ဗန်းမော်-မန္တလေး ကားလမ်းမကြီး၊ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကျော်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဗန်းမော်-မန္တလေး ကားလမ်းမကြီး၊ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကျော်မှုဖြစ်ပွားနေ

 


၁၄.၇.၂၀၂၀ ရက်နေ့၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာနှင့် မြလယ်ကျေးရွာကြား၊ ဗန်းမော်-မန္တလေး ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၆၀/၂၆၁)ကြားတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပွားနေပါတယ်။

 


ကားလမ်းရေကျော်ရာနေရာသို့ စင်းခန်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် လမ်းပခုံးတစ်လျှောက် ကြိုးတန်းဆွဲခြင်း၊ တိုင်ထောင်အမှတ်အသားများ ပြုလုပ်ပေးခြင်း၊ မြစ်ရေမြင့်တက်လာမှုအခြေအနေအား စောင့်ကြည်လျက်ရှိပြီး လမ်းသွားလမ်းလာများ၊ ခရီးသည်ယာဉ်များ အဆင်ပြေစွာဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •