“ဗီယက်နမ် တိုင်ဖွန်းမုန်တိုင်းနောက်ဆက်တွဲသတင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ဗီယက်နမ် တိုင်ဖွန်းမုန်တိုင်းနောက်ဆက်တွဲသတင်း”

October 29, 2020ယ

တိုင်ဖွန်မုန်တိုင်းမိုလေ့(ဗ်)ကြောင့် မြေပြိုမှုများဖြစ်ပွါးခဲ့တာကြောင့် ဗီယက်နမ်အလယ်ပိုင်းမှာ၁၅ယောက်သေဆုံးသွားပြီး ၃၈ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ပြင်းထန်လွန်းတဲ့မိုးနဲ့လေပြင်းများကြောင့်
အိမ်ခေါင်မိုးများလန်ထွက်သွားပြီးလူဦးရေ
၁.၇သန်းရှိတဲ့ဒေသမှာဓာတ်အားပြတ်တောက်သွားတယ်လို့ ဒေသမီဒီယာကသတင်းဖော်ပြခဲ့ပါတယ်။
မြေပြိုမှုကြောင့်သေဆုံးသူ
အရေအတွက်ဟာ ၁၉ယောက်ရှိပြီး၊အနည်းဆုံး၆၄ယောက်ပျောက်ဆုံးနေပါတယ်။
တနာရီကို၁၅၀ကီလိုမီတာ(၉၃မိုင်)နှုန်း နဲ့
ဝင်ရောက်လာတဲ့တိုင်ဖွန်းမုန်တိုင်းကြောင့်
ဗုဒ္ဓဟူးနေ့က နစ်မြုပ်သွားတဲ့ငါးဖမ်းလှေနှစ်စီး
ပေါ်ကလှေသား၂၆ဦးလည်းအပါအဝင်
ဖြစ်ပါတယ်။
ဗီယက်နမ်အရာရှိတွေက အနှစ်၂၀အတွင်း
တိုင်းပြည်မှာတိုက်ခတ်ခဲ့တဲ့အပြင်းထန်ဆုံးမုန်တိုင်းတခုဖြစ်တယ်လို့ပြောပါတယ်။အခြားဒေသတွေမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံး ပျက်စီးမှုစာရင်းတွေအသေးစိတ်မသိရသေးလို့ သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ထပ်တိုး
လာနိုင်သေးတယ်လို့ဆိုပါတယ်။တောင်ဘက်အလယ်ပိုင်းကွာအန်နမ်ပြည်နယ်
က ထရာဗန်ကျေးရွာမှာ နေအိမ်တွေအပေါ်ကို တောင်ကုန်းပြိုကျလာခဲ့တာကြောင့် ကြာသပတေးနေ့မနက်ကကယ်ဆယ်ရေသမားတွေအလောင်း၈လောင်းတူးဖော်ရရှိခဲ့ပါတယ်။
မုန်တိုင်းဒါဏ်ခံရသူတွေဟာ လူစုလူဝေးနဲ့အုပ်စုလိုက်ခိုလှုံရာရှာခဲ့ကြရတယ်လို့ ဗီယက်နမ် သတင်းအေဂျင်စီက သတင်း
ဖော်ပြခဲ့ပါတယ်။
ထရာဗန်ကျေးရွာကနေ ၄၅ကီလိုမီတာ
(၂၈မိုင်) ခန့်ဝေးတဲ့ထရာလန်းကျေးရွာမှာ လူ
၄၅ယောက်နေထိုင်တဲ့အိမ်တွေ မြေပြိုမှုကြောင့် နစ်မြုတ်သွားခဲ့ ၄ယောက်သာအသက်ရှင်လွတ်မြောက်နိုင်ခဲ့
တယ်လို့ဆိုပါတယ်။ကယ်ဆယ်ရေးသမားတွေ
ဟာ အလောင်းတွေကိုရှာဖွေရာမှာ ၃လောင်းကိုရှာတွေ့ခဲ့ပြီး အခြားသူတွေကို
အသက်ကယ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေကြတယ်လို့ ဗီယက်နမ်သတင်းဌာနကပြောပါတယ်။
ကျေးရွာနှစ်ရွာမှာ အလောင်း၁၅လောင်းရှာဖွေတွေ့ရှိရပြီး၃၈
ယောက်ပျောက်ဆုံးနေတယ်လို့ နောက်ပိုင်းမှာ
အာဏာပိုင်တွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ထရာလန်းကျေးရွာမှာပျက်စီးတဲ့လမ်းတွေ
နဲ့ နောက်ထပ်မြေပြိုမှုတွေ ဖြစ်နေတာကြောင့်၊သွားလာဆက်သွယ်လို့မရသေးပါဘူး။အစိုးရရဲ့ သဘာဝဘေးအန္တရယ်တုန့်ပြန်
ကာကွယ်ရေးအဖွဲ့တွေက ​ နောက်ထပ်ကယ်ဆယ်ရေးသမားတွေ နဲ့ လေးလံတဲ့ပစ္စည်းကရိယာတွေကို ပို့ဆောင်ပေး
ဖို့ မြေညှိမြေတူးစက်တွေနဲ့ လမ်းပေါက်အောင်
ဆောင်ရွက်နေကြပါတယ်။
ဗီယက်နမ်နိုင်ငံဒုတိယ ဝန်ကြီးချုပ်
ထရင်န်ဒင် ဒန်း က စစ်သားများ ဘူဒိုဇါတွေနဲ့ မြေညှိနေတဲ့နေရာကို ရောက်လာခဲ့ပါတယ်။
အရာရှိတွေကို မြေပြိုမှုဖြစ်ပွါးခဲ့တဲ့ရွာတွေကို
တပ်ဖွဲ့တွေအလျှင်အမြန်စေလွှတ်ခိုင်းဖို့
အမိန့်ပေးခဲ့ပါတယ်။
“ကျွန်တော်တို့ မြေပြိုခဲ့တဲ့ရွာတွေဆီကို အမြန်ဆုံးနည်းနဲ့ ရောက်အောင်သွားရမယ်။
စက်ကြီးတွေမရောက်သေးခင် စစ်သားတွေကို
အရင်စေလွှတ်ပေးရမယ်။ရဟတ်ယာဉ်တွေအသုံးပြုတာတွေအပါအဝင်
ထိခိုက်ခံစားခဲ့ရတဲ့အရပ်ဒေသတွေကို ဘယ်
နည်းနဲ့မဆို ရောက်အောင်သွားရမယ်” သူက
ပြောပါတယ်။
ထရာလန်းနဲ့ထရာဗန်ကျေးရွာတွေဟာ အများဆုံးထိခိုက်ခဲ့တဲ့ ကွာအန်နမ် ပြည်နည်ရဲ့တောင်တန်းတွေမှာရှိပါတယ်။
ဒီလအစောပိုင်းတုန်းက ကမ်းရိုးတန်းဒေသမှာဖြစ်ပွါးခဲ့တဲ့ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်း၁၃၆ ယောက်သေဆုံးခဲ့ပြီး၊အိမ်ခြေရာပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့တာ
ကြောင့် ဒီဒေသကိုပြန်လည်ထူထောင်နေရဆဲ
ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကတိုင်ဖွန်းမုန်တိုင်း ကမ်းရိုးတန်း
ကိုဝင်ရောက်လာတဲ့အခါ၊သစ်ပင်တွေလဲကျပြီး
နေအိမ်တွေပြိုလဲကုန်တာကြောင့် ကွာအန်နမ်
နဲ့ ဂီအာလိုင် ပြည်နယ်တွေမှာ လူ၄ဦးသေဆုံးခဲ့ပါတယ်။ ဘင်ဒင်းပြည်နယ်အလွန်မှာ နစ်မြုပ်သွားတဲ့
ငါးဖမ်းလှေနှစ်စီးကို ကယ်ဆယ်ရေးသမားတွေရှာဖွေရာမှာ အသက်ရှင်ကျန်ရစ်သူ တဦးတယောက်မှ
မတွေ့ရသေးပါဘူး လို့သတင်းမီဒီယာက
ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ အိမ်ပေါင်း၅၆၀၀၀ရဲ့ခေါင်မိုးတွေကိုလွင့်ထွက်သွားအောက်တိုက်ခတ်ခဲ့ပြီး၊ ကွာအန် ငိုင် ပြည်
နယ်တခုလုံးကို မိုးမှောင်ကြီးကျ သွားစေခဲ့ပါတယ်။လူပေါင်း၁.၇သန်းဟာ မုန်တိုင်းရဲ့ရက်စက်ကြမ်းတမ်းတဲ့တိုက်ခိုက်မှုကို အမှောင်ထဲမှာ ညလုံးပေါက်ကြံ့ကြံ့ခံပြီး၊
ရင်ဆိုင်ခဲ့ကြရတယ် လို့ ဗီယက်နမ်သတင်းဌာန
ကပြောပါတယ်။
အနည်းဆုံလူပေါင်း၄၀၀၀၀ကျော်ကို
အရေးပေါ်ခိုလှုံရာနေရာတွေဆီ ဘေးကင်းအောင် ရွှေ့ပြောင်းပေးခဲ့ကြရပြီး၊အသေအပျောက်မရှိအောင် ရုံးတွေ၊စက်ရုံတွေ၊ကျောင်းတွေကို အာဏာပိုင်တွေက
ပိတ်ခိုင်းခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး၊ဗီယက်နမ်ကို ဝင်ရောက်မတိုက်ခတ်ခင် ဖိလစ်ပိုင် နိုင်ငံကိုအရင်ဝင်ရောက်ခဲ့ချိန်မှာ
အနည်းဆုံး၁၆ယောက်သေဆုံးသွားခဲ့တယ်လို့
သိရပါတယ်။
Ref:(AP) (ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှ
Associated Press သတင်းထောက် Jim Gomezကဒီသတင်းကိုရေးသားပါတယ်။)


Spread the love
  •  
  •  
  •  
  •  
  •  
  •