✍️ #ဗိုလ်ချုပ်မွေးနေ့အက်ဆေး
=====================
(သန်းချီတဲ့ဂျပန်စစ်တပ်ကြီးကိုပြည်သူ့အင်အားနဲ့အနိုင်တိုက်ခဲ့သူ)
ကျနော့်ဘဝမှာအလေးစားဆုံး နိုင်ငံခေါင်းဆောင်ဟာ “ဗိုလ်ချုပ်အောင်ဆန်းပါ”
ဖက်ဆစ်ဂျပန်တွေကိုတော်လှန်ချိန်မှာ #မဖြစ်နိုင်ဘူးလို့ထင်ရတဲ့တော်လှန်ရေးကို မဖြစ်ဖြစ်အောင်လုပ်ပြသွားခဲ့တယ်။
အဲ့ဒီတုန်းကအခု CDM ထက်အများကြီးခက်ခဲတယ်။ ဖြစ်နိုင်ခြေနည်းတယ်။ အားလုံးအသတ်ခံရမယ့်အရေး။
ဂျပန်ကိုတော်လှန်ရတာဟာ ကိုယ်ပါရင် မိသားစုဝင်တွေအသက်အန္တရာယ်ထိခိုက်မှာကိုပါ သေအောင်ကြောက်ရပါတယ်။
အခုခေတ်လိုအလုပ်ပြုတ်မှာလောက်ကြောက်ရတာမျိုးမဟုတ်ဘူး လက်သည်းခွံခွာပြီး မသေမရှင်နှိပ်စက်ခံရမယ့်အန္တရာယ်မျိုးအထိတုန်နေအောင်ကြောက်ရတာ။
အဲ့ဒီအချိန်မှာ #မြန်မာလူမျိုးတွေကြောက်ခဲ့သလားလို့❓မေးရင် လုံးဝမကြောက်ခဲ့ပဲတတိုင်းပြည်လုံး Facebook မရှိ၊ အချိတ်အဆက်မရှိ၊ ဘာအင်တာနက်မှမရှိပဲ ဗိုလ်ချုပ်ရဲ့စကားတစ်ခွန်းနဲ့ ညီညီညာညာတော်လှန်ခဲ့ကြတာပါ။
ဖက်ဆစ်ငပုတော်လှန်ရေးကာလမှာ ဗိုလ်ချုပ်ကကိုယ်ယောင်ဖျောက်ပြီးပြည်သူတွေနဲ့အတူဝင်တိုက်ခဲ့ရတာပါ။
ဗိုလ်ချုပ်ဆီကဘာသတင်းစကားမှမကြားရလည်း ပြည်သူတွေကကိုယ့်တာဝန်ကိုယ်ကျေအောင် အနီးစပ်ဆုံးရန်သူကိုရှာပြီး ရရာလက်နှက်နဲ့တိုက်ပွဲဝင်ခဲ့ပါတယ်။
အသေအချာလေ့ကျင့်ပေးထားတဲ့ စစ်ရေးဝနေတဲ့ ဂျပန်တပ်ကြီးကိုတိုက်ရာမှာ ဘာစစါသင်တန်းမှသေချာမတက်ခဲ့ရတဲ့ ပြည်သူတွေက စိတ်ဓာတ်အင်အားနဲ့အနိုင်ဆက်တိုက်သွားတာပါ။
သူတို့မှာတစ်ခုပဲရှိတယ် ငပုတွေကိုအမြစ်ပြတ်ချေမှုန်းမယ်။ ဒါမှဒီလိုဖက်ဆစ်စနစ်ဆိုးရန်က ကိုယ့်မိသားစုကိုတကယ်ကာကွယ်နိုင်မယ်။
ဒါပဲ။
ဂျပန်တော်လှန်ရေးအောင်မြင်ရခြင်းမှာ ပြည်ပအကူအညီပါတယ်ဆိုပေမယ့် တကယ်တော်လှန်သွားတာက ပြည်တွင်းအားနဲ့ပါ။
ဂျပန်ငပုစစ်တပ်ကြီးဆိုတာ အသေအကျေနောက်မဆုတ်ပဲကာမိကာဇဲတိုက်တဲ့ စစ်ဘီလူးတပ်၊ အရက်စက်အကြမ်းကြုတ်ဆုံး လူသတ်ဖို့ဝန်မလေးတဲ့စစ်တပ်မျိုး။
ဒါတောင်မြန်မာ့ပြည်သူလူထုရဲ့ပျောက်ကြားတော်လှန်ရေးအောက်မှာ ကျရှုံးရပါတယ်။
ကြာတော့စိတ်ဓာတ်မာတယ်ဆိုတဲ့ ဂျပန်ငပုတွေသွေးပျက်လာပါတယ်။ ပြည်သူတွေရှီတဲ့ရပ်ရွာတွေကိုရှောင်ကွင်းလာရပါတယ်။
ဂျပန်စစ်တပ်ကစစ်တိုက်တဲ့ဗျူဟာကျွမ်းကျင်တာဟာ တောထဲတောင်ထဲမှာပါ။ မြို့ထဲရွာထဲကပြည်သူလူထုရဲ့တော်လှန်ရေးကျတော့ သူတို့နယ်မဟုတ်လို့ အရေးမလှပါဘူး။
မြို့ထဲရွာထဲဆိုတာ ပြည်သူလူထုရဲ့နယ်ပါ။ စစ်တို့ရဲ့သဘောမှာ ကိုယ့်နယ်မြေမှာကိုယ်သာလေ့ရှိပါတယ်။
မြို့ထဲရွာထဲကိုဝင်တာနဲ့ ပြည်သူလူထုကစိတ်ဓာတ်ရေးရာအရကို သာပါတယ်။ #ပြည်သူကျောထောက်နောက်ခံမရှိတဲ့တပ်ကစိတ်ဓာတ်အလိုလိုကျပါတယ်။
နောက်တစ်ခုသိထားရမှာက ဂျပန်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုဂျပန်ငပုတွေဖမ်းသွားပြီ ဆိုတဲ့သတင်းတွေပလူပျံအောင်နေ့တိုင်းထွက်ပါတယ်။
ပြည်သူလူထုဟာ #ဗိုလ်ချုပ်ရှိရှိမရှိရှိအောင်ပွဲရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့အနိုင်တိုက်ခဲ့တာပါ။
ထပ်ပြောပါမယ်။
ပြည်သူလူထုဟာ ဗိုလ်ချုပ်ရှိရှိမရှိရှိအောင်ပွဲရအောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့အနိုင်တိုက်ခဲ့တာပါ။
အဲ့လိုစိတ်ပြတ်သားအောင် ဘာဆက်လုပ်ရမယ်ဆိုတာ ဗိုလ်ချုပ်က စစ်မထွက်ခင်အတိုဆုံးမှာကြားခဲ့ပါတယ်။
”ရဲဘော်တို့…
အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင် ကိုထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ် မယ်၊ အခက်အခဲတွေ နဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြပါ။
အထက် ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက် ဗိုလ်တွေကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိ ပေး ထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်။
ဗမာ့ရန်သူကို ချေမှုန်းကြ။
အနီးကပ်ဆုံး ရန်သူကိုရှာပြီး တိုက်ကြ။
ဒါပဲ…။”
၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်(စနေနေ့) နံနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားခဲ့တဲ့ အတိုဆုံးနှင့် ရှင်းလင်းထိရောက်ဆုံး စစ်ထွက်မိန့်ခွန်းပါ။
ကျနော်တို့မြန်မာပြည်သူပြည်သားတွေဟာ အဆိုးဝါးဆုံးစစ်တပ်ကြီးကိုတောင် အနိုင်တိုက်ခဲ့တဲ့ မြန်မာမျိုးဆက်တွေဟာ အသက်အန္တရာယ်မရှိတဲ့ CDM လောက်တော့ #မြန်မာမှန်ရင်အနိုင်မတိုက်နိုင်စရာ အကြောင်းမရှိဘူးလို့မြင်ပါကြောင်း။
“#ဓမ္မသည်အဓမ္မကိုအနိုင်ရစမြဲဖြစ်သည်။”
ယနေ့ကျရောက်တဲ့ဗိုလ်ချုပ်မွေးနေ့ကိုဤစာစုဖြင့်ဂုဏ်ပြပါတယ်။
ဗိုလ်ချုပ်မြင်ချင်ခဲ့တဲ့မြန်မာတွေစည်းလုံးညီညွတ်မှု၊ အပင်ပန်းဆင်းရဲခံနိုင်မှုနဲ့ မျိုးဆက်သစ်တို့အတွက်စွန့်လွှတ်အနစ်နာခံနိုင်မှုတို့ကို ပြကြပါ။
ကြိုက်သလို Share ပါ၊ Copy ယူပါ Credit ပေးစရာမလိုပါ။
“သင့်မိသားစုအနာဂတ်ရေးအတွက် CDM မှာသာပါဝင်ကူညီပါ။”
ဂျပန်တော်လှန်ရေးကိုမမီလိုက်ပေမယ့် CDM မှာပါဝင်ခြင်းဖြင့် သင့်မျိုးဆက်သစ်သားမြေးတွေကို #ပြန်ပြောစရာသူရဲကောင်းပုံပြင်တစ်ပုဒ်ရမှာပါ။
“နောက်တစ်ခါနေဘယ်တော့ထွက်မလဲကျနော်ကြည့်နေပါတယ်။”
“ခင်ဗျားတို့နောက်ဆုတ်မယ်ကြံတိုင်း ဂျပန်ငပုကိုဘယ်လိုအနိုင်တိုက်ခဲ့သလဲမမေ့ပါနဲ့။”
✊