ဗန်းမော်( မန်စီခရိုင်) ဂိုင်ဒေါ်ကျေးရွာ၌ ငါးလောင်ပြိုင်လူသတ်မှု ဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗန်းမော်( မန်စီခရိုင်) ဂိုင်ဒေါ်ကျေးရွာ၌ ငါးလောင်ပြိုင်လူသတ်မှု ဖြစ်ပွား

ဗန်မော် ( မန်စီခရိုင်) မန်ဂျယ် ဒိန်စီ အင်ဘပါလမ်း၊ ဂိုင်ဒေါ်ကျေးရွာ၌ ဇူလိုင်လ၊ ၂ ရက်နေ့ည မိသားစုဝင် ၅ ဦး ဓားခုတ်သတ်ခံရကြောင်းကြားသိရပါတယ်။

အသတ်ခံရသောသူများမှာ
၁။ ဒေါ်ယမ်ထု (အသက်(၇၀))
၂။ ဦးယာကုလဇိန်တန်ဂွန်(ဖခင်)
၃။ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန်(မိခင်)
၄။ မောင်လဇိန်ဆန်လီနော်
၅။ မောင်လဇိန်ဒွဲဆန်အောင် တို့ဖြစ်ကြပါတယ်။

သားကြီးဖြစ်သူ အသက်(၁၃) နှစ်အရွယ်တစ်ဦးတည်း ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် စကားမပြောနိုင်တော့ပါ။

ယခု အသတ်ခံရသော မိသားစုဝင်များ နေအိမ်သို့ ဒိန်စီတိုက်နယ်မှ တာဝန်ခံဘုန်းတော်ကြီး Rev. Fr Paul Lahpai Awng Dang နှင့် ဓမ္မဆရာများ သွားရောက်ဆုတောင်းအကြည့်အရူရောက်နေကြပါတယ်။

မတရားအသတ်ခံရသောမိသားစုဝင်များ၏ဝိညာဉ်အတွက်နှင့် အမှူမှန်တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ဝိုင်ဝန်းဆုတောင်းပေးကြပါရန် ခရစ်တော်၏နာမတော်၌ မေတ္တာရပ်ခံအပ်ပါတယ်။

RVA, Kachin မှ မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Mai Joe Lay

https://www.facebook.com/560399330689333/posts/3278818672180705/


Spread the love
  •  
  •  
  •  
  •  
  •  
  •