ဗန်းမော်မြို့ မြန်မာ့လေကြောင်းလိုင်း မန်နေဂျာနေအိမ်တွင် အနုကြမ်းစီးခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗန်းမော်မြို့ မြန်မာ့လေကြောင်းလိုင်း မန်နေဂျာနေအိမ်တွင် အနုကြမ်းစီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မင်းကုန်းရပ်ကွက်မှာရှိတဲ့ မြန်မာ့လေကြောင်းလိုင်း မန်နေဂျာရဲ့ နေအိမ်မှာ အောက်တိုဘာ ၃၀ရက် ဒီကနေ့ မနက်၁၁နာရီက အမည်မသိ အမျိုးသားသုံးဦးက အနုကြမ်းစီး ငွေယူပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဗန်းမော်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာ့လေကြောင်းလိုင်း မန်နေဂျာြဖစ်သူက နေအိမ်မှာရှိနေစဉ် လူသုံးဦးနေအိမ် ကိုရောက်လာပြီး သူနဲ့ဇနီးဖြစ်သူတို့ကို တုတ်နဲ့ရိုက်ကာ မီးခံသေတ္တာဖွင့်ခိုင်းပြီး ငွေကျပ် သိန်း(၂၀)ကို ယူဆောင်သွားတာကြောင့် ရဲတပ်ဖွဲ့ကို သတင်းပို့တိုင်ကြားခဲ့တာပါ။

အခင်းဖြစ်ချိန်မှာ မန်နေဂျာရဲ့ သမီးနှစ်ဦးကအိမ်အပေါ်ထပ်မှာရှိနေပြီး အောက်ထပ်ကိုဆင်းလာချိန်မှာမှ ဖခင်နဲ့မိခင်ဖြစ်သူကို တုတ်နဲ့ရိုက်၊ တိပ်နဲ့ပတ်ထားတာကိုတွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အရိုက်ခံရတဲ့ မန်နေဂျာရဲ့ ဇနီးဖြစ်သူကတော့ ဦးခေါင်းမှာ ပြင်းထန်ဒါဏ်ရာရရှိပြီးသေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်နေပြီး ဗန်းမော်မြို့မရဲစခန်းမှာ (ပ)၂၁၂/၂၀၂၀၊ပြစ်မှုပုဒ်မ ၃၀၂/၃၉၂/၃၂၃တို့နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း-မိုဃ်းကျ(မြစ်ကြီးနား)၊သူရိန်စိုး(ကချင်မြေ)
ဓာတ်ပုံ-ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •