ဗဟိုဘဏ်ဥက္ကဌအပါအဝင် ဒုတိယဥက္ကဌများနှင့်အဖွဲ့ဝင်များ၏ ငွေရေးကြေးရေးဆိုင်ရာ စာချုပ်များ တရားဝင်ဖြစ်ပါသလား ?

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဗဟိုဘဏ်ဥက္ကဌအပါအဝင် ဒုတိယဥက္ကဌများနှင့်အဖွဲ့ဝင်များ၏ ငွေရေးကြေးရေးဆိုင်ရာ စာချုပ်များ တရားဝင်ဖြစ်ပါသလား ?

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟူ၍ ဖွဲ့စည်း၍ ဗဟိုဘဏ်ဥက္ကဌ၊
ဒုတိယဥက္ကဌ(၂)ဦးနှင့် အဖွဲ့ဝင်(၂)ဦးတို့ကိုခန့်ထားခြင်းအား၊
အောင်လင်းဒွေး၊ဒုတိယဗိုလ်ချုပ်ကြီး၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
ဟုထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်၊
ပထမ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ရှင်းပြပါရစေ၊
(၁) (၂.၂.၂၀၂၁) နေ့ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်တစ်ရပ်ထုတ်ပြန်လိုက်သည့် ဒုတိယသမ္မတဦးမြင့်ဆွေမှ ယာယီသမ္မတ ဟုထုတ်ပြန်မူသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၄၁၇) နှင့်လုံးဝမညီပါ၊
(၂) ပုဒ်မ(၄၁၈) ဖွင့်ဆိုချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏
ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုလွဲအပ်ရာတွင်၊
(၃) ပုဒ်မ(၄၁၉) အရ ဥပဒေပြုရေးအာဏာကိုမိမိကိုယ်တိုင်ဖြစ်စေ၊မိမိကိုယ်တိုင်ပါဝင်သည့်အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်၊
အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကိုသင့်လျော်သည့်အဖွဲ့အစည်းတစ်ရပ်ရပ်ကိုဖွဲ့စည်း၍ဖြစ်စေ၊သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေလွဲအပ်ကျင့်သုံးနိုင်သည်၊
ယခုလိုအကျဉ်းဖော်ပြရခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အားပေးထောက်ခံလို့ရေးသားခြင်းမဟုတ်ပါ၊
ဖွဲ့စည်းပုံဖွင့်ဆိုချက်များတွင်
ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊အဖွဲ့အစည်းများ၊
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ၊
ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့၊ဥက္ကဌ၊ဒုတိယဥက္ကဌသုံးဦး၊အဖွဲ့ဝင်ငါးဦး(ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ)၊
စသည်တို့အား ရွေးချယ်ခံသမ္မတကသာလျှင် ပြည်ထောင်စုလွတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရမှာသာဖြစ်ပါတယ်၊

မည်သို့သောအရေးပေါ်ဘဲဖြစ်ပါစေ၊
အဆိုပါ အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များအား
ကာကွယ်ရေးဦးစီးချုပ်မှ
ဖွဲ့စည်းခန့်အပ်တာဝန်ပေးနေသည်မှာ
သူတို့ပြောပြောနေတဲ့ ဥပဒေနဲ့အညီဆိုသည်ကို သံသယဖြစ်ကာ မိမိတို့ပြည်သူပြည်သားများက စိုးရိမ်မူများ ပိုတိုးလာရပါတယ်၊
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ၊
ပုဒ်မ(၄၁၀)မှ ပုဒ်မ(၄၃၂) အထိရှိပါသော်လည်း ကာကွယ်ရေးဦးစီးချုပ်သည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊
ဗဟိုဘဏ်ဥက္ကဌ၊ဒုတိယဥက္ကဌများ၊အဖွဲ့ဝင်များကို ခန့်ထားပိုင်ခွင့်ရှိသည်ဟူသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖွင့်ဆိုပြဌာန်းထားမူလုံးဝမရှိပါပေ၊
၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၄၁၇) အရအမိန့်ထုတ်ပြန်မူကအစပြုကာ၊
အဓမ္မနည်းများဖြင်နိုင်ငံတော်အာဏာကို ရယူရန်ဆောင်ရွက်ခြင်းသည် ဘယ်အဖွဲ့အစည်း၊
လူပုဂ္ဂိုလ်တွေလည်းဆိုတာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ နိုင်ငံတစ်ကာနဲ့မိမိတို့ပြည်သူများစွာက
သိနေကြပါတယ်၊
၎င်းတို့၏ လုပ်ဆောင်မူတိုင်းလိုလိုသည် ၎င်းတို့စဉ်ဆက်မပြတ်ပြောဆိုနေသော ဖွဲ့စည်းပုံနှင့်အညီဟူသည်မှာ သံသယ ဖြစ်ဖွယ်ပင်ဟု လေ့လာ သုံးသပ် မှတ်ယူရပါတယ်၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊
ပုဒ်မ(၃၉) ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မူသတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက်ထုတ်ပြန်ကြေညာရမည်၊

ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ ၊
ပုဒ်မ(၄၇) ဗဟိုဘဏ်သည် ငွေရေး ကြေးရေး စျေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များရောင်း ဝယ်သည်ံနည်းလမ်းများကိုအသုံးပြုရာ၌ အောက်ပါတို့ကို ဝယ်ယူခြင်း၊
ရောင်းချခြင်း၊ လျှော့နူန်းဖြင့်လဲလှယ်ခြင်းနှင့် တစ်ဆင့်လျှော့နူန်းဖြင့် လဲလှယ်ခြင်းတို့ကိုဆောင်ရွက်နိုင်သည်၊
(က) ငွေပေးအမိန့်လက်မှတ်များနှင့်ငွေပေးကတိများ၊
(ခ) အများပြည်သူသို့ ထုတ်ဝေရောင်းချထားသော ငွေချေးသက်သေခံလက်မှတ်များ၊ သို့မဟုတ် အစိုးရအဖွဲ့က ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့်အခြားငွေချေးသက်သေခံများ၊
(ဂ) ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေရေး ကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများ၊
ပုဒ္မ(၄၈/၄၉/၅၀/၅၁/၅၂ )၊
ပုဒ်မ(၅၃) ဗဟိုဘဏ်သည် ယင်း၏ရည်ရွယ်ချက်များပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အခြားသင့်လျော်သော
ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများကို သတ်မှတ်အသုံးပြုနိုင်သည်၊
ယင်းသို့သတ်မှတ်ရာတွင် ဒါရိုက်တာအဖွဲ့ဝင်အများစု၏ သဘောတူညီချက်ဖြင့်သာ သတ်မှတ်ရမည်၊

ယခုကာလတွင် ငွေရေး ကြေးရေးဆိုင်ရာစာချုပ်များအား ဗဟိုဘဏ်မှရောင်းချမည်ဟု သတင်းများကြားနေကြရပါတယ်၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ရယူသုံးပိုင်ခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၄၁၉) အရ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာများကိုသာ သင့်လျော်သည့်အဖွဲ့အစည်းတစ်ရပ်ရပ်ကိုဖွဲ့စည်း၍ဖြစ်စေ၊
သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွဲအပ်ဆောင်ရွက်စေနိုင်သည်၊
ဟုသာဖွင့်ဆိုပြဌာန်းထားပြီး၊
ငွေရေး ကြေးရေးဆိုင်ရာ ဆုံးဖြတ်လုပ်ပိုင်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၄၁၉) တွင်ဖွင့်ဆိုပြဌာန်းထားမူမရှိသည့်အပြင်၊
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များမှာလည်း လုံးဝမပါရှိပေ၊
ထို့အပြင် (၃.၂.၂၀၂၁) ရက်နေ့တွင် ဗဟိုဘဏ်ဥက္ကဌ၊
(၅.၂.၂၀၂၁) ရက်တွင် ဗဟိုဘဏ်ဒုတိယဥက္ကဌ နှစ်ဦးနှင့်
(၁၁.၂.၂၀၂၁) ရက်တွင် အဖွဲ့ဝင်နှစ်ဦးတို့ကို
ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သတင်းစာတွင်ထုတ်ပြန်ကြေညာမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်ညီပါသည်ဟူ၍ ညွန်းဆိုလို့မရပါဟုယူဆရပါတယ်၊
ဒါ့အပြင် ဗဟိုဘဏ်မှ(၁၁.၂.၂၀၂၁) ရက်နေ့မှယနေ့အထိ ငွေရေး ကြေးရေးဆိုင်ရာကိစ္စများကိုလည်းနိုင်ငံပိုင်သတင်းစာများ၌၊
ဗဟိုဘဏ် တာဝန်ခံမူနှင့်သတင်းထုတ်ပြန်မူ၊
ပုဒ်မ(၃၉) နဲ့အညီ၊
အများပြည်သူကိုသိရှိစေရန်ထုတ်ပြန်ကြေညာမူများကိုမတွေ့ရပါ၊
ယခု(၁၆.၂.၂၀၂၁) နေ့တွင် ဗဟိုဘဏ်မှ ကျပ်ဘီလီယံ(၂၀၀)တန်ငွေတိုက်စာချုပ်များရောင်းချနေသည်ဟု ကြားသိရပါတယ်၊
ဥပဒေအရ မိမိအား လုပ်ပိုင်ခွင့်ပေးအပ်ထားမူမရှိသော နိုင်ငံတော်ပိုင် ငွေရေး ကြေးရေးစာချုပ်များအားရောင်းချမူသည် ငွေရေး ကြေးရေးဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများကျူးလွန်ရာရောက်တတ်ပါတယ်၊
ဤ့ အပြင် နိုင်ငံတော်ပိုင်ငွေကြေးများသည်လည်း များစွာ ဆုံးရှုံးနစ်နာနိုင်ပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၃၈)(က)နဲ့အညီ၊ပေးထားသော –
ပြည်သူ့ဆန္ဒမဲများ အချီးနှီးမဖြစ်စေရ၊
ပြည်သူ့အာဏာ ပြည်သူ့ထံသို့ပြန်လည်ရောက်ရှိစေရမည်၊

အကျဉ်းရုံးသာရေးသားတင်ပြမူဖြစ်ပါတယ်၊

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၁၆.၂.၂၀၂၁)………


Spread the love
  •  
  •  
  •  
  •  
  •  
  •