (၂၀၀၈) ကို ဦးဆောင် ရေးဆွဲခဲ့သူ တပ်မတော်ကလည်း
ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲဖို့
နေနေသာ ယခုတည်ဆဲ (၂၀၀၈) ကို
ပြင်သင့်တာ၊ ဖြုတ်သင့်တာ၊
ဖြည့်သင့်တာတွေကို ပြည်သူလူထုကိုယ်စား ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ ပြင်ဆင် ပယ်ဖျက် ဖြည့် ဆည်းဖို့ ဥပဒေကြမ်းအဆိုတွေကို (၂၀၀၈) ပေးထားချက်များနဲ့အညီ တင်ပြီး ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားကြပြန်တော့လည်း
(၂၀၀၈) ပြဌာန်းချက်အရ ရွေးချယ်ခံ
လွှတ်တော် ကိုယ်စားလှယ်မဟုတ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ရာခိုင်နူန်းက
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)(စ) ရဲ့
ဖွင့်ဆိုပြဌာန်းချက် ဖြစ်တဲ့
တပ်မတော်သည်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်။
ဆိုတာကြီးကို ဆုပ်ကိုင်ပြီး မျက်စိမှိတ် ကန့်ကွက်တော့တာပါပဲ။

ဒီတော့ မိမိတို့ပြည်သူတွေဘာကိုလုပ်ကြရမှာလဲ ?
စဉ်းစားပြီး ဆုံးဖြတ် ရပ်တည် ကြရမှာက ဘာလဲ ?

(၂၀၀၈) ကို ရင်ဆိုင်ဖို့ နည်းလမ်းက လတ်တစ်လော အခင်း အကျင်းမှာ တစ်ခုပဲရှိပါတယ်၊
ဒါက ဘာလဲဆိုတော့ လွှတ်တော်တွေထဲကို
မိမိတို့၏ ကိုယ်စားပြု သွားကြမယ့်၊
မိမိတို့ယုံကြည်လောက်တဲ့နိုင်ငံရေးပါတီ ၊
အင်အားအပြည့်ရှိပြီး အစိုးရဖွဲ့နိုင်လောက်
သည့်ပါတီ၊
မိမိတို့ ယုံကြည်သည့် တိုင်းပြည်နဲ့ ပြည်သူ ပြည်သားအပေါင်းအားကိုး အားထားပြု
နိုင်မည့်ခေါင်းဆောင်၊
လွှတ်တော်ထဲမှာ တိုင်းပြည်နဲ့ တိုင်းသူပြည်သားများအတွက် ဘေးထွက်ဆိုးကျိုးများ နည်းနိုင်သမျှ နည်းပါးအောင် ထူထောင်တည်ဆောက် ပြုပြင်ရေးအပေါ်မှာ တစ်စိုက်မတ်မတ်ရှိနေသည်ံ့၊မရှိလို့ကို မရတဲ့ ၊
ရှိနေ နိုင်သည့် ပါတီမှ
လွတ်တော်ကိုယ်စားလှယ်များကို ရာခိုင်နူန်းများနိုင်သမျှများစေရန် မဲပေးရွေးချယ်ခြင်း
ဖြင့် (၂၀၀၈) ကို ရင်ဆိုင်ကြရမှာပါ။

ဆိုလိုတာက လွှတ်တော်အတွင်းမှာ
လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် များနိုင် သမျှ များများ ရှိနေမှသာ (၂၀၀၈) ကို နိုင်နိုင်နင်းနင်း ဖြင့် ထိန်းချုပ်၊
ထိန်းကြောင်းနိုင်စေမှာဖြစ်ပါတယ်။

အစိုးရဖွဲ့နိုင်မူကိုလည်း ထပ်မံရေးသားတင်ပြပါရစေ။
ပြည်သူ့ လွှတ်တော်၏ ရွေးချယ်ခံ ကိုယ်စားလှယ် ထက်ဝက်ကျော်ဆိုလျှင် (၁၆၆) ဦးရှိပြီး ဒုတိယသမ္မတ တစ်ဦးကို တင်မြှောက်နိုင်ပါတယ်။

အမျိုးသားလွှတ်တော်တွင် ရွေးချယ်ခံ ထက်ဝက်ကျော်ဆိုပါက (၈၅) ဦးရှိပါတယ်၊
ဒုတိယသမ္မတ တစ်ဦးကိုရွေးချယ်နိုင်ပါလိမ့်မယ်။

တွက်ကြည့် လိုက်ကြရအောင်…..
လွှတ်တော် နှစ်ရပ်ပေါင်းဦးရေက (၂၅၁) ဦးသာရရှိပါလိမ့်မယ်။
ဤတွင် ဒုတိယ သမ္မတ နှစ်ဦးကိုသာ ရင်ဝယ်ပိုက်ပြီး အစိုးရတစ်ရပ်လုံးကို ဦးဆောင်ဖွဲ့နိုင်သည့် သမ္မတ တစ်ဦးကို မရရှိနိုင်တော့ပါ၊

(၂၀၁၅)မှာ ပြည်သူ့လွတ်တော်၌ (၂၅၅) ဦး၊
အမျိုးသားလွှတ်တော်မှာ (၁၃၅)ဦး ၊
လွှတ်တော်နှစ်ရပ်ပေါင်း (၃၉၀) ဦးကို
အဖွဲ့ချုပ်မှအနိုင်ရရှိခဲ့ပါသောကြောင့်
သမ္မတတစ်ဦးရွေးနိုင်သည့် ကိုယ်စားလှယ်
(၃၃၃)ဦးကိုကျော်လွန်ခဲ့သည့် အပြင် လွှတ်တော်အတွင်း ဥပဒေပြုမူများသည်လည်း အဆင်ပြေ ကောင်းမွန်ခဲ့ရပါတယ်။

မိမိယခုလို ရေးသားတင်ပြရခြင်းမှာ
အခြားဒီမိုကရက်တစ်ပါတီများအား အသိအမှတ် မပြုလိုမူ အလျဉ်း မရှိပါ ၊
မနိုင်စေလိုလို့လည်းမဟုတ်ရပါ၊
လွတ်တော်ထဲ မရောက်စေလိုမူလည်း မရှိပါ၊
ဆိုသည်ကို သိစေအပ်ပါတယ်။
ယခုလိုအချိန်မှာ ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးမျက်နှစ်စာ အသစ်များက နောင်အခါ ကာလများမှာ အစိုးရဖွဲ့နိုင်လောက်သည့် အင်အားရှိလာစေရန် ကြိုးစားပေးကြဖို့လိုပါတယ်။
သို့မှသာ ပြည်သူများက ရွေးချယ်စရာ ပါတီ များကို စိတ်တိုင်းကြ ရွေးချယ်လာကြမှာ ဖြစ်ပါတယ်။
ယခုကာလမှာလည်း ပါသင့်သူ အချို့ပါဝင်လာစေဖို့က ဆန္ဒမဲ ပေးကြမည့် ပြည်သူ တစ်ဦးခြင်းနဲ့လည်း သက်ဆိုင်စေပါတယ်။

သို့သော်လည်း ယခုလို (၂၀၀၈) အား ပြင်ဆင်၊ပယ်ဖျက်၊ ဖြည့်စွက်နိုင်မူ မရှိသေးခင်ကာလမှာ လွှတ်တော်ထဲ၊ အစိုးရထဲမှာ ညှိနိူင်းစရာ မလိုတဲ့အပြင် လူထုထောက်ခံမူ မြင့်မားနေဆဲဖြစ်ပြီး အစိုးရတစ်ရပ်ကို လွတ်လွတ် ကျွတ်ကျွတ်ဖွဲ့နိုင်သော အင်အားရှိသည့် နိုင်ငံရေးပါတီ ကို အများစု အောင်စေခြင်တာဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ အင်အားပဲ့ရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ရပ်တည်း ကသာ…..
အာဏာရှင် အဝန်းအဝိုင်း ကို ရူံးတာမဟုတ်ပါဘူး ၊
မိမိတို့ ဒီမိုကရေစီခေတ်သစ်မှာ နေထိုင်ကြီးပြင်းကြမယ့် လူမူ စီးပွား၊ နိုင်ငံရေး၊ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မူအပါအဝင် တက်လာသည့် အစိုးရတိုင်းကို မကြောက်မရွံ့ ပြောရေး တိုင်းတာ နိုင်မူအပါအဝင်
အခြားသော ဆက်ဆံ နိုင်ခွင့်အခွင့် အာဏာများပါ ကျရူံးစေမှာဖြစ်ပါတယ်။

၎င်းအပြင် အစိုးရဖွဲ့နိုင်သည့် ပါတီသည် အစိုးရအဖွဲ့ထဲမှာ အနိုင်ရ တိုင်းရင်းသားပါတီ များမှ ကိုယ်စားပြု သူများကိုလည်း ထည့်သွင်းဖွဲ့ စည်းနိုင်မူသည် မိမိတို့ ပြည်ထောင်စု ကြီး ၏ အရေးပါ၊ အရေးကြီး လိုအပ်လှပေသည်။

သို့ဖြစ်ပါသောကြောင့် မဲဆန္ဒရှင် ပြည်သူများနှင့်
အဖွဲ့ချုပ်ကို ဝန်းရံသူများအပါအဝင် အဖွဲ့ချုပ်မှ
………. ပေတိုး … ……
တို့ အားလုံးသည် စိတ်ဆိုး၊ စိတ်ကောက်မူများကို ဖြေလျော့ ကြရင်း ဖြင့်
(၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင်
လိုအပ်သည့် ရလဒ်များရကြစေဖို့
စုစည်း စုပေါင်းမူများဖြင့်
အတူတကွ ရုန်းကန်၊
ကြိုးစားကြပါစို့ ၊

ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….((28.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •