ဗီယက်နမ်လိုအရှေ့တောင်အာရှနိုင်ငံတွေဟာ Covid-19 #ရောဂါပိုးခံနိုင်ရည်ရှိနေသလား⁉️
အာရှမှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ #SARS_နဲ့ဆင်တူတဲ့ဗိုင်းရပ်စ်ပိုးပြန့်နှံ့ဖူးတဲ့နိုင်ငံတွေရှိလူထုကြားမှာ Covid-19 နဲ့ပတ်သက်လို့ #ရောဂါပိုးခံနိုင်ရည်များရှိနေမလားဆိုတဲ့ စူးစမ်းမှုပြုလုပ်နေကြပါတယ်။
သဘောကတော့ ဗီယက်နမ်လိုနိုင်ငံဟာ Covid-19 နဲ့ပတ်သက်လို့ တကယ်ပဲ ကံကောင်းနေသလား၊ ရောဂါပိုးအတန်ငယ်ပြီးနေသလားဆိုတာကို သိချင်နေကြပါတယ်။
🇬🇧 ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်ကဆေးပညာပါမောက္ခ Professor John Bell လို ပညာရှင်အချို့က ဗီယက်နမ်အနေနဲ့ Covid အကြီးအကျယ်မဖြစ်ခဲ့ဘူးဆိုတာက ရောဂါပိုးခံနိုင်ရည်ရှိနေတာဖြစ်နိုင်တယ်လို့ တွေးနေကြတာဖြစ်ပါတယ်။
Sars လို ဗိုင်းရပ်မျိုးလူတွေကြားမှာ ပုံမှန်ရှိဖူးနေတဲ့ ဒေသတွေမှာ သဘာဝရောဂါခံနိုင်ရည်ရှိလာတယ်လို့ ယူနေကြတာဖြစ်ပါတယ်။
ဟိုချီမင်းမြို့ရှိ အောက်စဖို့တက္ကသိုလ်သုသေသနဌာနက Professor Guy Thwaites ရဲ့အပြောအရတော့ ဗီယက်နမ်ရဲ့ Covid အကြီးအကျယ်မဖြစ်ခဲ့မှုဟာ အာဏာပိုင်တွေရဲ့ နိုးကြားတက်ကြွတဲ့ လက်မြန်မှုကြောင့်လို့ ဆိုပါတယ်။
အထူးသဖြင့် quarantine အမြန်လုပ်ပြီး quarantine လုပ်ရာမှာလည် သေသေချာချာ တိတိကျကျ လုပ်နိုင်ခဲ့လို့ပါတဲ့။
ဗီယက်နမ်ဟာ တကယ်ပဲလက်မြန်ခဲ့ပါတယ်တဲ့။
#စဖြစ်ဖြစ်ခြင်းပဲ တိုင်းပြည်အတွင်းဝင်လာတဲ့လူတွေကို လိုက်လံရှာဖွေပြီး သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေကိုပါ quarantine ဝင်ခိုင်းခဲ့ပါတယ်။
စုစုပေါင်း လူနှစ်သိန်းလောက်ကို quarantine ဝင်ခိုင်းခဲ့တာပါ။
Professor Guy Thwaites ကတော့ အခုလို Covid ရောဂါပိုးကို ခံနိုင်ရည်ရှိတယ်ဆိုတာမျိုးက အနုမာနအယူအဆသာလျှင်ဖြစ်ပါတယ်တဲ့။
(အနုမာနအယူအဆ = စိတ်ကူးသက်သက်သာရှိသေးပြီးလက်တွေ့သက်သေမပြနိုင်သေးသောအယူအဆ။)
Professor Guy Thwaites က ဆက်ပြောတာက ဒါဟာ အနုမာနအယူအဆဆိုပေမယ့်လည်း တကယ်ဟုတ်မဟုတ် ကျနော်တို့လေ့လာကြည့်လို့ ရနိုင်ပါတယ်တဲ့။
ဖြစ်နိုင်တဲ့ အယူအဆတစ်ခုပါပဲတဲ့။
🇸🇬 စင်ကာပူက သိပ္ပံပညာရှင်တွေကလည်း အဲ့ဒီအယူအဆမှန်မမှန် လေ့လာနေကြပါတယ်။
ကျေးလက်နယ်အချို့မှာ ရောဂါခံနိုင်အားမြင့်နေနိုင်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့အသေအချာလေ့လာနေပါတယ်လို့ Professor Antonio Bertoletti မှ ဆိုလိုက်ပါတယ်။
Professor Antonio Bertoletti ဟာ စင်ကာပူနိုင်ငံ Duke-NUS Medical School မှ ကူးစက်ရောဂါဆိုင်ရာ အထူးကျွမ်းကျင်သူဖြစ်ပါတယ်။
Professor Antonio Bertoletti ဦးဆောင်တဲ့အဖွဲ့ဟာ Covid-19 နဲ့ SARS ရောဂါမှ #ပြန်ကောင်းလာတဲ့သူတွေမှာ Virus-specific T cell immunity ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။
T cell နဲ့ antibodies တွေဆိုတာက ရောဂါပိုးဝင်တဲ့လူတွေမှာ လူရဲ့ကိုယ်ခံအားရဲ့တုန့်ပြန်မှုအစိတ်အပိုင်းတွေဖြစ်ပြီး ရောဂါပိုးကျရောက်နေတဲ့ ဆဲလ်တွေကို ဦးတည်ပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။
အခု Covid-19 ဖြစ်စေတဲ့ဗိုင်းရပ်စ်အမျိုးအစားဟာ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။
လူတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်မျိုးနဲ့ထိတွေ့မှုဟာ ကြာရှည်ခံတဲ့ memory T cell တွေကို ထွက်စေတယ်လို့ ဆိုပါတယ်။
အခုတွေ့ရှိမှုမှာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က SARS ဖြစ်ခဲ့သူအားလုံးမှာနဲ့ အခု SARS ရော Covid-19 ရောမဖြစ်ဖူးသေးတဲ့ လူတွေရဲ့ ၅၀ ရာနှုန်းမှယ T cell တွေတွေ့ရတဲ့အတွက် လူထုအတွင်းမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်ရှိနေတယ်လို့ ယူဆတာဖြစ်ပါတယ်။
#ဒါပေမယ့်ဒါဟာယူဆချက်သာဖြစ်နေသေးပါတယ်တဲ့။
Professor Antonio Bertoletti ဆက်ပြောတာက immunity ကိုယ်ခံအားရှိနေတိုင်းလည်း Covid-19 ရောဂါပိုးကနေကာကွယ်ပေးမယ်လို့ တထစ်ချပြောလို့မရသေးပါဘူးတဲ့။
T cell ရဲ့ ရောဂါကာကွယ်မှုစွမ်းအားကိုလည်း အသေအချာမသိသေးပါဘူးတဲ့။
ဒါဆိုဘာလို့လေ့လာမှုလုပ်နေသလဲဆိုရင် #သူတို့အနေနဲ့အကောင်းမြင်ယုံကြည်မှုရှိထားလို့ ဖြစ်ပါတယ်တဲ့။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်းသိအောင် ထပ်ပြောချင်ပါတယ်။
👉 T cell ဆိုတာ ရောဂါမဖြစ်အောင်ကာကွယ်ပေးတဲ့ ဆဲလ်တွေ မဟုတ်ပါဘူး။
👉 ရောဂါပိုး လူရဲ့ကိုယ်ထဲဝင်လာလို့ ရောဂါအကူးခံရတဲ့ဆဲလ်တွေကို ရောဂါပိုးထပ်ပြန့်မသွားအောင် ထိန်းချုပ်ပေးတဲ့ ဆဲလ်တွေသာဖြစ်ပါတယ်။
သဘောက #လူဟာရောဂါပိုးကိုခံနိုင်ရည်ရှိသွားတာဖြစ်ပါတယ်။
အဲ့ဒီတော့ ရောဂါပိုးကူးစက်ခံရရင် ဆိုးဆိုးဝါးဝါးမဖြစ်ပဲ၊ သူများကိုလည်း သိပ်မကူးစက်စေပဲ ရောဂါသက်သာပျောက်ကင်းသွားမယ်လို့ ယူဆထားပါတယ်။
ရောဂါပိုးရှိပြီးရောဂါလက္ခဏာမပြတဲ့ asymptomatic case တွေမှာ T cell တွေအတော့်ကို များပြားနေတာကို တွေ့ရပါတယ်။
ဒါဟာဘာကိုပြသလဲဆိုရင် အာရှရှိလူအချို့မှာ Covid-19 အပြင်းအထန်ခံစားရပြီး အချို့မှာ ဘာမှမဖြစ်သလောက်ခံစားရတာဟာ လူတွေအရင်တုန်းက ကိုရိုနာဗိုင်းရပ်စ်များကို ဘယ်လောက်ထိတွေ့ဖူးသလဲပေါ်မူတည်တယ်ဆိုတာနဲ့ ဆက်စပ်နိုင်ပါလိမ့်မယ်တဲ့။
ဒါပေမယ့် ကံကိုပုံပြီးဆူးပုံနင်းတာမခုပ်ကြပါနဲ့တဲ့။
ဗီယက်နမ်မှာ Covid ကို ထိန်းနိုင်တယ်ဆိုတာ အဓိကက ဗီယက်နမ်အစိုးရရဲ့ လက်မြန်မှုကြောင့်သာဖြစ်ပါတယ်တဲ့။
ဗီယက်နမ်အစိုးရဟာ #မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်လုပ်ခဲ့တာကို တွေ့ရပါတယ်တဲ့။
လူတွေ Covid အကြောင်းသိအောင် စောစောစီးစီးလှုံဆော်တယ်၊ mask တွေတပ်ခိုင်းတယ်၊ နယ်စပ်ကိုတင်းကျပ်စွာထိန်းချုပ်တယ်၊ ဝင်လာသူတွေကိုအကုန်လိုက်တယ်၊ ထိတွေ့သူတွေကို Q ဝင်ခိုင်းတယ်။
အရေးအကြီးဆုံးက အစောဆုံးနဲ့ အမြန်ဆုံးလုပ်ခဲ့တာပါပဲတဲ့။
ဒီနေရာမှာ ထပ်ဖြည့်ပြီးပြောလိုတာက…
▪️အာရှသားတွေမှာ Covid ခံနိုင်ရည်ပိုရှိတာအမှန်ပါပဲ။
▪️ဒါဟာ T cell ကြောင့်ဖြစ်နိုင်ပေမယ့် အခုထိ မသေချာသေးပါဘူး။
▪️အကယ်၍ တကယ်ပဲ T cell ကြောင့်ဆိုရင် Covid ရဲ့ လုပ်ငန်းခွင်အခင်းအကျင်းက တစ်မျိုးပြောင်းသွားပါလိမ့်မယ်။
▪️T cell ရှိမရှိ စစ်လာကြနိုင်ပါတယ်။
▪️အခုဗီယက်နမ်မှာ Covid ပြန်ဖြစ်နေတာမို့ အခြေအနေကို ကြည့်ရပါမယ်။
ပြီးခဲ့တဲ့အပတ်အထိ ဗီယက်နမ်လို တရုတ်ပြည်နဲ့ နယ်စပ်ခြင်းထိစပ်နေပြီး လူပေါင်း ၉၅ သန်းလောက်ရှိတဲ့ နိုင်ငံမှာ ၉၉ ရက်ကြာ #ပြည်တွင်းကူးစက်မှုလုံးဝမရှိအောင် ထိန်းထားနိုင်ခဲ့ပါတယ်။
အခုအချိန်မှာ အပမ်းဖြေကမ်းခြေရှိတဲ့ Da Nang မှာ ရောဂါပြန့်နှံ့မှုဖြစ်နေပါတယ်။
ဒီနေ့အထိ အယောက် ၆၂၀ တွေ့ခဲ့ပြီး ယနေ့ အယောက် ၃၀ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ပထမဦးဆုံး နှစ်ယောက်စတင်သေဆုံးခဲ့ကာ ယနေ့မှာ နှစ်ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်းသေဆုံးသူ ၅ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေယူဆထားတဲ့ လူတွေ Covid ခံနိုင်ရှိကောင်းရှိနိုင်တယ်ဆိုတဲ့အချက် မသေချာသေးခင် အထူးဂရုပြုပြီး စည်းကမ်းချက်များကို လိုက်နာသင့်ပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
2-Aug-2020