ဗိုလ်တထောင်စေတီတော်ကြီး ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်တာဖြစ်ပြီး ဘာသာရေးပွဲတော် ကျင်းပခဲ့တာမဟုတ်ပဲ ဘုရား၊တန်ဆောင်းတွေပြုပြင်ဖို.အတွက် ဆင်းတုတော်၊ရုပ်ပွားတော်တွေကို ခေတ္တနေရာရွှေ.ပြောင်းရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပါဝင်ဆောင်ရွက်ခဲ့တာသာဖြစ်ပါတယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရှင်ဥပဂုတ္တ ရေချပူဇော်ပွဲနဲ့ပတ်သက်လို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဝေဖန်သုံးသပ်ချက်တွေထွက်ပေါ်ခဲ့တာနဲ.ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို Yangon Nation က ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေလျော့ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအရ အခြား လုပ်ငန်းတွေ ပြန်စသလိုပဲ ဗိုလ်တထောင်စေတီတော်ကြီး ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်တာဖြစ်ပြီး
ဘာသာရေးပွဲတော် ကျင်းပခဲ့တာမဟုတ်ပဲ ဘုရား၊တန်ဆောင်းတွေပြုပြင်ဖို.အတွက် ဆင်းတုတော်၊ရုပ်ပွားတော်တွေကို ခေတ္တနေရာရွှေ.ပြောင်းရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပါဝင်ဆောင်ရွက်ခဲ့တာသာဖြစ်ပါတယ်၊ ဥပဒေမဲ့ ဆောင်ရွက်ခြင်းမျိုးကို ကျနော်တို့ အစိုးရအဖွဲ့က လုံးဝဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး လို.ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ မေ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ ရှင်ဥပဂုတ္တ ရေချပူဇော်ပွဲကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေနဲ့ အညီ ဗိုလ်တထောင်ဘုရားဘက်စုံ ပြုပြင်မွန်းမံရေး အကြိုလုပ်ငန်းစဉ်တရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

#YangonNation


Spread the love
  •  
  •  
  •  
  •  
  •  
  •