ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်များအား လေ့လာ ဖတ်မှတ်ကြရင်း…မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ဆီသို့… အပိုင်း(၁)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာကြားမူများအား လေ့လာ ဖတ်မှတ်ကြရင်း…..
မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ဆီသို့…..
အပိုင်း(၁)

ဗိုလ်ချုပ်အောင်ဆန်း မိန့်မှာချက် မိန့်ခွန်းများအား မိမိတို့တိုင်းရင်းသား ပြည်သူ နိုင်ငံသားများမှ သိမြင် သုံးသပ်လာ ပါစေရန် ဖော်ပြအပ်ပါသည်၊

(၁၉၄၇)ဧပြီလ တောင်တွင်းကြီးမြို့ ရွှေအင်းတော်ဘုရားတွင် ပြောကြားခဲ့သော မိန့်ခွန်းများမှကောက်နူတ်ချက်များ…..

အခု ဗမာပြည်မှာ ချင်း၊ကရင်၊ကချင်၊ရှမ်း ဆိုတာတွေနဲ့ ဗမာတွေ ညီညွတ်နေကြပြီ၊
ဒါပေမဲ့ ဗမာအချင်းချင်းဖြစ်တဲ့
စားဖားကြီးတွေသာ ကျုပ်တို့နဲ့ မညီညွတ်နိုင်ဘဲ ကျုပ်တို့ကို ကလန် ကဆန်လုပ်နေတယ်၊
သူတို့ဟာ အရင် မင်းတိုင်ပင် လုပ်ဖူးလို့
“ကောင်းမှန်းသိ၊သာအိ တစိုစို ” ဖြစ်နေကြတယ်၊
ကျုပ်နောက်ဆုံးတိုတိုဘဲပြောမယ်၊
ခင်ဗျားတို့ ကျွန်သက်တိုချင်ရင် ဖဆပလ အဖွဲ့ဝင်တွေကို မဲပေးကြ၊
ကျွန်သက်ရှည်ချင်ရင် အခုပြောတဲ့
စားဖားကြီးတွေကို မဲပေးကြပေတော့။

(၁၉၄၇)ဧပြီလ(၁၇)ရက် မြန်မာနှစ်သစ်ကူးမိန့်ခွန်း မှကောက်နူတ်ချက် – —

ကျွန်တော်တို့ ဖဆပလ အစိုးရကို
အသရေပျက်မူကိုဖြစ်စေတဲ့ စကားမျိုးကလွဲလို့လို့ရှိရင် ဟုတ်တာ မဟုတ်တာ အပထားလို့
တရားဥပဒေအတွင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့ကို ဆဲချင်သလို ဆဲနိုင်တယ်၊
ခင်ဗျားတို့ ကျွန်တော်တို့ကို ဝေဖန်ချင်သလို ဝေဖန်နိုင်တယ်၊ မှန်မှန် / မမှန်မှန်၊
သို့သော်လည်း တရားဥပဒေက လွန်မြောက်တဲ့ ကိစ္စမျိုးဆိုရင် သည်းခံပြီးမနေနိုင်ဘူး၊
နောက်ပြီးတော့ ရထားတဲ့အာဏာကို
ခင်ဗျားတို့လက်ထဲ ပြန်ရောက်အောင်
ပရိယာယ်မျိုးတွေလုပ်ရင်တော့ ချရဦးမှာပဲဆိုတာ ကျွန်တော်ပြောချင်တယ်၊
အဲဒီတော့ အတိုက်အခံသမားတွေကို ကျွန်တော် တိတိ လင်းလင်း ပြောချင်တာက
ညစ်ပတ်မယ်တော့ မကြံပါနဲ့၊ တရားသဖြင့် ကျွန်တော်တို့ လက်ထဲက အာဏာကို လုနိုင်တဲ့ နည်းလမ်းအမျိုးမျိုးတွေးပြီးတော့ လုနိုင်ရင်လု၊ ယူနိုင်ရင်ယူ၊ ကျွန်တော်တို့ အခွင့်အရေးပေးမယ်၊ သို့သော်လည်း ညစ်ပတ်မယ်ဆိုပြီးတော့ တိုင်းပြည်မှောက်မှား အောင်
မတရားတာတွေကို လျှောက်ပြီးလုပ်နေမယ်၊
လူတွေကို အရမ်းမဲ့ သားပုပ်လေလွင့်
အကြည်ညိုပျက်အောင် အသရေပျက်အောင်
လုပ်မယ်ဆိုလို့ရှိရင်တော့ဖြင့် ကျွန်တော်တို့ သည်းခံပြီး မနေဘူးဆိုတာ တိတိလင်းလင်း
ပြောချင်တယ်။

သတင်းစာတွေကို ကျွန်တော်ပြောချင်တယ်၊
သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက အစိုးရလက်ထက်နဲ့
သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်၊
ကျွန်တော်တို့ဟာ ဘယ်လိုအစိုးရမျိုးလဲ၊
ဘာမှ အထွေအထူး ပြောစရာမလိုဘူး၊
အဲဒီတော့ ကျွန်တော်တို့ကို ထောက်ခံအားပေးနေတဲ့သတင်းစာတွေလည်းအားပေးကြ၊
ဒီလိုမဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံလုပ်ချင်တဲ့ သတင်းစာဆိုရင်လည်း သဘောအတိုင်းပဲ၊
ဒီလိုမှ မလုပ်လို့ ” ဆိတ်လစေ့” လုပ်ချင်ကြတဲ့ သတင်းစာတွေလည်း လုပ်ချင်လုပ်ကြပါ၊
သို့ပေမဲ့ အကြည်ညို တစ်ဦးနဲ့ တစ်ဦး ပျက်စေတဲ့ စကားမျိုး ၊တိုင်းပြည် ဆူပူအောင်၊ လူပ်ရှားအောင်၊ လှုံ့ဆော်တဲ့ စကားမျိုး၊
လိမ်လည် လှည်းဖျား ရေးသားတဲ့အရေးသားမျိုးဆိုရင် ကျွန်တော်တို့ သည်းခံမှာမဟုတ်ဘူးဆိုတာ တိတိလင်းလင်းပဲ သတိပေးပါရစေ။

အစိုးရအမူထမ်းတွေကိုလည်း ကျွန်တော်ပြောလိုတယ်၊ အစိုးရအမူထမ်းတွေဟာ တိုင်းပြည်နဲ့ လူထု အကျိုးကို ကျွန်တော်တို့အစိုးအဖွဲ့က ဆုံးဖြတ်တဲ့အတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်ပါ၊ အခုအစိုးရဟာ အရင်အစိုးရနဲ့ မတူဘူးဆိုတာ တိတိလင်းလင်း ပြောလိုတယ်၊ ဘယ်သူ့ကိုမှလည်း ခ, စရာမလိုဘူး၊
ကျွန်တော်တို့ ဖဆပလ က အရင်အစိုးရကို ဖော်လံဖားတဲ့ လူတွေကို ကျွန်တော်တို့ မလိုချင်ဘူး၊
ကျွန်တော်တို့ ဆိုင်ရာ ဝန်ကြီး တွေကို ဖော်လံဖား တဲ့စကားမျိုးတွေ၊ ဖော်လံဖားတဲ့ အလုပ်မျိုးတွေ ကျွန်တော်တို့မလိုချင်ဘူး၊
ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့လုပ်ငန်းတွေ၊
ကျွန်တော်တို့ ညွန်ကြားထားတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေ ကို တသွေမတိမ်းလိုက်နာပါ၊ လုပ်ပါ၊ ဒီလိုမှ မလုပ်ရင် ကျွန်တော်တို့က ဘယ်လောက်ကြီးတဲ့ လူကြီးပဲ
ဖြစ်ဖြစ် နှိပ်မှာပဲ၊ ချမှာပဲ ဆိုတာတော့ ထောင်မင်းကြီးကိစ္စမှာ အားလုံးသိကြမှာပါ၊
အဲဒီတော့ အစိုးရအမူထမ်းတွေကို တိတိလင်းလင်းပြောချင်တာက ကိုယ့်တာဝန်
ကိုယ်ကျေပြွန် အောင်လုပ်ပါ၊
ဖဆပလ အစိုးရတက်နေလို့ ဒီအဖွဲ့မှာပါတဲ့
ပြည်သူ့ ရဲဘော် တပ်ဖွဲ့ဝင်တွေကို အရမ်းမဲ့
ကြောက်ဖို့မလိုပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း၏ မိမိတို့တိုင်းပြည်အား မှာကြား ခဲ့သော မိန့်ခွန်း ကောက်နူတ်ချက်များအား ဖတ်ရူ လေ့လာ မှတ်သား
ကြရင်း မိမိတို့နိုင်ငံ အထွေထွေရွေးကောက်ပွဲကျင်းပမည့် (၂၀၂၀)ခုနှစ် ၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် မိမိတို့ ပြည်သူအားလုံးမှ မိမိတို့တစ်ဦးခြင်း၏ အခွင့်အာဏာများကို
အသုံးပြု ကြကာ ဆန္ဒမဲများပေးကြဖို့ မဲရုံများဆီသို့…..
တက်တက်ကြွကြွသွားရောက် မဲပေးကြပါစို့၊

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (14.7.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •