ဗဟန်း၊ဆရာစံလမ်းရှိ The World Wide KTV အား ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး၊ဧည့်သည် ၈ ဦးနှင့် ဆိုင်မန်နေဂျာအားအမှုဖွင့်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗဟန်း၊ဆရာစံလမ်းရှိ The World Wide KTV အား ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး၊ဧည့်သည် ၈ ဦးနှင့် ဆိုင်မန်နေဂျာအားအမှုဖွင့်ထား

Covid-19 ကပ်ရောဂါကာလ စည်းကမ်းဖောက်ဖျက်ဖွင့်လှစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ The World Wide KTV ဆိုင်အား ရပ်ကွက်နေပြည့်သူတချို့၏ သတင်းပေးပို့ တိုင်ကြာမှုအရ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီ ကျော်ခန့်က ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် (၆၀) ရှိ The World Wide KTV ဆိုင်သည် ကိုဗစ်ကာလ ဖြစ် သော်လည်း တိတ်တဆိတ် ဖွင့်လှစ်လုပ်ကိုင်လျက်နေရှိသဖြင့် သွား ရောက်စစ်ဆေးပေးရန် ရပ်ကွက်နေပြည်သူတ ချို့ က အနောက်ပိုင်းခရိုင် အုပ် ချုပ်ရေးမှူး ဦးမိုးဇော်စိုးထံ ဖုန်းဖြင့်အကြောင်းကြားလာခဲ့တာကြောင့် အနောက် ပိုင်းခရိုင် အုပ် ချုပ်ရေးမှူး ဦးမိုးဇော်စိုး၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဇော်လင်း၊ ဗဟန်းမြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိန်ကြည်၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လွင်နှင့်အဖွဲ့မှ အဆိုပါ KTV ဆိုင်အား သွားရောက်စစ် ဆေးခဲ့ကြတာပါ။

စစ်ဆေးရာတွင် KTV ဆိုင် မန်နေဂျာဦးအေးထွန်းအား တွေ့ရှိရပြီး ဆိုင်အောက်ထပ်ရှိ အခန်း (၈) ခန်းအနက် အခန်း (၈) နှင့် အခန်း (၉) တို့တွင် စားသောက် လက်စ ပန်ကန်များ၊ ဖန်ခွက်များ၊ ဘီယာပုလင်းများအား တွေ့ရှိရ သဖြင့် လိုက်လံရှာဖွေရာ အပေါ်ထပ် အလုပ်သမားနားနေခန်းတွင်း ပုန်းအောင်းနေသည့် စားသောက် ပျော်ပါး နေ သူများအား ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများထဲမှ KTV ဆိုင် မန်နေဂျာ ဦးအေးထွန်း (က) ဦးအေးထွန်း (၅၂)နှစ်၊ ရန်ကင်းမြို့နယ်နေသူအား ဗဟန်း မြို့မရဲစခန်းမှ (ပ) ၁၁၅၆/ ၂၀၂၀၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့်လည် အရေးယူဆောင်ရွက် ထားကြောင်း သိရပြီး  COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရောဂါကူးစက်မှု တားဆီးနိုင်ရန်အ လိုငှာ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား တမင်ဖောက်ဖျက်ကျူး လွန်၍ The World Wide KTV ဆိုင်တွင် လူစုလူဝေးဖြင့် သောက်စားသီဆိုခြင်းများ ပြုလုပ်ကြသည့်ဧည့်သည် အောင် ဇော်ဦး (၄၀) နှစ်၊ ကျော်ထွန်း (၂၂) နှစ်၊ ဝေမျိုးဦး (၃၃) နှစ်၊ စိုင်းလိန်တွင်ခမ်း (၃၀)နှစ်နှင့် ယမင်း (၂၈) နှစ်၊ ဆည်း ဆာ (၂၆)နှစ်၊ မို့မို့စိုးအောင် (၃၇)နှစ်၊ဇင်ဇင်သိုက် (၂၇)နှစ် စုစုပေါင်း (၈) ဦးတို့အား ဗဟန်းမြို့မရဲစခန်းမှ (ပ) ၁၁၅၇/၂၀၂၀၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

<span;>Photo – The World Wide KTV FB


Spread the love
  •  
  •  
  •  
  •  
  •  
  •