ဗန်းမော် – မန္တလေးကားလမ်းမှာ ရေကျော်မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗန်းမော် – မန္တလေးကားလမ်းမှာ ရေကျော်မှုဖြစ်ပွား

 

၂၂.၇.၂၀၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀အချိန်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စင်းခန်းကျေးရွာအုပ်စု၊ စင်းခန်းကျေးရွာနှင့် မြလယ်ကျေးရွာကြား ဗန်းမော် – မန္တလေးကားလမ်းမှာ ရေကျော်မှုဖြစ်ပွားခဲ့ပါတယ်။

 

 

မိုင်တိုင်အမှတ် (၂၆၀.၅/၂၆၁.၅)တွင် ကားလမ်းပေါ်သို့ ဧရာဝတီမြစ်ရေ(၆)လမ်မခန့်၊ မြလယ်ကျေးရွာနှင့် ကောင်းတုံကျေးရွာကြား ဗန်းမော် – မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၆၃.၅/၂၆၄.၅)တွင် ကားလမ်းပေါ်သို့ ဧရာဝတီမြစ်ရေ(၇)လမ်မခန့် ရေကျော်လာခဲ့တာပါ။

 

 

အဲဒီ ရေကျော်မှုဖြစ်ပွားရာသို့ စင်းခန်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •